မြန်မာ စစ်တပ်က နိုင်ငံရဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး အာဏာတွေကို လွှဲပြောင်းရယူကြောင်း ကြေညာခဲ့တဲ့ အပေါ် အထူး စိုးရိမ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က ပြောဆိုကြောင့် ပြောခွင့်ရက ကြေညာချက် ထုတ်ပါတယ်။
အမေရိကန်နိုင်ငံမှာ COVID-19 ကြောင့်စီးပွားကျဆင်းနေတာကို ပြန်လည်ကူညီနိုင်ဖို့အတွက် သမ္မတ ဂျိူးဘိုင်ဒင်ဟာ တနင်္လာနေ့မှာ ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် ၁၀ ဦးနဲ့အိမ်ဖြူတော်မှာ လက်ခံဆွေးနွေးခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ တနှစ်တာ ကာလ အရေးပေါ် အခြေအနေ ကြေညာချက်နဲ့ နိုင်ငံ အာဏာကို ထိန်းချုပ်ကြောင်း တနလာၤနေ့မှာ စစ်တပ်က ကြေညာပြီး ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ အရပ်ဘက် နိုင်ငံရေး ခေါင်းဆောင်တွေကို ဆက်လက် ဖမ်းဆီးထားပါတယ်။
မြန်မာ စစ်တပ်က နိုင်ငံအာဏာကို လွှဲပြောင်းရယူပြီး နောက်မှာတော့ အမေရိကန်ဘက်က မြန်မာ အပေါ် ထိုက်သင့်တဲ့ အရေးယူ လုပ်ဆောင်ဖို့နဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ဥပဒေတွေကို ပြန်လည် သုံးသပ်မယ်လို့ သမ္မတ Joe Biden က တနလာၤနေ့မှာ ပြောဆိုပါတယ်။
မြန်မာနိုင်ငံမှာ ပုံမှန် အခြေအနေမျိုး ပြန်ဖြစ်အောင် ဆောင်ရွက်ကြဖို့ အရှေ့တောင် အာရှ နိုင်ငံများ အသင်း အာဆီယံ အဖွဲ့ကြီးက ပန်ကြားထားပါတယ်။
"မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားအရပ်သားခေါင်းဆောင်တွေကို ဖမ်းဆီးပြီး၊ နိုင်ငံတော်အရေးပေါ်အခြေအနေကြေညာလိုက်တာဟာ နိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ တရားဥပဒေစိုးမိုးရေးကို တိုက်ရိုက် တိုက်ခိုက်တာဖြစ်ပါတယ်။"- သမ္မတ ဂျိုးဘိုင်ဒင်
မြန်မာစစ်တပ်က အရပ်သားအစိုးရကိုဖယ်ရှားပြီး ဒါဇင်နဲ့ချီတဲ့နိုင်ငံရေးခေါင်းဆောင်တွေ၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ သတင်းထောက်တွေ၊ လှုပ်ရှားတက်ကြွသူတွေနဲ့ အခြားလူပုဂ္ဂိုလ်တွေကို စစ်တပ်ကဖမ်းဆီးထိန်းသိမ်းထားတဲ့အပေါ်အလွန်စိုးရိမ်ကြောင်း လူ့အခွင့်အရေးဆိုင်ရာကုလသမဂ္ဂမဟာမင်းကြီး Michelle Bachelet က ပြောလိုက်ပါတယ်။
စစ်တပ်က အာဏာသိမ်းလိုက်တဲ့ တနင်္လာနေ့မှာပဲ ပြည်ထောင်စု အစိုးရဝန်ကြီးသစ်တွေကို ဗိုလ်ချုပ်မင်းကြီးမင်းအောင်လှိုင် ခန့်အပ် တာဝန်ပေးလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ လုပ်ရပ်ကို ကန့်ကွက်တဲ့အနေနဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ထိုင်း တက်ကြွလှုပ်ရှားသူတွေ ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့မှာ ဆန္ဒပြမြင်ကွင်း။
နေပြည်တော်ရှိ လမ်းတွေကို စစ်ကားများနဲ့ လုံခြုံရေးယူထားတဲ့ မြင်ကွင်း။ ~~~~~ နပွေညျတောျရှိ လမျးတှကေို စဈကားမြားနဲ့ လုံခွုံရေးယူထားတဲ့ မွငျကှငျး။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီး နောက်တရက်မှာပဲ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနဝန်ကြီး ဒေါက်တာမြင့်ထွေး နှုတ်ထွက်သွားပါတယ်။
စစ်အာဏာသိမ်းလိုက်တဲ့ မြန်မာနိုင်ငံမှာ အခြေအနေတွေကို တည်တည်ငြိမ်ငြိမ်ဖြစ်အောင် ထိန်းသိမ်းဖို့ တရုတ်နိုင်ငံက ဒီကနေ့ပဲ တိုက်တွန်းလိုက်ပါတယ်။
အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သမ္မတဦးဝင်းမြင့်နဲ့ တခြားနိုင်ငံရေးခေါင်းဆောင်တွေကို လွှတ်တော်သစ် မခေါ်ယူခင် အချိန်ပိုင်းကလေးမှာပဲ ဖမ်းဆီးလိုက်တာ အတွက် ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် Antonio Guterres က ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း
မြန်မာ စစ်တပ်က နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အရပ်သား အစိုးရအဖွဲ့ ခေါင်းဆောင်များနှင့် အရပ်ဘက် အဖွဲ့အစည်း ခေါင်းဆောင် အများအပြားကို ဖမ်းဆီးမှု သတင်းများကြောင့် အမေရိကန် အနေဖြင့် အကြီးအကျယ် စိုးရိမ်မကင်း ဖြစ်ရပါသည်။
NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွှန့်ကတော့ NLD အနေနဲ့ ပြည်သူတွေရဲ့ ဆန္ဒကို မျက်ကွယ်ပြုတဲ့ လိုက်လျောမှုမျိုးကို လုပ်မှာမဟုတ်ဘူးဆိုပြီး တပ်က ကားနဲ့ လာမခေါ်ခင်လေးမှာ VOA ကို ပြောဆိုပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေအရ ယာယီသမ္မတ ဦးမြင့်ဆွေရဲ့အမိန့်နဲ့ တိုင်းပြည် အရေးပေါ်အခြေအနေကြေညာလိုက်ပါတယ်။
NLD ပါတီ တာဝန်ရှိသူတွေကို စစ်တပ်က လိုက်လံဖမ်းဆီးနေတယ်ဆိုတာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူ ဒေါက်တာမျိုးညွန့်က ဗွီအိုအေကို အတည်ပြု ပြောထားပါတယ်။
မြန်မာနိုင်ငံမှာ အခုမနက်အစောပိုင်း စစ်တပ်က အာဏာသိမ်းလိုက်ပြီဆိုတဲ့သတင်း ကျယ်ကျယ်ပြန့်ပြန် ဖြစ်ပေါ်နေပါတယ်။
လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံက သံတမန်တချို့ဟာ အခြေအနေမှန်ကိုမသိဘဲ ယူဆချက်တွေနဲ့ ထုတ်ပြန်ပြောဆိုနေတယ်လို့ တပ်မတော်က ပြစ်တင်ဝေဖန်လိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ဒီကနေ့ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်သူ ၂၈၁ ယောက်ထပ်ပြီး အတည်ပြုလိုက်တဲ့အတွက် အခုထိ ကူးစက်သူ စုစုပေါင်း ၁၄၀,၁၄၅ ယောက်ရှိပြီ ဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်