စင်္ကာပူနိုင်ငံမှာ အိမ်အကူ မဖြူဖြူမာကို ရေနွေးပူနဲ့ ကိုယ့်ကိုကိုယ် လောင်းခိုင်းမှုအပါအဝင် ကိုယ်ထိလက်ရောက် ကျူးလွန်မှု ၅ မှုနဲ့ ဓါတုဆေးရည်နဲ့ ကြမ်းတိုက်ထားတဲ့အရည်တွေကို အတင်းသောက်ခိုင်းမှုတို့နဲ့ အသက် ၃၉ နှစ်အရွယ် Linda Seah မှာအပြစ်ရှိတယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။
ဆီးရီးယားနိုင်ငံအတွင်းရောက်ရှိနေတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေ ပြန်ရုပ်သိမ်းမှုကို စတင်နေပါပြီ။ ဒါပေမယ့် စစ်သားတွေကို ပြန်ရုပ်သိမ်းသေးတာမဟုတ်ဘဲ စစ်သုံးပစ္စည်းကိရိယာတွေကိုပဲ စပြီးရုပ်သိမ်းမှာဖြစ်ပါတယ်။
အမေရိကန်တောင်ပိုင်းနယ်စပ်မှာ ဖြစ်နေတာတွေဟာ ကျူးကျော်မှုတရပ်ဖြစ်တယ်လို့ သမ္မတ Trump က သောကြာနေ့မှာ ပြောလိုက်ပြီး အစိုးရလုပ်ငန်းတချို့ ခေတ္တရပ်ဆိုင်းထားရတာကနေ ပြန်လည် လည်ပတ်နိုင်အောင် နယ်စပ်တံတိုင်းဆောက်ဖို့ စရိတ်ကို ယူတဲ့အနေနဲ့ နိုင်ငံတော်အရေးပေါ် အခြေအနေ ကြေညာမှာ မဟုတ်တဲ့အကြောင်းလည်း ပြောဆိုသွားပါတယ်။
မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်တဲ့ ယန်ဟီးလီဟာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကို ဇန်နဝါရီလ ၁၄ ရက်နေ့ကနေ ၂၄ ရက်နေ့ထိ သွားရောက်မှာ ဖြစ်ပါတယ်။
သတင်းထောက်တွေ ဖြစ်ကြတဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို နိုင်ငံတော်လျို့ဝှက်ချက် အက်ဥပဒေနဲ့ ထောင် ဒဏ် ၇ နှစ် စီရင်ချက်အတွက် အယူခံတင်သွင်းထားတာကို ရန်ကုန်တိုင်း တရားလွှတ်တော်က ဒီကနေ့ပဲ ပယ်ချလိုက်တဲ့အပေါ် သတင်းမီဒီယာ အဖွဲ့အစည်းတွေနဲ့ သံတမန်တွေက ပြစ်တင်ဝေဖန်လိုက်ကြပါတယ်။
အမေရိကန်နည်းပညာကုမ္ပဏီကြီးရဲ့ဝင်ငွေ ကျဆင်းမှုနဲ့ ကြိုတင်ခန့်မှန်းဝင်ငွေကလည်း အားတက် စရာ မရှိတာကြောင့် ဒီနေ့ သောကြာနေ့ အာရှအစုရှယ်ယာဈေးကွက်မှာ ဈေးတွေဆက်ကျဆင်း ခဲ့ပါတယ်။
နှစ်ပေါင်း ၃၀ အတွင်း အဆိုးဆုံး ဖြစ်မယ်လို့ ခန့်မှန်းထားတဲ့ Pabuk အပူပိုင်းမုန်တိုင်း ဒီကနေ့ ထိုင်းနိုင်ငံတောင်ပိုင်း ကုန်းတွင်းပိုင်းကို ဝင်ရောက်လာရာမှာ မိုး သည်းထန်စွာ ရွာသွန်းပြီး လေပြင်းတွေ တိုက်ခိုက်နေသလို ပင်လယ်ပြင်မှာလည်း လှိုင်းကြီးနေပါတယ်။
၂၀၁၈ ခုနှစ်ရဲ့ နိုင်ငံတကာက ဆန်တာဘိုးဘိုးကြီးတွေ ဘာလုပ်နေကြသလဲဆိုတာ ကြည့်ဖို့ သိဖို့ ဓာတ်ပုံပြခန်းလေး ဖြစ်ပါတယ်။
အာဖဂန်အတွက် အမေရိကန်ရဲ့ တပ်သားတွေ လျှော့ချမယ့်အစီအစဉ်တွေကို မမှုဘူးလို့ အာဖဂန် အစိုးရက ပြောဆိုနေပါတယ်။ အာဖဂန်လုံခြုံရေးတပ်ဖွဲ့တွေက ကိုယ့်နိုင်ငံကို ကိုယ်ကာကွယ်နိုင် တယ်လို့ အာဖဂန်အစိုးရက ပြောဆိုနေပါတယ်။
မက္ကဆီကို နယ်စပ်မှာ တံတိုင်းဆောက်ဖို့ အမေရိကန်သမ္မတ Trump တောင်းဆိုထားတဲ့ ဒေါ်လာ ၅ ဘီလျံကို ပေးဖို့ ယာယီအသုံးစရိတ်ဥပဒေကြမ်းကို ရီပါဘလစ်ကန်ဦးဆောင်တဲ့ အောက်လွှတ်တော်က အတည်ပြု လိုက်ပါတယ်။
နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ ဖေါက်ဖျက်မှုနဲ့ အဖမ်းဆီးခံနေရတဲ့ Reuters သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ အပြစ်မဲ့သူတွေဖြစ်ကြောင်းနဲ့ သူတို့အမှု စစ်ဆေး စီရင်တာနဲ့ပတ်သက်ပြီးလည်း ဗြိတိက အထူးစိုးရိမ်ပူပန်နေတယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Jeremy Hunt က မနေ့က သောကြာနေ့မှာပြောလိုက်ပါ တယ်။
သီတင်းပတ်တွေနဲ့ချီ နိုင်ငံရေးအရ အငြင်းပွါးမှု ပဋိပက္ခတွေ ရင်ဆိုင်နေရတဲ့ သီရိလင်္ကာ ဝန်ကြီးချုပ် ရာထူးက နုတ်ထွက်သွားပါပြီ။ သီရိလင်္ကာမှာ နိုင်ငံရေးနဲ့ စီးပွါးရေးအရ အကြပ်အတည်းတွေ တိုးဖြစ်လာမှာကို ရှောင်ရှားဖို့ Mahinda Rajapaksa ဟာ ဒီကနေ့မှာ နုတ်ထွက်စာတင်သွင်းတာပါ။
သြစတေးလျဝန်ကြီးချုပ် Scott Morrison က သူ့အစိုးရအနေနဲ့ အနောက်ဂျေရုဆလင်ကို အစ္စရေးမြို့တော် အဖြစ် တရားဝင်အသိအမှတ်ပြုလိုက်ကြောင်း ဒီကနေ့ ကြေညာလိုက်ပေမယ့် အစ္စရေးနဲ့ ပါလက်စတိုင်းကြား ငြိမ်းချမ်းရေး သဘောတူညီချက်မရမချင်း သံရုံးကို ရွှေ့မှာ မဟုတ်ဘူးလို့ ပြောပါတယ်။
အာဖဂန်နစ္စတန်က တာလီဘန်တွေနဲ့အမေရိကန်ပြည်ထောင်စုက မကြာခင် တွေ့ဆုံဖို့စီစဉ်ထားတယ် လို့ ပါကစ္စတန်ဝန်ကြီးချုပ် Imran Khan ကပြောလိုက်ပြီး ဒီတွေ့ဆုံမှုကို ပါကစ္စတန်နိုင်ငံက အမေရိကန်ရဲ့ မေတ္တာ ရပ်ခံချက်ကြောင့် ကမကထ လုပ်ပေးမှာလို့ လည်းဆိုပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက မက္ကဆီကို အမေရိကန်နယ်စပ်ကို အဖေဖြစ်သူနဲ့ ဖြတ်ကူးစဉ် အမေရိကန်နယ်စပ် ရဲက ဖမ်းဆီးထိန်းသိမ်းလိုက်တဲ့ အသက် ၇ နှစ်အရွယ် မိန်းကလေး သေဆုံးသွားတဲ့အကြောင်း ဖက်ဒရယ် လူဝင်မှုကြီးကြပ်ရေးတာဝန်ရှိသူတွေက အတည်ပြုလိုက်ပါတယ်။
အမေရိကန်သမ္မတအိမ်ဖြူတော်ရဲ့အရာရှိချုပ် John Kelly ဒီနှစ်ကုန်ပိုင်း နုတ်ထွက်သွားတဲ့အခါ သူ့ရဲ့နေရာကို ယာယီအစားထိုးတဲ့အနေနဲ့ ပြည်ထောင်စုအစိုးရရုံးရဲ့ စီမန်ခန့်ခွဲရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ ညွှန်ကြားရေးမှူးအဖြစ် လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ Mick Mulvaney ကို ခန့်အပ်မယ်လို့ သမ္မတဒေါ်နလ်ထရမ့်က သောကြာနေ့က ကြေညာပါတယ်။
လွန်ခဲ့တဲ့နှစ် ၇၉ သန်းနဲ့ နှစ် ၆၆ သန်းကြား Cretaceous ဘူမိခေတ် မြန်မာပယင်းမှာ အစိတ်အပိုင်း ၃၁ ပိုင်း ပါတဲ့ အသေးစိတ် မပျက်စီးဘဲရှိနေသေးတဲ့ ငှက်တောင်တွေကို တွေ့ရကြောင်း ကျောက်ဖြစ် ရုပ်ကြွင်း ပညာရှင်တွေက ရှာဖွေတွေ့ရှိပါတယ်။
ဂျာမနီနိုင်ငံရဲ့ ဗဟိုလက်ယာယိမ်း ခရစ္စယာန်ဒီမိုကရက်တစ်ယူနီယမ် CDU ခေါင်းဆောင် ဝန်ကြီးချုပ် Angela Merkel ရဲ့ နေရာကို အစားထိုးမယ့်သူ ရွေးချယ်လိုက်ပါတယ်။
ကုလသမဂ္ဂဆိုင်ရာအမေရိကန်သံအမတ်ကြီး အသစ်အဖြစ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး Heather Nauert ကို ခန့်အပ်မယ်လို့ သမ္မတဒေါ်နလ်ထရမ့်ကကြေညာပါတယ်။
နောက်ထပ်ကြည့်ရှုရန်