အရှေ့တောင်အာရှဒေသက ကမ္ဘာ့ စတုတ္ထ လူဦးရေ အများဆုံးနိုင်ငံ ဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာ COVID-19 ကူးစက်ခံရသူ ၁ သန်း ကျော်သွားပြီဖြစ်ပါတယ်။
COVID-19 ကာကွယ်ဆေးတွေ ပိုမိုရရှိလာတာဟာ ကမ္ဘာတဝှမ်း စီးပွားရေးအရ ဒီနှစ်အတွင်း ပြန်လည်နာလန်ထူလာစေမယ်လို့ မျှော်လင့်ရကြောင်းနိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က အင်္ဂါနေ့က ခန့်မှန်းလိုက်ပါတယ်။
COVID-19 ကာကွယ်ဆေးတွေကို ဖြန့်ဖြူးတဲ့နေရာမှာ ပိုပြီး ညီတူညီမျှ ဖြန့်ဝေဖို့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲက အင်္ဂါနေ့က နှစ်ဆတိုး တောင်းဆိုလိုက်ပါတယ်။
ချမ်းသာကြွယ်ဝတဲ့နိုင်ငံတွေအနေနဲ့ ကိုဗစ်၁၉ ကာကွယ်ဆေးတွေကို အလွန်အက သိုလှောင်ထားတာမျိုး မလုပ်ဘဲ ကမ္ဘာ့ ကပ်ရောဂါတိုက်ဖျက်ရေးမှာ တကမ္ဘာလုံးအတူတကွဆောင်ရွက်သွားဖို့လိုတယ်လို့ တောင်အာဖရိကသမ္မတ Cyril Ramaphosa က အင်္ဂါနေ့က ပြောဆိုလိုက်ပါတယ်။
သမ္မတဟောင်း Donald Trump ကို အရေးယူဖို့ တရားစွဲဆိုတဲ့အမှု ကြားနာ စစ်ဆေးတဲ့အခါ တရားသူကြီးတွေနဲ့ ဂျုရီလူကြီးတွေအဖြစ် ထမ်းဆောင်ဖို့ အမေရိကန် အထက်လွှတ်တော်အမတ်တွေ ဒီကနေ့ အင်္ဂါနေ့မှာ ကျမ်းသစ္စာကျိန်ဆိုမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဒီကနေ့ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်သူ ၄၁၁ ယောက်ထပ်ပြီး အတည်ပြုလိုက်တဲ့အတွက်အခုထိ ကူးစက်သူ စုစုပေါင်း ၁၃၈,၃၆၈ ယောက်ရှိပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID – 19 ကြောင့် သေဆုံးသူက ၁၃ ယောက်ရှိတာကြောင့် အခုထိသေဆုံးသူ စုစုပေါင်း ၃,၀၈၂ ယောက်ရှိပါတယ်။
ဗြိတိန်နိုင်ငံ၊ တောင်အာဖရိကနဲ့ ဘရာဇီးလ်နိုင်ငံတွေမှာ ဖြစ်ပေါ်နေတဲ့ မျိုးဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်ပိုးသစ်ကို စမ်းသပ်နိုင်တဲ့ COVID 19 စမ်းသပ်ကိရိယာ Test kit ထုတ်လုပ်ထားပြီလို့ ပီရူးအခြေစိုက်ဆေး ကုမ္ပဏီက ပြောလိုက်ပါတယ်။
တရုတ်နဲ့ အမေရိကန်ကြား နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ဖို့ အခြေအနေရှိပေမဲ့လည်း တရုတ်က အမေရိကန်ရဲ့ အကျိုးစီးပွါးအပေါ် စိန်ခေါ်မှုတွေ လုပ်ဆောင်နေတယ်ဆိုတာ သိသာထင်ရှားနေတယ်လို့ Mr. Blinken ကပြောပါတယ်။
Venezuela နိုင်ငံက အတိုက်အခံခေါင်းဆောင် Juan Guaido ဟာ နိုင်ငံ့အတွက် အရေးပါသူတဦးဖြစ်ပေမယ့် သူ့ကို ယာယီသမ္မတအဖြစ် ဆက်ပြီးသတ်မှတ်တော့မှာ မဟုတ်ကြောင်း အီးယူဥရောပသမဂ္ဂက တနင်္လာနေ့မှာ ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။
American Rescue Plan လို့ခေါ်တဲ့ သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ ဒေါ်လာ ၁.၉ထရီလီယံ တန်ဖိုးရှိတဲ့ ကိုဗစ်-၁၉ထောက်ပံ့ရေး အစီအစဉ်သစ် ဟာ အရင်သမ္မတ ဒေါ်နယ်လ်ထရမ့်လက်ထက်က ထောက်ပံ့မှုမျိုးနဲ့ ဘာတွေကွာခြားသလဲ။
အင်ဒိုနီးရှားရေပိုင်နက် အတွင်း တရားမဝင် ရေနံ လွှဲပြောင်းမှု သံသယနဲ့ အီရန် ရေနံတင် သဘောၤနဲ့ ပနားမား ကုန်တင် သဘောၤကို ဖမ်းဆီးကြောင်း တနလာၤနေ့မှာ အင်ဒိုနီးရှား အာဏာပိုင်တွေက ပြောပါတယ်။
အိန္ဒိယနဲ့ တရုတ် နယ်စပ် အရှေ့ပိုင်း ဟိမဝန္တာ ဒေသမှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း နှစ်ဘက် စစ်သားတွေ ထိပ်တိုက်တွေ့ အချင်းဖြစ်ခဲ့တယ်လို့ အိန္ဒိယ စစ်တပ်က ပြောပါတယ်။ တရုတ်ဘက်ကတော့ ခိုက်ရန် ဖြစ်ပွားတယ်ဆိုတာကို အတည်မပြုပါဘူး။
ဗြိတိန်နဲ့ တောင်အာဖရိကမှာ တွေ့ရတဲ့ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ပိုးသစ် ကို တိုက်ထုတ်မယ့် ခန္ဓာကိုယ်တွင်း ခုခံကာကွယ်နိုင်စွမ်းကို သူတို့ရဲ့ COVID- 19 ကာကွယ်ဆေးက ထုတ်ပေးနိုင်စွမ်းရှိပုံရတာ တွေ့ရတယ်လို့ အမေရိကန်ဆေးကုမ္ပဏီ Moderna က တနင်္လာနေ့မှာ ကြေညာချက်ထုတ်ပြန် ပြောကြားလိုက်ပါတယ်။
အီးယူဥရောပသမဂ္ဂ နိုင်ငံတွေအတွက် နိုင်ငံတကာ နယ်စပ်ဂိတ်တွေ ပြန်ဖွင့်ပြီး ခရီးသွားလုပ်ငန်း မြှင့်တင်ရေး လုပ်နိုင်မယ့် နည်းလမ်းတွေကို ရှာနေကြချိန်မှာပဲ ခရီးသွားဖို့ လိုအပ်ချက်တခု အနေနဲ့ ကာကွယ်ဆေးထိုးမှုဆိုင်ရာ နိုင်ငံကူးလက်မှတ် ထားသင့်မသင့် အီးယူအစိုးရတွေကြား သဘောထား ကွဲလွဲနေကြပါတယ်။
အမေရိကန် စစ်တပ်မှာ လိင်အင်္ဂါပြောင်းထားသူတွေ တာဝန်ထမ်းဆောင်ခွင့် တားမြစ်ထားတာကို ပယ်ဖျက်ဖို့ သမ္မတသစ် ဂျိုးဘိုင်ဒန်က တနင်္လာနေ့မှာ သမ္မတအမိန့်တရပ်ကို ထုတ်ပြန်လိုက်ပါတယ်။
ထိုင်းနိုင်ငံတွင်းက ကိုရိုနာဗိုင်းရပ်စ် ကူးစက်နိုင်ခြေများတဲ့ အစုအဖွဲ့တွေကို ရှေ့လထဲ AstraZeneca ရဲ့ COVID 19 ကာကွယ်ဆေး စတင်ထိုးနှံပေးမယ့် အကြောင်း အစိုးရက ပြောဆိုထားပါတယ်။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ည ၈ နာရီထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ အတည်ပြုလူနာသစ် ၃၈၃ ယောက်မို့ ဒါဟာ ရက်ပေါင်းများစွာအတွင် ၄၀၀ အောက်အရေအတွက် ပထမဆုံးကျဆင်းသွားတာဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စု Capitol လွှတ်တော်အဆောက်အဦးအပေါ် တိုက်ခိုက်ခဲ့သူတွေ ဆူပူထကြွအောင် သမ္မတဟောင်း Donald Trump က လှုံ့ဆော်ခဲ့တယ်ဆိုတဲ့ အမှုနဲ့ အောက်လွှတ်တော်က စွဲချက်တင်ထားတဲ့ အမှုအတွက် အောက်လွှတ်တော်က အမှုကိုယ်စားလေ ျှာက်ထားသူတွေ ဒီနေ့ တနင်္လာနေ့ညကျရင် အထက်လွှတ်တော်ကို အမှုတင်ပြမှာ ဖြစ်ပါတယ်။
ဒီမိုကရေစီအသွင်ကူးပြောင်းပြီး အရပ်သားအစိုးရ တက်လာပေမယ့်လည်း မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးအခြေအနေတွေ အထူးသဖြင့် လူနည်းစု လူမျိုးအခွင့်အရေးတွေနဲ့ပတ်သက်လို့ စိုးရိမ်စရာတွေ ရှိနေသေးတယ်လို့ နိုင်ငံတကာက ဝေဖန်ခဲ့ကြပါတယ်။
ကမ္ဘာတဝန်း ကိုဗစ်ကပ်ရောဂါ ဆက်လက် ကူးစက်ပျံ့နှံ့နေတာနဲ့အတူ ထပ်ပြီးတေ့ွလာရတဲ့ ဗီဇပြောင်း ကိုဗစ်ပိုးသစ်တွေအကြောင်း သိရှိအောင် အမေရိကန်ပြည်ထောင်စုက ဆောင်ရွက်နေပါတယ်။
နောက်ထပ်ကြည့်ရှုရန်