ဗီယက်နမ် ကွန်မြူနစ်ပါတီက အသက် ၇၆ နှစ်အရွယ် Nguyen Phu Trong ကို အာဏာရပါတီ အကြီးအကဲအဖြစ် တနင်္ဂနွေနေ့က ပြန်လည်ရွေးချယ် ခန့်အပ်လိုက်ပါတယ်။
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ဆန္ဒပြတဲ့သူတွေက Red Fort အနီရောင်ခံတပ်ကို ဝင်ရောက်စီးနင်းခဲ့တာဟာ နိုင်ငံကို စော်ကားလိုက်တာဖြစ်တယ်လို့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi က ဒီနေ့ ပြောလိုက်ပါတယ်။
တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွါးမှု မူလအကြောင်းရင်းကို စုံစမ်းစစ်ဆေးဖို့ ရောက်နေတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့မှာ ဝူဟန်မြို့ သားငါးဈေးတခုကို သွားရောက်ခဲ့ပါတယ်။
ရုရှားနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အတိုက်အခံခေါင်းဆောင် Navalny ကို ထောက်ခံတဲ့ ဆန္ဒပြတဲ့သူ ၅၀၀ ထက်မနည်းကို ရဲတပ်ဖွဲ့က ဒီနေ့ ဖမ်းဆီးလိုက်ပါတယ်။
အီရန်နဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေကြား ချုပ်ဆိုထားတဲ့ အီရန်ရဲ့ နျူကလီးယားအရေး သဘောတူညီချက်အတွက် နောက်ထပ် ညှိနှိုင်းမှုအသစ်တွေ၊ ပါဝင်သူအပြောင်းအလဲ လုပ်တာတွေကို လက်ခံမှာမဟုတ်ကြောင်း အီရန် နိုင်ငံခြားရေးဝန်ကြီးဌာနက စနေနေ့မှာ ပြောဆိုလိုက်ပါတယ်။
COVID-19 ကာကွယ်ဆေးတွေနဲ့ လိုအပ်တဲ့ပစ္စည်းတွေကို လွတ်လွတ်လပ်လပ် သယ်ယူပို့ဆောင်ခွင့် ပေးကြဖို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သောကြာနေ့မှာ ပန်ကြားလိုက်ပါတယ်။
COVID-19 ကူးစက်သူ ဆက်ပြီးတိုးလာနေသလို ကူးစက်မြန် ဗီဇပြောင်းပိုးသစ် အန္တရာယ်ပါ ကြီးနေတာကြောင့် ပြင်သစ်၊ ဂျာမနီ အပါအဝင် နိုင်ငံတချို့က ခရီးသွားကန့်သတ်မှု အသစ်တွေ ချမှတ်လာကြပါတယ်။
ဆိုရှယ်မီဒီယာတွေအနေနဲ့ လူမျိုးရေးခွဲခြားမှုကို တိုက်ဖျက်ရေး ပိုပြီး အားထုတ်ကြိုးပမ်းပေးဖို့ အင်္ဂလိပ် ပရီးမီးယားလိဂ်က တိုက်တွန်းလိုက်ပါတယ်။
လူမျိုးရေး တရားမျှတမှုကို တောင်းဆိုနေတဲ့ Black Lives Matter - BLM လှုပ်ရှားမှုကို ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ချီးမြှင့်ဖို့ အဆိုပြုထားတယ်လို့ နော်ဝေ ပါလီမန်အမတ်တဦးက ပြောပါတယ်။
အမေရိကန်နိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွါးမှု တိုက်ဖျက်ဖို့ ကြိုးစားမှု အစိတ်အပိုင်းတခုအဖြစ်နဲ့ နိုင်ငံတွင်း ဘယ်လိုပုံစံနဲ့ သွားလာတာမျိုးပဲဖြစ်ဖြစ် နှာခေါင်းစည်း မတပ်မနေရ စည်းကမ်းသတ်မှတ်ချက်ကို အမေရိကန် ကူးစက်ရောဂါဆိုင်ရာ ကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဗဟိုဌာနက ထုတ်ပြန်လိုက်ပါတယ်။
တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ စတင်ဖြစ်ပွားတဲ့ ဇာစ်မြစ်ကို စုံစမ်းစစ်ဆေးနေတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကိုယ်စားလှယ်အဖွဲ့က COVID-19 လူနာတွေကို ပထမဆုံး ကုသပေးခဲ့တဲ့ ဝူဟန်မြို့က ဆေးရုံနောက်တရုံကို စနေနေ့က သွားရောက်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၃၄၉ ယောက် ထပ်တိုးပြီး သေဆုံးသူ ၁၀ ဦး ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဘင်္ဂလားဒေ့ရှ်အစိုးရ အနေနဲ့ ရိုဟင်ဂျာဒုက္ခသည် နောက်တသုတ်ကို ဘင်္ဂလားပင်လယ်အော်ထဲက ဝေးလံခေါင်ဖျား Bhasan Char ကျွန်းရှိ စခန်းသစ်ကို ထပ်ပို့လိုက်တယ်လို့ ဘင်္ဂလားဒေ့ရှ် ရေတပ်အရာရှိတဦးက ပြောပါတယ်။
COVID-19 ရောဂါကာကွယ်ဆေး ပြည်ပတင်ပို့တာနဲ့ ပတ်သက်ပြီး ဥရောပသမဂ္ဂ (EU) က သောကြာနေ့မှာ တင်းကျပ်တဲ့စည်းမျဉ်းတွေ ချမှတ်လိုက်ပါတယ်။
တပ်မတော်အနေနဲ့ တည်ဆဲ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို ကာကွယ်စောင့်ရှောက်ပြီး ပြဋ္ဌာန်းထားတဲ့ ဥပဒေဘောင်အတွင်းကသာ ဥပဒေနဲ့အညီ ဆောင်ရွက်သွားမယ်လို့ ဒီကနေ့ရက်စွဲနဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးကနေ သဘောထားတရပ် ထုတ်ပြန်ပါတယ်။
အမေရိကန် ဆေးနဲ့ဆေးပစ္စည်းထုတ်လုပ်တဲ့ ကုမ္ပဏီ Johnson & Johnson က ကမ္ဘာတလွှား စမ်းသပ်မှုတွေ လုပ်ခဲ့တဲ့နောက်မှာ COVID-19 ရောဂါကူးစက်မှုအတွက် ၆၆ ရာခိုင်နှုန်း ကာကွယ်နိုင်စွမ်းရှိတဲ့ ဆေးကို သူတို့ထုတ်နိုင်ပြီဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။
အီးယူ ဥရောပသမဂ္ဂ ဆေးဘက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်း ချမှတ်သူတွေက သောကြာနေ့မှာ AstraZeneca Covid 19 ကာကွယ်ဆေးကို အရေးပေါ် အသုံးပြုခွင့်ပေးလိုက်ပါပြီ။ ဒါဟာ ဥရောပဒေသအတွက် တတိယမြောက်အတည်ပြုပေးတဲ့ ကိုဗစ်ကာကွယ်ဆေး ဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွင်းက ပြည်တွင်း နိုင်ငံရေး၊ ဘာသာရေးနဲ့ လူမှုအဖွဲ့အစည်းပေါင်းစုံက လက်ရှိ တွေ့ကြုံနေရတဲ့ မြန်မာ့ နိုင်ငံရေး အခြေအနေ အပေါ်သဘောထားအမြင်တွေ ထုတ်ပြန်ကြေညာနေသလို ရွေးကောက်ပွဲအငြင်းပွားမှုကို ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ ကိုလည်း တောင်း ဆိုနေကြပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် Antonio Guterres ဟာ နယူးရောက် Bronx မှာ ရှိတဲ့ Adlai E Stevenson အထက်တန်းကျောင်းမှာ ဖွင့်ထားတဲ့ ကာကွယ်ဆေးထိုးစင်တာကို ကြာသပတေးနေ့က သွားရောက်ပြီး ၂ ကြိမ်ထိုးဖို့လိုအပ်တဲ့ COVID-19 ကာကွယ်ဆေးကို ပထမအကြိမ်ထိုးခဲ့ပါတယ်။
တရုတ်နိုင်ငံ၊ ဝူဟန်မြို့ကို ရောက်ရှိနေတဲ့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ WHO ကိုယ်စားလှယ် အဖွဲ့အနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး စတင်ပေါ်ပေါက်ခဲ့တဲ့ ဇစ်မြစ်ကိုစုံစမ်းနေတဲ့ အလုပ်ကို သီတင်းပတ်ကုန်ပိုင်းမှာလည်းဆက်လက် လုပ်ဆောင်သွားမယ်လို့WHO ပြောခွင့်ရက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်