မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ဆန္ဒပြသူတွေ အပေါ် အင်အား အလွန်အကွျွံသုံး ဖြိုးခွင်းတာဟာ လက်သင့်ခံနိုင်စရာ မရှိကြောင်း ကုလသမဂ္ဂရဲ့ မြန်မာ ဌာနေကိုယ်စားလှယ် Ola Almgren က ပြောဆိုထားပါတယ်။
လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ ဆန္ဒပြသူတွေအပေါ် မမျှတတဲ့အင်အား အသုံးပြုတာကို လက်မခံနိုင်ဘူးလို့မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး Mr. Ola Almgren ကပြောပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နောက်ထပ် ငါးနှစ်သက်တမ်းအတွက် ပြည်ထောင်စုလွှတ်တော်က တာဝန်ပေးအပ်တဲ့ ဥပဒေကို ပြဌာန်းလိုက်တဲ့အကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်ကြေညာပါတယ်။
နယူးဇီလန်အစိုးရနဲ့ မြန်မာနိုင်ငံကြားက ရှိထားတဲ့ အဆင့်မြင့် နိုင်ငံရေးနဲ့ စစ်ဆေးအဆက်အသွယ်အားလုံးကို ရပ်ဆိုင်းလိုက်တယ်လို့ နယူးဇီလန်ဝန်ကြီးချုပ် Jacinda Arden က ဖေော်ဝါရီလ ၉ ရက်၊ အင်္ဂါနေ့မှာ ကြေငြာလိုက်ပါတယ်။
ချင်းပြည်နယ် မတူပီမြို့နယ်က ပညာရေးဝန်ထမ်းတွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပြည်သူတွေရဲ့ စစ်အာဏာသိမ်းဆန့်ကျင် ဆန္ဒပြပွဲ မြင်ကွင်း။ ~~~~ ခငြျးပွညျနယျ မတူပီမွို့နယျက ပညာရေးဝနျထမျးတှေ၊ ကနြျးမာရေးဝနျထမျးတှနေဲ့ ပွညျသူတှရေဲ့ စဈအာဏာသိမျးဆန့ျကငြျ ဆန်ဒပွပှဲ မွငျကှငျး။
ပဲခူးမြို့က စစ်အာဏာသိမ်းဆန့်ကျင် ဆန္ဒပြပွဲ မြင်ကွင်း။ ~~~~ ပဲခူးမွို့က စဈအာဏာသိမျးဆန့ျကငြျ ဆန်ဒပွပှဲ မွငျကှငျး။
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ လေ့လာအကဲခတ်သူအဖြစ် ပြန်လည် ပါဝင်သွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က တနင်္လာနေ့က ကြေညာပါတယ်။
အမေရိကန် သမ္မတဟောင်း Donald Trump ကို တရားစွဲဆို ကြားနာမှုကို အထက်လွှတ်တော်မှာ အင်္ဂါနေ့မှာ စတင်ပါမယ်။
စစ်တပ်က ဖမ်းထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ ပန်ကြားခဲ့ပေမယ့် စစ်တပ်က ငြင်းဆန်ခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Ned Price က ဖေဖော်ဝါရီလ ၈ ရက်နေ့ တနလာၤနေ့မှာ ပြောပါတယ်။
မြန်မာ စစ်တပ် အာဏာသိမ်းမှု အပေါ် တရုတ်က ပွင့်ပွင့်လင်းလင်း မဆန့်ကျင်တာကို အမေရိကန်ဘက်က စိုးရိမ်ကြောင်း အိမ်ဖြူတော် ပြောခွင့်ရက ပြောဆိုလိုက်ပါတယ်။
စစ်အာဏာသိမ်းဆန့်ကျင်သူ ကျောက်ပန်းတောင်းမြို့ခံတို့ရဲ့ ဆန္ဒပြ မြင်ကွင်း။ ~~~~ စဈအာဏာသိမျးဆန့ျကငြျသူ ကြောကျပနျးတောငျးမွို့ခံတို့ရဲ့ ဆန်ဒပွ မွငျကှငျး။
မြန်မာနိုင်ငံမှာ အာဏာသိမ်းယူထားတဲ့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဘာကြောင့် အာဏာသိမ်းယူခဲ့ရသလဲဆိုတာ ရှင်းလင်းတဲ့ မိန့်ခွန်း ဒီနေ့ညမှာ ပြောကြားပါတယ်။
ရခိုင်ပြည်နယ်က စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြပွဲမြင်ကွင်း။ ~~~ ရခိုငျပွညျနယျက စဈအာဏာရှငျဆန့ျကငြျ ဆန်ဒပွပှဲမွငျကှငျး။
မြန်မာနိုင်ငံမှာ ပြည်သူ့ဆန္ဒနဲ့ မဆန့်ကျင်တဲ့ အစိုးရ တရပ်အမြန်ဆုံးပေါ်လာရေးအတွက် ငြိမ်းချမ်းတဲ့နည်းလမ်း၊ ဓမ္မနဲ့ ညီတဲ့ နည်းလမ်းတွေနဲ့ ဆောင်ရွက်ကြဖို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီးများက သံင်္ဃာတော်တွေက အလေးအနက် တိုက်တွန်းလိုက်ပါတယ်။
ဒီနေ့ နိုင်ငံတဝန်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေ ရှိခဲ့သလို စစ်တပ်ကိုထောက်ခံတဲ့ ဆန္ဒပြပွဲတချို့ ရန်ကုန်မြို့မှာ ရှိခဲ့ပါတယ်။ နိုင်ငံတော်အလံတွေ လွှင့်ထူထားတဲ့ ကားတွေနဲ့ လှည့်လည်ဆန္ဒပြတာ၊ လမ်းဘေးကနေ ဖြတ်သွားတဲ့ကားတွေကို တောင်းဆိုဆန္ဒပြတာတွေ လုပ်ပါတယ်။
ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်း၊ မုံရွာ၊ တောင်ကြီး၊ ပုသိမ်၊ တာချီလိတ် စတဲ့ မြို့ကြီးတွေနဲ့ မွန်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းထဲက မြို့တွေအပါအဝင် နိုင်ငံတဝန်းက မြို့တွေမှာ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ၊ ရှေ့နေတွေ၊ ကျောင်းဆရာ၊ ဆရာမတွေစတဲ့ အစိုးရဝန်ထမ်းတွေ ပါဝင်ဆန္ဒပြကြပါတယ်။
ဒေါ်နန်းခင်ထွေးမြင့်ကို လုံခြုံရေးတပ်ဖွဲ့တွေက ဒီကနေ့ မွန်းလွဲပိုင်းမှာပဲ အကျယ်ချုပ်ချခံထားရတဲ့ အိမ်ကနေ လာခေါ်သွားတယ်လို့ ကရင် ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီးဟောင်း ဦးတေဇာထွဋ်လှိုင်ထွေးက ဗွီအိုအေကို အတည်ပြုပါတယ်။
စစ်အာဏာသိမ်းတဲ့လုပ်ရပ်ကို ကန့်ကွက်ဆန္ဒပြကြတဲ့ ရန်ကုန်မြို့က ဆန္ဒပြပွဲ။ ~~~~ စဈအာဏာသိမျးတဲ့လုပျရပျကို ကန့ျကှကျဆန်ဒပွကွတဲ့ ရနျကုနျမွို့က ဆန်ဒပွပှဲ။
စစ်အာဏာသိမ်းမှု ကန့်ကွက်ဆန့်ကျင်တဲ့ တောင်ကိုရီးယားက ဆန္ဒပြပွဲ ~~~~~ စဈအာဏာသိမျးမှု ကန့ျကှကျဆန့ျကငြျတဲ့ တောငျကိုရီးယားက ဆန်ဒပွပှဲ
နောက်ထပ်ကြည့်ရှုရန်