မြန်မာနိုင်ငံအတွက် ကိုဗစ်ကာကွယ်ဆေးရန်ပုံငွေကို ဗြိတိန်ရောက် မြန်မာတချို့က Online ပေါ်ကနေ ကောက်ခံတာ စတာလင်ပေါင်း ၆ သောင်းကျော်၊ မြန်မာကျပ်ငွေနဲ့ဆို သိန်း ၁ ထောင်ကျော် ရရှိထားပါတယ်။ စီစဉ်သူတယောက်ဖြစ်တဲ့ Barnsley မြို့ Barnsley ဆေးရုံက သမားတော်ကြီး ဒေါက်တာသင်းသင်းကို မစုမြတ်မွန်က ဆက်သွယ်မေးထားပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးသစ် Antony Blinken က သူ့ကို ရာထူး ရာထူး ခန့်အပ် ဖို့ အတည်ပြုရေး အထက်လွှတ်တော် ကြားနာ စစ်ဆေးပွဲမှာ ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး အခုလို တုံ့ပြန် ဖြေကြားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ မနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့ကစလို့ ကျန်းမာရေး ဝန်ထမ်းတွေကို ကိုဗစ် ကာကွယ်ဆေးတွေ စတင်ထိုးနှံပေးနေပြီဖြစ် ပါတယ်။ ရန်ကုန်တိုင်းအတွင်းမှာတော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးက သူနာပြုအုပ် ဒေါ်သက်သက်သက်သိန်းက ကိုဗစ် 19 ကာကွယ် ဆေး ပထမဆုံးထိုးနှံခံရသူ ဖြစ်တယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနက ကြေညာထားပါတယ်။
ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ဖို့အတွက် လှုပ်ရှားဆောင်ရွက်မယ့် အဆင့်လိုက် အစီအစဉ်တွေကို ဗုဒ္ဓဟူးနေ့က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် လက်မှတ်ရေးထိုးလိုက်ပါတယ်။ ခိုင်မာတဲ့ မူဝါဒချမှတ်မှုတွေအဖြစ် သူတို့ အစိုးရအနေနဲ့ပြန်လည် ပြုပြင်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သမ္မတ ဘိုင်ဒန်က ပြောကြားသွားပါတယ်။
COVID 19 ကာကွယ်ဆေး ထုတ်လုပ်နေတဲ့ အိန္ဒိယနိုင်ငံ၊ Hyderabad မြို့ အခြေစိုက် Bharat Biotech Ltd ဆေး ကုမ္ပဏီက မြန်မာ နဲ့ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေမှာ ကာကွယ်ဆေးထိရောက်မှုနဲ့ ပတ်သက်တဲ့ စမ်းသပ်မှုတွေ ပြုလုပ်နိုင်ဖို့ ခွင့်ပြုချက် ရယူဖို့ ကြိုးစားနေပါတယ်။
အမေရိကန်နဲ့ ရုရှား အကြား နျူးကလီးယား လက်နက် ထိန်းချုပ်ရေး သဘောတူစာချုပ်ကို နောက်ထပ် ငါးနှစ် တိုးဖို့ ရုရှားလွှတ်တော်အမတ်တွေဟာ ဗုဒ္ဓဟူးနေ့က အလျင်အမြန်ပဲ အတည်ပြုခဲ့ကြပြီး စာချုပ် သက်တမ်းကုန်ဆုံးဖို့ မတိုင်ခင် ရက်အနည်းငယ်အလိုမှာ အခုလို ရုရှားလွှတ်တော်က အတည်ပြုလိုက်တာဖြစ်ပါတယ်။
တရုတ်ရဲ့ အားထုတ်မှုကို ခုခံစိန်ခေါ်ဖို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ ကုလသမဂ္ဂနဲ့ ပြန်ပြီး ထိတွေ့ ဆက်ဆံဖို့ အရေးကြီးကြောင်း အမေရိကန်ရဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီးအဖြစ် သမ္မတ ဂျိုးဘိုင်ဒန် အမည်စာရင်းတင်သွင်းထားသူ Linda Thomas-Greenfield က မနေ့က အလေးအနက် ပြောကြားလိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ်အတွင်း ကမ္ဘာတစ်ဝှမ်း အလုပ်လက်မဲ့ ဖြစ်ခဲ့ရသူ စုစုပေါင်း ၂၅၅ သန်းရှိတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
ဗြိတိန်နိုင်ငံမှာ ဆိုးရွားနေတဲ့ COVID-19 ကပ်ရောဂါအခြေအနေကို ထိန်းချုပ်နိုင်ဖို့ပြင်းထန် တင်းကျပ်တဲ့ နယ်စပ်ကန့်သတ်ချက်တွေကို ပြဌာန်းဖို့ရှိနေကြောင်း ဗြိတိန် ဝန်ကြီးချုပ် Boris Johnson က ဗုဒ္ဓဟူးနေ့ က ကြေညာခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၄၃၄ ယောက် ထပ်တိုးပြီး သေဆုံးသူ ၇ ယောက် ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဘီးလင်းဒေသက ကရင်ကျေးရွာသားများ ဆန္ဒပြမြင်ကွင်း တချို့။ ~~~~ ဘီးလငျးဒသေက ကရငျကြေးရှာသားမြား ဆန်ဒပွမွငျကှငျး တခြို့။
သမ္မတဘိုင်ဒန်ရဲ့ အခုလိုပြောဆိုချက်တွေက သမ္မတဟောင်း ဒေါ်နယ်လ်ဒ် ထရမ့်ပ်နဲ့ သိသိသာသာကွဲပြားတဲ့ ရပ်တည်ချက် နောက်တခုကို ထပ်ပြလိုက်သလိုပါပဲ။ သမ္မတထရမ့်ပ်ကတော့ သမ္မတတပူတင်နဲ့ ဆက်ဆံရေးကောင်းမွန်တဲ့အပေါ် မကြာခဏ အမွှမ်းတင်ပြောဆိုလေ့ရှိခဲ့သူပါ။
သမ္မတဟောင်းကို တရားစွဲဆိုထားတဲ့အပေါ် ကြားနာပွဲလုပ်မလုပ် အင်္ဂါနေ့က အထက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်တာမှာ ထောက်ခံမဲ ၅၅ မဲ၊ ကန့်ကွက်မဲ ၄၅ မဲနဲ့ ကြားနာပွဲလုပ်ဖို့ ကျခဲ့ပေမယ့် ဒီမိုကရက်အမတ် ၅၀ လုံးနဲ့အတူ ထောက်ခံမဲပေးခဲ့တာ ရီပတ်ဘလီကန်အမတ် ၅ ယောက်ပဲ ရှိပါတယ်။
အမေရိကန်လူဦးရေ သန်း ၃၀၀ လုံးကို နောက်နှစ် ဆောင်းဦးပေါက်ရာသီအစပိုင်း နောက်ဆုံးထားပြီး COVID-19 ကာကွယ်ဆေး ထိုးပေးဖို့အတွက် ကာကွယ်ဆေးအလုံးရေ သန်း ၂၀၀ ထပ်မှာထားတယ်လို့ သမ္မတ ဂျိုး ဘိုင်ဒန်က အင်္ဂါနေ့မှာပြောပါတယ်။
နယ်သာလန်နိုင်ငံမှာ အစိုးရ ထုတ်ပြန်လိုက်တဲ့ COVID-19 ကူးစက်ပြန့်နှံ့မှုကို ထိန်းချုပ်ဖို့ ညမထွက်ရ အမိန့်ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ စနေနေ့ က စတင်ဖြစ်ပွားခဲ့ရာမှာ အကြမ်းဖက်မှုတွေရှိနေပြီး တနင်္လာနေ့က ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ကြား ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။
အာဖဂန် တာလီဘန် အဆင့်မြင့် ခေါင်းဆောင်အဖွဲ့ တစ်ဖွဲ့ အင်္ဂါနေ့က အီရန်နိုင်ငံကို သွားရောက်ပြီး အမေရိကန် ကြားဝင် စေ့စပ် ပေးတဲ့ ငြိမ်းချမ်းရေး စေ့စပ် ဆွေးနွေးပွဲတွေအပေါ် အမြင်ချင်း ဖလှယ်ခဲ့ကြပါတယ်။
ဗြိတိန်နိုင်ငံမှာ အင်္ဂါနေ့က ထုတ်ပြန်တဲ့ တရားဝင်ကိန်းဂဏန်း အချက်အလက်တွေအရ ရက်ပေါင်း ၂၈ ရက်အတွင်း COVID-19 ရောဂါကြောင့် လူပေါင်း ၁၀၀,၀၀၀ ကျော်သေဆုံးခဲ့ပြီ ဖြစ်ပါတယ်။
သမ္မတ Biden အဆိုပြုထားတဲ့ Antony Blinken ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနေရာခန့်အပ်ဖို့အတွက် အင်္ဂါနေ့ က အထက်လွှတ်တော်မှာ အလွယ်တကူပဲ အတည်ပြုလိုက်ပါတယ်။
ဇန်နဝါရီ ၆ရက်နေ့က Trump ထောက်ခံသူထောင်ပေါင်းများစွာကနေ လွှတ်တော်အဆောက်အအုံထဲ ဝင်ရောက်စီးနင်းမှုမှာ လှုံဆော်ခဲ့တဲ့ ပြစ်မှုနဲ့ သမ္မတဟောင်းTrump ကို အရေးယူမယ့်ကိစ္စနဲ့ ပတ်သက်လို့ ကြားနာစစ်ဆေးဖို့ အမေရိကန် အထက်လွှတ်တော် အမတ်တွေဟာ တရားသူကြီးတွေနဲ့ ဂျုရီလူကြီးတွေအဖြစ် ထမ်းဆောင်ဖို့ ကျမ်းသစ္စာကျိန်ဆိုခဲ့ကြပါတယ်။
ထောင်ပေါင်းများစွာသော လယ်သမားတွေရဲ့ ဆန္ဒပြမှုကိုရင်ဆိုင်နေရတဲ့ အိန္ဒိယအစိုးရက နယူးဒေလီမြို့တော်မှာ အရံတပ်ဖွဲ့အင်အား ၂၀၀၀ ကို အားဖြည့်တပ်စွဲ ချထားဖို့ အင်္ဂါနေ့က အမိန့်ထုတ်ပြန်လိုက် ပါတယ်။
နောက်ထပ်ကြည့်ရှုရန်