မနက်ဖြန် ဖေဖော်ဝါရီ ၈ ရက်၊ တနင်္လာနေ့ကစပြီး ဌာနစုံမှ ဝန်ထမ်း အားလုံး အလုပ်မဆင်းဘဲ သပိတ်မှောက်ပေးကြဖို့ ၈၈ မျိုးဆက် ခေါင်းဆောင်တွေရဲ့ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့ဘောင်အဖွဲ့က ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းလမ်းကျ ရွေးကောက်တင်မြောက်ခံထားရတဲ့ အစိုးရကို ထောက်ခံကြောင်းနဲ့ သတင်းအချက်အလက်တွေ လွတ်လပ်စွာရရှိနိုင်ဖို့ တောင်းဆိုတဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒပြမှုကို အမေရိကန်က အားပေးထောက်ခံတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Thomas Vajda ကပြောကြားပါတယ်။
မြန်မာနိုင်ငံမှာ အရပ်သားအစိုးရဆီကနေ အုပ်ချုပ်ရေးအာဏာကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သိမ်းယူအုပ်ချုပ်နေတာကို မကျေနပ်တဲ့ ကန့်ကွက်ဆန္ဒပြပွဲတွေ မြို့တော်တော်များများမှာ ဖြစ်ပေါ်နေပါတယ်။ ရန်ကုန်မြို့မှာ ဒုတိယနေ့အဖြစ် လမ်းပေါ်ထွက် ချီတက်ဆန္ဒပြပွဲတွေမှာ ဆန္ဒပြသူ သိန်းဂဏန်းလောက်အထိ ရှိခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ပြည်သူ့ဆန္ဒနဲ့ ရွေးကောက်တင်မြှောက်ထားတဲ့ သမ္မတဦးဝင်းမြင့်သာ တရားဝင်သမ္မတဖြစ်တဲ့အတွက် သမ္မတဦးဝင်းမြင့်အစိုးရနဲ့သာ သံခင်းတမန်ခင်း ဆက်သွယ်မှုတွေကို ဆက်လက် ဆက်သွယ်ဆောင်ရွက်ဖို့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ကြေညာချက်ထုတ်ပြန်ပါတယ်။
အာဏာသိမ်းစစ်တပ်အပေါ် ကန့်ကွက်ဆန့်ကျင်တဲ့ မန္တလေးမြို့ရဲ့ ဒုတိယနေ့ ဆန္ဒပြပွဲ ~~~ အာဏာသိမျးစဈတပျအပေါျ ကန့ျကှကျဆန့ျကငြျတဲ့ မန်တလေးမွို့ရဲ့ ဒုတိယနေ့ ဆန်ဒပွပှဲ
စစ်အာဏာသိမ်းတဲ့ လုပ်ရပ်ကို ဆန့်ကျင်တဲ့ မန္တလေးမြို့ရဲ့ စနေနေ့က ဆန္ဒပြပွဲ ~~~~ စဈအာဏာသိမျးတဲ့ လုပျရပျကို ဆန့ျကငြျတဲ့ မန်တလေးမွို့ရဲ့ စနနေေ့က ဆန်ဒပွပှဲ
လွှတ်တော်ခေါ်မယ့်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ၊ နောက် လွှတ်တော် အမတ်တွေကို ဝိုင်းရံ ပိတ်ဆို့ပြီး အာဏာသိမ်းကြောင်း ကြေညာခဲ့တဲ့ စစ်တပ်ရဲ့ လုပ်ရပ်ကို ဆန့်ကျင် ဆန္ဒပြတဲ့ ရန်ကုန်သူ ရန်ကုန်သားတို့ ဖေဖော်ဝါရီလ ၇ ရက်နေ့က ဒုတိယမြောက်နေ့ အဖြစ် ချီတက်မှုမြင်ကွင်း။
ချမ်းသာတဲ့ နိုင်ငံတွေမှာ COVID-19 ကာကွယ်ထိုးဆေးတွေ သန်းနဲ့ချီပြီး ရရှိနေတာကိုတွေ့ရှိနေတဲ့ ဆင်းရဲတဲ့နိုင်ငံတစ်ချို့က ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ WHO ရဲ့ အစီအစဉ်ကနေ ရရှိမယ့် ဆေးတွေကိုစောင့်ဆိုင်းမနေတော့ပဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကာကွယ်ဆေးရဖို့ လုပ်ဆောင်လာနေကြပါတယ်။
ရုရှားနိုင်ငံထုတ် COVID 19 ကာကွယ်ဆေးကို မြန်မာနိုင်ငံမှာ သုံးစွဲခွင့်ပြုလိုက်ပြီလို့ ရုရှား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ရံပုံငွေ အဖွဲ့ (RDIF) က ပြောပါတယ်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အနေနဲ့ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ လူပေါင်း ထောင်ချီပြီး ရန်ကုန်မြို့မှာ ငြိမ်းငြိမ်းချမ်းချမ်း ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ လုံခြုံရေး တင်းကြပ်ထားပေမယ့် နှစ်ဘက် ထိပ်တိုက်တွေ့မှု မရှိပေမယ့်လည်း ဆန္ဒပြပွဲ အတွင်း အာဏာပိုင်တို့က အင်တာနက်၊ ဖုန်းလိုင်းတွေ ဖြတ်တောက်ခဲ့ပါတယ်။
ဒေါက်တာ အောင်မိုးညိုက ကျနော်က မကွေးတိုင်း ဝန်ကြီးချုပ်ပါလို့ အစချီပြီး စစ်အာဏာသိမ်းမှုကို ပြည်သူတွေ ဆန့်ကျင်မှုကို အားပေး ထောက်ခံကြောင်း ပြောဆိုထားပါတယ်။
ဖေဖော်ဝါရီလ ၆ ရက်၊ စနေနေ့ နေ့လည်က ရန်ကုန်မြို့ အင်းစိန် လမ်းမကြီးအတိုင်း ချီတက် ဆန္ဒပြနေကြတဲ့ လူအုပ်ကြီးအား လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လှည်းတန်းအရောက်မှာ တားဆီးထားစဉ်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Antony Blinken က ဥရောပ မဟာမိတ်နိုင်ငံ ၃ နိုင်ငံဖြစ်တဲ့ ဗြိတိန်၊ ပြင်သစ်၊ ဂျာမဏီ နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ အွန်လိုင်းက ဆွေးနွေးပွဲမှာ မြန်မာ အရေးကိုလည်း ထည့်သွင်းဆွေးနွေးမယ်လို့ အမေရိကန် တာဝန်ရှိသူတဦးက သောကြာနေ့က ပြောပါတယ်။
ကမ္ဘာတလွှား ဖြန့်ဖြူးတဲ့ Covid 19 ကာကွယ်ဆေးတွေထဲက ၇၅ % ဟာ နိုင်ငံပေါင်း ၁၀ နိုင်ငံကိုပဲ ရောက်နေတာ ဖြစ်ပြီး နိုင်ငံပေါင်း ၁၃၀ လောက်အတွက်တော့ ဆေးတလုံးမှ မရသေးဘူးလို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ Tedros Adhanom Ghebreyesus က သောကြာနေ့ ဂျနီဗာ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဖမ်းဆီးထောင်အချခံထားရတဲ့ ရုရှားအတိုက်အခံနိုင်ငံရေးသမား Alexey Navalny ကို ထောက်ခံတဲ့ ဆန္ဒပြပွဲတွေမှာ သွားရောက်ပါဝင်တဲ့ အနောက်တိုင်း သံတမန်တွေကို တိုင်းပြည်က နှင်ထုတ်မယ်လို့ရုရှအစိုးရက သောကြာနေ့က ပြောပါတယ်။
အိန္ဒိယ ဗဟိုအစိုးရအုပ်ချုပ်မှုအောက်မှာရှိနေတဲ့ Jammu နဲ့ Kashmir ဒေသတွေမှာ ၂၀၁၉ ခုနှစ်၊ သြဂုတ်လကတည်းက ပိတ်ပင်ထားခဲ့တဲ့ မြန်နှုန်းမြင့် အင်တာနက်အသုံးပြုခွင့် ပြန်ဖွင့်ပေးလိုက်ပါပြီ။
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် Facebook အပါအဝင် အင်တာနက်အသုံးပြုမှုတွေကို ကန့်သတ်ပိတ်ပင်လာတဲ့ မြန်မာနိုင်ငံမှာ သောကြာနေ့ ညပိုင်းကစလို့ တွစ်တာနဲ့ instagram လူမှုကွန်ယက်တွေကိုလည်း ပိတ်ပင်လိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ဒီကေနေ့ ကိုရိုနာဗိုင်းရပ်စ်ပိုး စစ်ဆေးတွေ့ရှိသူ လူနာသစ် ၂၀၀ ရှိကြောင်း အားကစားနဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဖေဖော်ဝါရီလ ၅ ရက်နေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးပါဝင်တဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကိုဖွဲ့စည်းလိုက်တဲ့အကြောင်း ဒီကနေ့ကြေညာပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတဲ့အပေါ် ကန့်ကွက်ကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထားသူတွေကို လွှတ်ပေးဖို့ အင်ဒိုနီးရှား၊ တောင်ကိုရီးယားနဲ့ အိန္ဒိယနိုင်ငံတွေမှာ ဒီကနေ့ ဆန္ဒပြပွဲတွေနဲ့တောင်းဆိုခဲ့ကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်