ဗြိတိသျှကိုလိုနီဟောင်း ဟောင်ကောင်နေပြည်သူတွေကို ထုတ်ပေးထားတဲ့ BNO လို့ခေါ်တဲ့ဗြိတိန်ပြည်ပနိုင်ငံသားနိုင်ငံကူးလက်မှတ်တွေကို ဆက်လက် အသိအမှတ်ပြုတော့မှာ မဟုတ်ဘူးလို့ တရုတ်နိုင်ငံက ပြောပါတယ်။
၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် အတွင်း အိန္ဒိယနိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုနှုန်းက ၁၁ ရာခိုင်နှုန်း ရှိလိမ့်မယ်လို့ အိန္ဒိယ အစိုးရက သောကြာနေ့က ပြော ပါတယ်။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဇန်နဝါရီလ ၂၉ ရက် ည ၈ နာရီ ထုတ်ပြန်ချက်အရ အတည်ပြုလူနာသစ် ၃၆၃ ယောက်ရှိပါတယ်။ သေဆုံးသူ ၁၂ ယောက်ထဲမှာ ၁၁ ယောက်က ရောဂါအခံရှိသူတွေဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ရွေးကောက်ပွဲရလဒ်ဆိုင်ရာ အငြင်းပွားမှုတွေကြောင့် ရွေးကောက်ပွဲအလွန် မတည်မငြိမ်ဖြစ်ပြီး အစိုးရသစ်ပြောင်းရေးကြန့်ကြာစေမှာကို စိုးရိမ်ကြောင်း ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ခဲ့တဲ့ ပြည်တွင်းကအဖွဲ့တွေရဲ့ ဒီကနေ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ရိုဟင်ဂျာဒုက္ခသည် တတိယအသုတ် Bhasan Char ကျွန်းသို့ ပြောင်းရွှေ့နေထိုင်တဲ့ မြင်ကွင်းတချို့။
အခုလိုမပို့ဖို့ လူ့အခွင့်အရေးအဖွဲ့တွေ တားနေတဲ့အချိန်မှာ ဘင်္ဂလားဒေ့ရှ်အစိုးရဘက်ကတော့ ဒီဒုက္ခသည် ၁,၀၀၀,၀၀၀ ကျော်ကို မြန်မာနိုင်ငံပြန်ပို့ဖို့ကြိုးပမ်းနေချိန် အခုပြောင်းတဲ့ရည်ရွယ်ချက်က ဒုက္ခသည်တွေ ပိုကောင်းတဲအခြေအနေအောက်မှာ နေခွင့်ရဖို့ဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲဖို့ ဒါမှမဟုတ် မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို ကြန့်ကြာစေဖို့ ဘယ်လို ကြိုးပမ်းအားထုတ်မှုမျိုးကိုမဆို ဆန့်ကျင် ကန့်ကွက်တယ်လို့ မြန်မာနိုင်ငံအခြေစိုက် သံတမန်အဖွဲ့အစည်းတွေရဲ့ ဒီကနေ့ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
အမေရိကန်အခြေစိုက် Novavax ဆေးကုမ္ပဏီက တီထွင်နေတဲ့ ဆေးကို ဗြိတိန်နိုင်ငံမှာ လေ့လာစမ်းသပ်တာ အစောပိုင်းရလဒ်တွေအရ ၈၉% ထိရောက်ပုံရတယ်လို့ Novavax ကုမ္ပဏီကပြောပါတယ်။
အဂတိလိုက်စားမှုဟာ ကိုဗစ်ကပ်ရောဂါ တုံ့ပြန်မှုနဲ့ တိုက်ရိုက်ဆက်နွယ်တယ်လို့ ကမ္ဘာ့နိုင်ငံတွေရဲ့အဂတိလိုက်စားမှုကို လေ့လာမှတ်တမ်းတင်နေတဲ့ Transparency International အဖွဲ့က ပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ အဂတိလိုက်စားမှုအခြေအနေအပါအဝင် နိုင်ငံတကာအခြေအနေ အစီရင်ခံစာ အကြောင်း မစုမြတ်မွန်က တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ကျန်းမာရေးဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေကို ကိုဗစ် ကာကွယ်ဆေးစပြီး ထိုးပေးနေတာကနေ တတိုင်းပြည်လုံး အတိုင်းအတာနဲ့ ကာကွယ်ဆေးထိုးနှံဖို့အတွက် ကာကွယ်ဆေးတွေ ရရှိဖို့က ပေးတဲ့ နိုင်ငံတွေ အပေါ် မူတည်နေတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ် နယ်စပ် Cox's Bazar ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေမှာ ရှိတဲ့ အကြမ်းဖက် အုပ်စုတစ်ချို့ရဲ့ ဒဏ်ကို မခံနိုင်တော့တာကြောင့် ဘင်္ဂလားဒေ့ရှ် အစိုးရ စီစဉ်ပေးထားတဲ့ Bhasan Char မြေနုကျွန်းကို ပြောင်းရွှေ့ကြတာ ဖြစ်ကြောင်း ရိုဟင်ဂျာ ဒုက္ခသည် တစ်ချို့က ပြောပါတယ်။
ကမ္ဘာတလွှား ကြီးမားတဲ့ ဘေးအန္တရာယ်သင့်မှုနဲ့ ကြုံရပြီး ကံဆိုးမိုးမှောင် ကျခဲ့ရတဲ့ ၂၀၂၀ ကုန်ဆုံးပြီး ၂၀၂၁ ခုနှစ်ထဲ ရောက်လာချိန်မှာ ကမ္ဘာကြီးကို အသစ်တဖန် ပြန်လည်စတင်ရေးကို ဦးစားပေး လုပ်ဆောင်ကြဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က ကြာသပတေးနေ့မှာ ပြောပါတယ်။
ဗြိတိန်က သူ့နိုင်ငံသားတွေအတွက် ဖယ်ထားတဲ့ သန်းပေါင်း ဆယ်ဂဏန်းချီ တဲ့ AstraZeneca ကိုဗစ် ၁၉ ကာကွယ်ဆေးတွေကို သူတို့ကို ပေးဖို့ အီးယူဥရောပ သမဂ္ဂရဲ့ တောင်းဆိုမှုကနေ ဗြိတိန်နဲ့ အီးယူကြား ကာကွယ်ဆေးဆိုင်ရာ စစ်ပွဲ စတင်ခဲ့ပါတယ်။
အမေရိကန်တပ်တွေ ဂျာမဏီနိုင်ငံမှာ ချထားတာကို သူ့အနေနဲ့ တန်ဖိုးထားကြောင်း အမေရိကန်ကာကွယ်ရေး ဝန်ကြီးသစ် Austin က ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်တာကြောင့် ဒါဟာ အရင် ထရမ့်အစိုးရအဖွဲ့ ဂျာမဏီကနေ အမေရိကန်တပ်တွေ ပြန်ရုပ်သိမ်းဖို့ ဆုံးဖြတ်ချက်ကို ပြန်ပြောင်းလဲနိုင်ကြောင်း ခန့်မှန်း ပြောဆိုမှုတွေ ရှိလာစေပါတယ်။
မြန်မာနိုင်ငံမှာ လတ်တလော ဖြစ်ပေါ်နေတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres အနေနဲ့ အလွန် စိုးရိမ် ပူပန်စွာနဲ့ စောင့်ကြည့်လေ့လာ နေကြောင်း အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရက Stéphane Dujarric ပြောပါတယ်။
နိုဝင်ဘာလက မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲ ရလဒ်ကို ပြောင်းလဲပစ်ဖို့အတွက်မြန်မာစစ်တပ်ကအင်အားသုံး ခြိမ်းခြောက်ဖို့ ကြိုးစားတာ မှန်သမျှ အမေရိကန်ပြည်ထောင်စုက လက်ခံမှာ မဟုတ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောခွင့်ရက ဒီကနေ့ သဘောထားရှင်းလင်း ပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၃၅၀ ယောက် ထပ်တိုးပြီး သေဆုံးသူ ၁၄ ယောက် ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်နဲ့ လူသားစာနာမှုလုပ်ငန်းများအတွက် မြန်မာနိုင်ငံဆိုင်ရာ လုပ်ငန်းညှိနှိုှုင်းရေးမှူး Ola Almgren က "လူသားစာနာမှုအကူအညီ အလိုအပ်ဆုံးသူတွေကို ပြည့်စုံတဲ့အကူအကူအညီ ပေးအပ်သွားရေး ကျနော်တို့ ဘယ်လိုရည်ရွယ်ထားတယ်ဆိုတာ HRP ထဲမှာ ရှင်းပြထားပါတယ်။" လို့ပြောပါတယ်။
မြန်မာနိုင်ငံဟာ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးနဲ့ဆိုင်တဲ့ ကမ္ဘာလုံးဆိုင်ရာအဆင့်မှာ တခြားနိုင်ငံ ၂၅ နိုင်ငံနဲ့အတူ တိုးတက်လာတဲ့နိုင်ငံတခုအဖြစ် နိုင်ငံတကာ ပွင့်လင်းမြင်သာမှုအဖွဲ့ (Transparency International) ရဲ့ အခုနောက်ဆုံးထွက်လာတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
တရုတ်နိုင်ငံမှာ ကိုဗစ်ရင်းမြစ် စုံစမ်းဖို့ရောက်နေတဲ့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက စုံစမ်းစစ်ဆေးသူတွေ ၂ ပတ်ကြာ Quarantine ပြီးလို့ လုပ်ငန်းတွေစနေပါပြီ။ ဒီနိုင်ငံတကာ စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်တွေအနေနဲ့ သူတို့ Quarantine အသွားအလာ ကန့်နေထိုင်ခဲ့တဲ့ ဟိုတယ်ကနေ ဘတ်စ်စကားနဲ့ ဒီနေ့ထွက်လာခဲ့ကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်