အမေရိကန်ပြည်ထောင်စုမှာ COVID-19 အတည်ပြုလူနာ တနင်္ဂနွေနေ့က ၂၅ သန်းကျော်သွားပါပြီ။ ဒီအခြေအနေမှာပဲ ပြည်သူသန်းနဲ့ချီအတွက် ကိုဗစ်ကာကွယ်ဆေးထိုးပေးဖို့ အစိုးရသစ်ရဲ့ ဆောင်ရွက်မှုတွေ နှောင့်နှေးနေသေးတယ်လို့ သမ္မတသစ် Joe Biden အစိုးရက တနင်္ဂနွေနေ့က ပြောကြားပါတယ်။
ကိုဗစ်ကပ်ရောဂါကာလ မြန်မာနိုင်ငံမှာ စာသင်ကျောင်းတွေ ပိတ်ထားရတာကြောင့် ပညာရေးထိခိုက်မှာ စိုးရိမ်လာကြပါတယ်။ ပညာရေးနောက်ကျမကျန်အောင် သင်ကြားမှုနည်းစနစ် ပုံစံသစ်တွေ စဉ်းစားဖို့လည်း ပညာရေးကဏ္ဍက ကျွမ်းကျင်သူတွေ တိုက်တွန်းနေကြတာပါ။ ဗွီအိုအေ သတင်းထောက် အိမ့်သန္တာထွန်းက သတင်းပေးပို့ထားပါတယ်
ဆော်ဒီက အကူအညီပေးနေတဲ့ ယီမင်အစိုးရနဲ့ ဟူသီသူပုန်တွေကြား တိုက်ပွဲတွေ ဖြစ်ပွါးနေတာ ၆ နှစ်နီးပါး ရှိလာချိန်မှာ တနင်္ဂနွေနေ့ကတော့ နှစ်ဖက် အကျဉ်းသားလဲလှယ်ရေးအတွက် ညှိနှိုင်းမှုတွေကို ကုလသမဂ္ဂ ထောက်ပံ့မှုနဲ့ ပြန်လည်စတင် လုပ်ဆောင်ခဲ့တယ်လို့ ကုလသမဂ္ဂနဲ့ ယီမင်တာဝန်ရှိသူတွေက ပြောပါတယ်။
အာဖဂန်နစ္စတန် ငြိမ်းချမ်းရေးအတွက် အမေရိကန်နဲ့ တာလီဘန်တွေကြား ရရှိခဲ့တဲ့ သဘောတူညီချက် အစိတ်အပိုင်းတခုအဖြစ် အာဖဂန်အစိုးရက လွှတ်ပေးခဲ့တဲ့ တာလီဘန်တွေထဲက ၆၀၀ ကို ပြန်ပြီး ဖမ်းဆီးလိုက်တယ်လို့ အာဖဂန် အမျိုးသားလုံခြုံရေးအကြံပေး Hamdullah Mohib က တနင်္ဂနွေနေ့မှာ ကြေညာလိုက်ပါတယ်။
ရုရှားနိုင်ငံမှာ အတိုက်အခံခေါင်းဆောင် Alexei Navalny ကို ထောက်ခံသူတွေရဲ့ ဆန္ဒပြပွဲတွေမှာ ထောင်နဲ့ချီ အဖမ်းဆီးခံရတာဟာ တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေကြောင်းနဲ့ ဒီအတွက် ရုရှားအစိုးရကို ဒဏ်ခတ်အရေးယူကြဖို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Yves Le Drian က တနင်္ဂနွေနေ့မှာ တောင်းဆိုလိုက်ပါတယ်။
အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၅ သန်းကျော်နေပြီလို့ Johns Hopkins တက္ကသိုလ်ရဲ့ တနင်္ဂနွေနေ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။
ကမ္ဘာပေါ်မှာ အလိုရှိဆုံး ဝရမ်းပြေးစာရင်းဝင် အာရှ မူးယစ်ဆေးဝါးဂိုဏ်း ခေါင်းဆောင်တဦးလို့ စွပ်စွဲခံထားရသူကို ဖမ်းဆီးနိုင်ခဲ့ကြောင်း နယ်သာလန်နိုင်ငံ ရဲတပ်ဖွဲ့က စနေနေ့က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့က မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ အိန္ဒိယထုတ် COVID-19 ရောဂါကာကွယ်ဆေး အလုံးရေ ၁,၅၀၀,၀၀၀ ကို ဒီသီတင်းပတ်အတွင်း စတင်ထိုးနှံဖို့ မြန်မာအစိုးရက စီစဉ်ထားပါတယ်။
တရုတ်နိုင်ငံမှာ ဇန်နဝါရီလ ၁၀ ရက်နေ့က ရွှေတွင်းတူးဖော်တဲ့နေရာမှာ မိုင်းပေါက်ကွဲမှုကြောင့် ပိတ်မိနေတဲ့ အလုပ်သမား ၁၁ ယောက်ကို ကယ်ဆယ်ရေးအဖွဲ့ကနေ တနင်္ဂနွေနေ့က မြေပေါ်ကို ဆွဲထုတ်ကယ်ဆယ်နိုင်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ဒီကနေ့ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်သူ ၄၇၆ ယောက် ထပ်ပြီး အတည်ပြုလိုက်တဲ့အတွက် အခုထိ ကူးစက်သူ စုစုပေါင်း ၁၃၇,၅၇၄ ယောက်ရှိပြီ ဖြစ်ပါတယ်။
(Zawgyi / Unicode) လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ NCA အပစ်ရပ်သဘောတူညီချက်အတိုင်း လိုက်နာ အကောင်အထည်ဖော်ကြဖို့ မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှာ ဒီနေ့လုပ်တဲ့ စစ်ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲမှာ တောင်းဆိုခဲ့ကြပါတယ်။ (ဇန်နဝါရီ ၂၄၊ ၂၀၂၁။ ဓာတ်ပုံ - စောမြအေး)
ဗြိတိန်ဝန်ကြီးချုပ် Boris Johnson က အမေရိကန်သမ္မတ Joe Biden နဲ့ ပထမဆုံးအကြိမ် တယ်လီဖုန်းဆက်သွယ် စကားပြောပြီး အမေရိကန်နဲ့ ဗြိတိန်နိုင်ငံအကြား ကုန်သွယ်ရေး သဘောတူညီချက် ရရှိရေး ဆန္ဒပြင်းပြနေကြောင်း အသိပေး ပြောကြားလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံကနေ ဆန်တန်ချိန် ၁ သိန်း ဝယ်သွားမှာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ပြောလိုက်ပါတယ်။
တရုတ်နိုင်ငံနဲ့ ထိုင်ဝမ်ကြား တင်းမာမှုတွေ ဖြစ်နေချိန်မှာပဲ အမေရိကန်ရဲ့ လေယာဉ်တင် စစ်သင်္ဘောအုပ်စုဟာ တောင်တရုတ်ပင်လယ်ထဲကို ဝင်ရောက်သွားခဲ့တယ်လို့ အမေရိကန်စစ်တပ်က ဒီနေ့ပြောပါတယ်။
အမေရိကန်နဲ့ တာလီဘန်တို့ကြား မနှစ်ကရရှိခဲ့တဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်ကို ပြန်ပြီးသုံးသပ်မှာဖြစ်ကြောင်း အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan က အာဖဂန်နစ္စတန် အမျိုးသားလုံခြုံရေးအကြံပေးကို သောကြာနေ့က တယ်လီဖုန်းနဲ့ ဆက်သွယ်ပြောကြားခဲ့တယ်လို့ သမ္မတအိမ်ဖြူတော်က ကြေညာချက် ထုတ်ပြန်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု များပြားလာနေတဲ့ ဟောင်ကောင်မှာ ထောင်နဲ့ချီတဲ့ လူတွေ နေထိုင်တဲ့ Yau Tsim Mong အရပ်ကို စနေနေ့ကစပြီး အသွားအလာ ပိတ်ပင်လိုက်ပါတယ်။
ကူးစက်မြန် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်မျိုးသစ်တွေ တွေ့လာရပေမယ့် ဒီပိုးသစ်ကလည်း အရင်ပိုးလိုပဲ ကူးစက်မှုပုံစံတူတဲ့အတွက် WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ရက်ထည်နှာခေါင်းစည်း တပ်ဆင်သင့်ကြောင်း အကြံပေး လမ်းညွှန်ချက်ကို ပြင်ဆင်ဖို့ အစီအစဉ် မရှိဘူးလို့ WHO က သောကြာနေ့မှာ ပြောပါတယ်။
တောင်တရုတ်ပင်လယ်ထဲက ရေပြင်ပိုင်နက်နယ်မြေ အများစုကို ပိုင်ဆိုင်တယ်ဆိုတဲ့ တရုတ်နိုင်ငံရဲ့ ကြေညာချက်ကို လက်မခံဘဲ ဥပဒေကြောင်းအရ စိန်ခေါ်လာတဲ့ နိုင်ငံတွေထဲ ဂျပန်နိုင်ငံလည်း ပါဝင်လာပြီ ဖြစ်ပါတယ်။
ထိုင်ဝမ်ကာကွယ်ရေးဇုန်ထဲ စနေနေ့က ဝင်ရောက်လာတဲ့ တရုတ် စစ်လေယာဉ်တွေကို ဇုန်ထဲကနေ ထွက်ခွာဖို့ ထိုင်ဝမ်လေတပ်က သတိပေးခဲ့ရတယ်လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ရုရှားနိုင်ငံတလွှား စနေနေ့က အတိုက်အခံခေါင်းဆောင် Alexei Navalny ကို ထောက်ခံတဲ့ ဆန္ဒပြသူ ရာနဲ့ချီ အဖမ်းခံခဲ့ရတဲ့ထဲမှာ Nalvany ရဲ့ဇနီးဖြစ်သူ Yulia Navalnaya လည်း ပါဝင်နေပါတယ်။
နောက်ထပ်ကြည့်ရှုရန်