မြန်မာစစ်တပ် အာဏာသိမ်းမှုကို တရုတ်နိုင်ငံက ထောက်ခံတယ် ဒါမှမဟုတ် တိတ်တဆိတ် သဘောတူညီမှု ပေးခဲ့တယ်ဆိုတဲ့ ပြောကြားချက်တွေကို တရုတ်အစိုးရက ငြင်းဆို လိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၂၆၃ ယောက် ထပ်တိုးပြီး သေဆုံးသူ ၁၄ ဦး ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ ၁ ရက်နေ့ မနက်လင်းအားကြီး အချိန်မှာ နိုင်ငံတော် သမ္မတကို ဖမ်းဆီးပြီး စစ်အာဏာသိမ်းခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ၂၀၁၁ ခုနှစ် မတ်လက စ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် တာဝန်ကို တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။
နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) အနေနဲ့ မြန်မာနိုင်ငံမှာ ကိုဗစ်တိုက်ဖျက်ရေးကူညီငွေ အမေရိကန်ဒေါ်လာ သန်း ၃၅၀ ကို ငွေသားအနေနဲ့ စစ်အာဏာမသိမ်းခင် ပြီးခဲ့တဲ့အပတ်ကပဲ ပို့ခဲ့တာက ပြန်ယူနိုင်ဖို့ အလားအလာမရှိပါဘူး။
ဂျပန်ရောက် မြန်မာများရဲ့ စစ်အာဏာသိမ်းဆန့်ကျင်မှု ဆန္ဒပြပွဲ မြင်ကွင်းတချို့။
မြန်မာစစ်တပ်က အာဏာသိမ်းတဲ့အပေါ် သြစတြေးလျနိုင်ငံ၊ ဆစ်ဒ်နီမြို့နဲ့ ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွေမှာ မြန်မာနွယ်ဖွားတွေက ဒီကနေ့ ဆန္ဒပြ ကန့်ကွက်ခဲ့ကြပါတယ်။ ဆစ်ဒ်နီမြို့ဆန္ဒပြပွဲမှာ လူ ရာနဲ့ချီပါဝင်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်ပုံတွေ၊ ကြွေးကျော်သံရေးထားတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြတာပါ။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တာကို လက်ခံနိုင်ဖွယ်ရာ မရှိဘူးလို့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးမှူး Tom Andrews က အင်္ဂါနေ့မှာပြောပါတယ်။ ဒီအပေါ် နိုင်ငံတကာအနေနဲ့ အားကောင်းပြီး ပြတ်သားတဲ့ တုံ့ပြန်မှုတခုလုပ်ဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။
လက်ရှိအားဖြင့် မြန်မာနိုင်ငံတဝန်း မြို့ပေါင်း ၃၀ ထက်မနည်းက ဆေးရုံတွေနဲ့ ဆေးဘက်ဆိုင်ရာဌာန ၇၀ ကျော်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေ၊ ဝန်ထမ်းတွေအနေနဲ့ ဒီကနေ့ ဇန်နဝါရီလ ၃ ရက်နေ့ကစပြီး လှုပ်ရှားမှုကို စတင်လိုက်တဲ့အကြောင်း Civil Disobedience Movement ဆိုတဲ့နာမည်နဲ့အဖွဲ့က ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို တရားစွဲဆိုထားပြီး ချုပ်ရမာန်ယူလိုက်ကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှုကို အမေရိကန်နိုင်ငံနဲ့ မဟာမိတ်နိုင်ငံတွေက ပြန်လည် တုံ့ပြန်ဖို့ အမေရိကန်အထက် လွှတ်တော်အမတ် Mitch McConnell က ဆီးနိတ် အထက်လွှတ်တော်မှာ မိန့်ခွန်းပြောကြားရင်း တိုက်တွန်းလိုက်ပါတယ်။
အမေရိကန် သမ္မတ အိမ်ဖြူတော်ရဲ့ ပြောဆိုချက် အရ အမေရိကန် ပူးတွဲစစ်ဦးစီးချုပ်များ အဖွဲ့ ဥက္ကဌ ကြည်းတပ် ဗိုလ်ချုပ်ကြီး Mark Milley က အာဏာသိမ်းတဲ့ မြန်မာ စစ်တပ်ကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း ဆက်သွယ်လို့ မရခဲ့ကြောင်း ဖော်ပြပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုတော့ နေပြည်တော်က သူမရဲ့ နေအိမ်မှာ ထိန်းချုပ်ခံနေရတယ်လို့ NLD ပါတီရဲ့ ရွေးကောက်ခံ လွှတ်တော် အမတ် ဦးတင်ထွန်းနိုင်က ဗွီအိုအေကို ပြောပါတယ်။
ရုရှားနိုင်ငံက ထုတ်လုပ်တဲ့ COVID 19 ကာကွယ်ဆေး Sputnik-V က ဘေးကင်း လုံခြုံပြီး ထိရောက်ပုံရကြောင်း ရုရှားသိပ္ပံရှင်တွေရဲ့ကနဦး တွေ့ရှိချက်ကို ကိုးကားပြီး ဗြိတိန်နိုင်ငံထုတ် ဆေးဂျာနယ် ဖြစ်တဲ့ The Lancet မှာ ဖော်ပြထားပါတယ်။
နိုဝင်ဘာလက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ကို မဲပေးခဲ့ကြတဲ့ ပြည်သူတွေ အနေနဲ့ civil disobedience လို့ ခေါ်တဲ့ ပြည်သူ တစ်ရပ်လုံးက ဆန့်ကျင်ခြင်း လှုပ်ရှားမှုမှာ ပါဝင် ဆင်နွှဲကြဖို့ NLD ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဝင်းထိန်က တိုက်တွန်း လိုက်ပါတယ်။
ဖေဖော်ဝါရီလ ၂ ရက် အင်္ဂါနေ့က ရန်ကုန်မြို့အနှံ ရပ်ကွက် ၊ လမ်းများရှိ နေအိမ်တိုက်ခန်းနေထိုင်သူတွေက စစ်အာဏာသိမ်းတာကို ကန့်ကွက်သည့်အနေနဲ့ ကားဟွန်းတီး ၊ သံပုံးတီးတောထုတ် ကန့်ကွက်ခဲ့ကြပါသည်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာရယူမှုကို စစ်အာဏာသိမ်းမှု အဖြစ် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက တရားဝင် ကြေညာလိုက်ပါပြီ။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဥက္ကဋ္ဌအဖြစ် ဦးစီးမယ့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖေဖော်ဝါရီလ ၂ ရက်နေ့ ရက်စွဲနဲ့ ဖွဲ့စည်းတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးကော်မတီက ထုတ်ပြန်ပါတယ်။
မြန်မာစစ်တပ်က နိုင်ငံရေးခေါင်းဆောင်တွေကို ဖမ်းဆီးထိန်းသိမ်းထားတဲ့အပေါ် ဆန့်ကျင်ကန့်ကွက်ထားတဲ့ အမေရိကန်သမ္မတအိမ်ဖြူတော်ကလည်း နှစ်နိုင်ငံကုန်သွယ်ရေးသဘောတူညီမှုကို ပြန်သုံးသပ်နေကြောင်း တနင်္လာနေ့ကပြောပါတယ်။
မန္တလေးမြို့ရှိ လမ်းတခုတွင် စစ်ကားများ လှည့်လည်သွားလာနေသည့် မြင်ကွင်းတချို့
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အမေရိကန်အထက်လွှတ်တော် အမတ်အများစုခေါင်းဆောင် ဒီမိုကရက်အမတ် Chuck Schumer ကစိုးရိမ်တကြီးစောင့်ကြည့်နေတယ်လို့ ပြောကြားလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်