မြန်မာ့အရေးကိစ္စကို အာဆီယံအဖွဲ့အနေနဲ့ အထူးစည်းဝေးပြီး သဘောတူညီချက်တရပ်ထွက်ဖို့ လိုအပ်တယ်လို့ မလေးရှားနိုင်ငံဝန်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်မှာ အင်ဒိုနီးရှားသမ္မတနဲ့တွေ့ဆုံစဉ် မလေးရှားဝန်ကြီးချုပ် Muhyiddin Yassin က အဲဒီလိုပြောသွားတာပါ။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီနဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့ စီးပွားလုပ်ငန်းတွေကို ရပ်ဆိုင်းတော့မယ်လို့ ဂျပန်နိုင်ငံအခြေစိုက် Kirin အဖျော်ယမကာလုပ်ငန်းကုမ္ပဏီက ဖေဖော်ဝါရီလ ၅ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဆိုင်ရာ စောင့်ကြည့်လေ့လာနေတဲ့ Johns Hopkins တက္ကသိုလ် စစ်တမ်းအရ ကြာသပတေးနေ့မှာ ကမ္ဘာတလွှား ဒီရောဂါ အကူးစက်ခံရသူ သန်းပေါင်း ၁၀၄ သန်းကျော် ရှိပြီး သေဆုံးရသူက ၂ သန်း ၃ သိန်းနီးပါး ရှိပါပြီ။
အမေရိကန် သမ္မတ အမျိုးသား လုံခြုံရေး အကြံပေး ပုဂ္ဂိုလ် Jake Sullivan က မနေ့ ညနေပိုင်းက အရှေ့တောင် အာရှ နိုင်ငံများ အသင်း (အာဆီယံ)အဖွဲ့ နိုင်ငံတွေရဲ့ ဝါရှင်တန် အခြေစိုက် သံအမတ်ကြီးတွေနဲ့ တယ်လီဖုန်းနဲ့ဆက်သွယ် စကားပြောခဲ့တယ်လို့ အမျိုးသား လုံခြုံရေး ကောင်စီ ပြောခွင့်ရ Emily Horne က ပြောပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်း စစ်အုပ်ချုပ်ရေးအဖွဲ့ကို တရားဝင်အစိုးရတရပ်အဖြစ် အသိမှတ်ပြု မပြု ဆုံးဖြတ်ရာမှာ IMF နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့ရဲ့ အဖွဲ့ဝင်နိုင်ငံများ ဆိုင်ရာလမ်းညွှန်ချက် နဲ့ အညီ လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း အဖွဲ့ ပြောခွင့်ရ Gerry Rice က ကြာသပတေးနေ့မှာ ပြောပါတယ်။
“ရယူထားတဲ့ အာဏာကို မြန်မာ စစ်တပ် စွန့်လွှတ်သင့်ပါတယ်။ ဖမ်းဆီးထိန်းသိမ်းထားခံထားရသူ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ တာဝန်ရှိသူတွေ အားလုံးကို ပြန်လွှတ်ပေးရပါမယ်။ တယ်လီ ကွန်မြူနီကေးရှင်း ဆက်သွယ်ရေးလုပ်ငန်းမှာ ကန့်သတ်ချက်တွေ ချထားတာကို ရုပ်သိမ်းပေးရပါမယ်။ အင်အား အသုံးပြုမှုကို ချုပ်တည်း ရှောင်ကြဉ်ပါမယ်”
မြန်မာ့အရေးကိစ္စ ကုလသမဂ္ဂလုံခြုံရေး ကောင်စီက ကြေညာချက်တစ်စောင် တညီတညွတ်တည်း ထုတ်ပြန်လိုက်တဲ့အပေါ် တရုတ် ကုလသမဂ္ဂ အဖွဲ့ရုံးက ပြောခွင့်ရက ထပ်ဆင့် ရှင်းလင်းချက် ထုတ်ပြန်ပါတယ်။
ပြည်သူ့ရှေ့ဆောင်ပါတီ PPP ဥက္ကဌ ဒေါက်တာ ဒေါ်သက်သက်ခိုင်ကို လူကယ်ပြန်ဝန်ကြီး ( လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဝန်ကြီး) အဖြစ် ခန့်အပ်လိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဖေဖေါ်ဝါရီ (၄)ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံကအာဏာသိမ်းမှုအပေါ် ဒဏ်ခတ်အရေးယူဖို့အတွက် အမေရိကန် သမ္မတရဲ့ အမိန့်အာဏာတစ်ရပ် ထုတ်ပြန်ဖို့ စဉ်းစား ဆောင် ရွက် နေတယ်လို့ အမေရိကန် သမ္မတရဲ့ အမျိုးသား လုံခြုံရေး အကြံပေး Jake Sullivan က ပြောပါတယ်။
ယူဂန်ဒါ နိုင်ငံမှာ ကလေးစစ်သားဘဝကနေ LRA (Lord's Resistance Army) ဘုရားသခင်ရဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့ရဲ့ တပ်မှုး တဦးဖြစ်လာသူ Dominic Ongwen ကို စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်ပြစ်မှုတွေနဲ့ ICC နိုင်ငံတကာရာဇဝတ်ခုံရုံးက ကြာသပတေးနေ့မှာ စီရင်ချက် ချမှတ်လိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိန်းသိမ်းထားသူတွေကို ချက်ချင်း ပြန်လွှတ်ပေးဖို့နဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ စနစ် ပြန်လည် ကျင်းသုံးဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ကြာသပတေးနေ့က တညီတညွတ်တည်း တောင်းဆိုလိုက်ပါတယ်။
တပ်မတော်က အာဏာသိမ်းပြီးနောက် ဖမ်းဆီးထိန်းသိမ်းပြီး တရားစွဲခံထားရတဲ့ သမ္မတဦးဝင်းမြင့်ကို မိသားစုနဲ့အတူ သမ္မတအိမ်ယာကနေ ဒီနေ့ပဲ ပြောင်းရွှေ့ ပေးလိုက်တယ်လို့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ထိပ်တန်းခေါင်းဆောင်တယောက်က ပြောပါတယ်။
အမေရိကန် အစိုးရအနေနဲ့ သုံးသပ်မှုတွေ မနေ့က စပြီး လုပ်ဆောင်နေကြောင်းနဲ့ အချက်အလက်တွေ စုဆောင်းနေသလို ဥပဒေပိုင်းဆိုင်ရာ သုံးသပ်မှုတွေလည်း ပြုလုပ်နေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှာ မနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ Ned Price က ပြောပါတယ်။
သုတေသီတွေဟာ Pfizer-BioNTech ကာကွယ်ဆေးက ဆေးတလုံးနဲ့ နောက် ၄ ပတ်ကနေ ၁၂ ပတ်အကြာမှာ AstraZeneca နဲ့ Oxford တက္ကသိုလ်တို့ ပူးတွဲထုတ်လုပ်တဲ့ ကာကွယ်ဆေးတလုံးကို ပေါင်းပြီးထိုးနိုင်ဖို့အတွက် လုပ်ဆောင်နေကြတာဖြစ်ပြီး အဲဒီအစီအစဉ်အတွက် စေတနာ့ဝန်ထမ်း ၈၀၀ ကျော် ပါဝင်စမ်းသပ်ခံသွားမှာဖြစ်ပါတယ်။
အမေရိကန်ရဲ့ ပြိုင်ဖက်နိုင်ငံတွေ ဖြစ်တဲ့ တရုတ်၊ မြောက်ကိုရီယား၊ ရုရှားနဲ့ အီရန် နိုင်ငံဆိုင်ရာမူဝါဒတွေကို အသေးစိတ် ပြောကြားဖို့ မရှိပေမဲ့ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ပတ်သက်လို့ မဟာမိတ်နိုင်ငံတွေနဲ့အတူ လက်တွဲလုပ်ဆောင်သွားဖို့ သမ္မတ Biden က သူ့ရဲ့ အမြင်သဘောထားကို ပြောကြားလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။
မြန်မာစစ်အာဏာသိမ်းမှု အောင်မြင်မှုမရစေရေး မြန်မာနိုင်ငံကို ဖိအားပေးဖို့ ကမ္ဘာ့နိုင်ငံတွေနဲ့ အရေးပါတဲ့နို င်ငံတကာအဖွဲ့အစည်းတွေ ကို စုစည်းကြဖို့ ကုလသမဂ္ဂအနေနဲ့ ဆောင်ရွက်သွားမယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterre က ဗုဒ္ဓဟူးနေ့က ပြောပါတယ်။
မြန်မာနိုင်ငံအတွင်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေတဲ့ Facebook လူမှု ကွန်ရက်ကို ယာယီ တားဆီး ထိန်းသိမ်း ပိတ်ပင်ဖို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာနက ဌာနတွင်း ညွှန်ကြားစာ ထုတ်ပြန်လိုက်ပါတယ်။
ကမ္ဘာ့အရှည်ကြာဆုံးအင်တာနက်ဖြတ်တောက်မှုအဖြစ် ၁၉ လ အကြာ အင်တာနက်ဖြတ်တောက်ထားမှုကို ရခိုင်နဲ့ချင်းပြည်နယ်တွေထဲမှာ အဆုံးသတ်လိုက်ပါပြီ။
ဖမ်းဆီးခံနေရတဲ့ မြန်မာ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ စစ်တပ် အာဏာပိုင်တွေက သွင်းကုန်၊ ပို့ကုန် ဥပဒေတွေနဲ့ တရားစွဲဆိုလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အရပ်သား အစိုးရဆီကနေ အာဏာ သိမ်းယူပြီး ၂ ရက် အကြာမှာ အခုလို တရားစွဲလိုက်တာပါ။
မြန်မာမှာ အာဏာသိမ်းမှု ဖြစ်ပွားအပြီး နိုင်ငံရေး ခေါင်းဆောင်တွေ ထိန်းသိမ်းခံနေရတာကို အထူးစိုးရိမ် ပူပန်နေတဲ့ G-7 အဖွဲ့ နိုင်ငံခြားရေးဝန်ကြီးတွေက မြန်မာနိုင်ငံမှာ ထုတ်ပြန်ထားတဲ့ အရေးပေါ် အခြေအနေကို ချက်ချင်းရပ်ဆိုင်းပစ်ဖို့နဲ့ ဒီမိုကရေစီနည်းအရ ရွေးချယ်ခံ အစိုးရကို ပြန်လည် အာဏာ ပေးအပ်ဖို့ တောင်းဆို
နောက်ထပ်ကြည့်ရှုရန်