ကမ္ဘာတလွှား ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဒဏ်ခံရတာ တနှစ်ရှိလာချိန်မှာ ဒီရောဂါပိုး ကူးစက်ခံရသူက သန်း ၁၀၀ နီးပါး ရှိနေပါပြီ။ ဒီရောဂါကို စောင့်ကြည့်လေ့လာနေတဲ့ Johns Hopkins တက္ကသိုလ်စစ်တမ်းအရ စနေနေ့မှာ ဒီရောဂါကူးစက်ခံရသူ ၉၈ သန်းကျော်ရှိပြီး သေဆုံးရသူက ၂ သန်းကျော် ရှိနေပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၅၀၇ ယောက် ထပ်တိုးပြီး သေဆုံးသူ ၁၄ ယောက် ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နာမည်ကျော် ရုပ်သံအစီအစဉ် တင်ဆက်သူ Larry King ဟာ အသက် ၈၇ နှစ်အရွယ် ဒီကနေ့မှာ ကွယ်လွန်သွားပါပြီ။
ဖမ်းဆီးခံထားရတဲ့ ရုရှားအတိုက်အခံခေါင်းဆောင် Alexei Navalny ကို ထောက်ခံသူတွေ ရုရှားမြို့ကြီး ၆၀ ကျော်မှာ ဒီကနေ့ ဆန္ဒပြကြပြီး ရဲတပ်ဖွဲ့ကလည်း ဖမ်းဆီးတာတွေ ရှိခဲ့ပါတယ်။
သမ္မတဟောင်း Donald Trump ကို အောက်လွှတ်တော်က တရားစွဲဆိုထားတာနဲ့ ပတ်သက်ပြီး ဖေဖော်ဝါရီလ ၈ ရက်နေ့ကျရင် အထက်လွှတ်တော်မှာ စပြီး စစ်ဆေးတော့မှာ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံသား ဘယ်လောက်အရေအတွက်ထိ အစွန်းရောက်ဝါဒ ရိုက်သွင်းခံထားရပြီလဲဆိုတဲ့ စိုးရိမ်ချက်တွေကြောင့် ပြည်တွင်း အစွန်းရောက်ဝါဒ တန်ပြန်ရေး လုပ်ဆောင်နေတာတွေအပေါ် သမ္မတ Joe Biden အစိုးရက ပြန်သုံးသပ်နေပြီး လုပ်ဆောင်မှုတွေက လုံလောက်ရဲ့လားဆိုတာ ဆန်းစစ်နေပါတယ်။
မြန်မာနိုင်ငံက ရုရှားနိုင်ငံကနေ လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည် စနစ်နဲ့ မောင်းသူမဲ့ လေယာဉ် drone တွေ ဝယ်ယူမှာ ဖြစ်ပါတယ်။
WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးမှာ အမေရိကန်ပြန်လည်ပါဝင်ဖို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က လက်မှတ်ရေးထိုးခဲ့တဲ့ နောက် သောကြာနေ့မှာ WHO က အမေရိကန်နိုင်ငံ အဖွဲ့ထဲ ပြန်ဝင်လာတာကို တရားဝင်ကြိုဆိုလိုက်ပါတယ်။
သမ္မတဟောင်း ဒေါ်နယ်ထရမ့်အပေါ် တရားစွဲဆိုချက် စာတမ်းကို အောက်လွှတ်တော် ဥက္ကဌ Nancy Pelosi က တနင်္လာနေ့မှာ ပေးပို့မှာဖြစ်ကြောင်း အထက်လွှတ်တော် အမတ်အများစုခေါင်းဆောင် ဖြစ်လာတဲ့ ဒီမိုကရက်တစ်ပါတီဝင် Chuck Schumer က သောကြာနေ့မှာ ပြောပါတယ်။
အမေရိကန်ကာကွယ်ရေးဝန်ကြီးအဖြစ် သမ္မတဂျိုးဘိုင်ဒန် အမည်စာရင်းတင်သွင်းထားတဲ့ အငြိမ်းစားဗိုလ်ချုပ်ကြီး Lloyd Austin ကို အထက်လွှတ်တော်က သောကြာနေ့မှာ အတည်ပြုပေးလိုက်ပါပြီ။
ဒီနှစ်ထဲ ကျင်းပမယ့် တိုကျိုအိုလံပစ်အားကစားပွဲတော်ကို စီစဉ်ထားတဲ့အတိုင်း ကျင်းပသွားဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့ ဂျပန် ဝန်ကြီးချုပ် Yoshihide Suga က သောကြာနေ့က ပြောပါတယ်။
ဗီယက်နမ်နိုင်ငံက လှုပ်ရှားတက်ကြွသူတွေကို ဖိနှိပ်ချုပ်ချယ် အရေးယူမှုတွေ ပြုလုပ်နေတဲ့ အပေါ် ပြစ်တင် ရှုတ်ချတဲ့ ဆုံးဖြတ်ချက်တရပ်ကို ဥရောပ သမဂ္ဂ (EU) က ကြာသပတေးနေ့က မဲခွဲ ဆုံးဖြတ် အတည်ပြုခဲ့ပါတယ်။
WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးဟာ Pfizer/BioNTech ကုမ္ပဏီဆီက COVID-19 ကာကွယ်ဆေး အလုံးပေါင်း သန်း ၄၀ ရဖို့ သဘောတူညီချက်ရပြီဖြစ်ကြောင်းနဲ့ ဒါဟာ COVAX အစီစဉ်နဲ့ ဆင်းရဲတဲ့ နိုင်ငံတွေ၊ ဝင်ငွေအလယ်လတ်ရှိတဲ့ နိုင်ငံတွေမှာ ရှေ့လထဲ ကာကွယ်ဆေးထိုးရေးကို စတင်ဖို့ လုပ်နိုင်တော့မှာ ဖြစ်ကြောင်း WHO အကြီးအကဲပြောပါတယ်။
မြန်မာနိုင်ငံ COVID-19 အတည်ပြုလူနာသစ်စာရင်းမှာ ဒီနေ့ ၄၂၅ ယောက် ထပ်တိုးပါတယ်။ ဇန်နဝါရီလ ၂၂ ရက် သောကြာနေ့အတွက် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ည ၈ နာရီထုတ်ပြန်ချက်အရ အတည်ပြုလူနာ ၄၂၅ ယောက်၊ သေဆုံးလူနာ ၁၈ ယောက်ဖြစ်ပါတယ်။
မန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၅၁ နိုင်ငံက လက်မှတ်ထိုးထားတဲ့ နျူကလီးယားလက်နက်တားမြစ်ရေး (TPNW) သဘောတူစာချုပ်ထဲမှာ အမေရိကန်ပြည်ထောင်စုနဲ့ နျူကလီးယားလက်နက်တွေ ပိုင်ဆိုင်ထားကြတဲ့ အင်အားကြီးနိုင်ငံတွေကတော့ ပါဝင်လက်မှတ်ထိုးထားခြင်း မရှိသေးပါဘူး။
အိန္ဒိယက အခမဲ့ပေးတဲ့ ကိုဗစ်ကာကွယ်ဆေး မြန်မာနိုင်ငံရောက်ရှိ။ (သတင်းဓာတ်ပုံ)
အမေရိကန်ပြည်ထောင်စုမှာ COVID-19 ကပ်ရောဂါကြောင့် သေဆုံးသူ ရှေ့လကျရင် ၅၀၀,၀၀၀ လောက်အထိရှိသွားနိုင်တယ်လို့ သမ္မတ Joe Biden က သတိပေးလိုက်ပါတယ်။ ကပ်ရောဂါတိုက်ဖျက်ရေး Biden အစိုးရသစ်ရဲ့ အစီအစဉ်တွေကို ကြာသပတေးနေ့က ရှင်းလင်းပြစဉ်က ခုလို ပြောကြားခဲ့တာပါ။
မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကြောင့် စာသင်နှစ်တနှစ်နီးပါး ကျောင်းတွေ ပိတ်ထားရတာကြောင့် ပုဂ္ဂလိက ပညာရေးလုပ်ငန်းတွေ ဆက်လက် ရပ်တည်နိုင်ရေး အခက်ကြုံနေရပါတယ်။ ပုဂ္ဂလိက ပညာရေးကဏ္ဍမှာ ဘယ်လို စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါသလဲ၊ ကျော်လွှားနိုင်အောင် ဘာတွေလုပ်ဖို့ လိုနေသလဲ ဆိုတာတွေကို ပြောပြပါမယ်။
မနတ်ဖြန် စနေညမှာ တင်ဆက်ပေးမယ့် မျက်မှောက်ရေးရာ ဆွေးနွေးခန်း အစီအစဉ်မှာ အစိုးရအကူးအပြောင်းနဲ့ တပ်မတော်ရဲ့ နိုင်ငံရေးသဘောထားအကြောင်း ဆွေးနွေးတင်ပြသွားမှာပါ။ ဝန်ကြီးဟောင်း ဦးရဲထွဋ်၊ စစ်ရေးနိုင်ငံရေးလေ့လာသူ ဦးမောင်မောင်စိုး တို့နဲ့အတူ Chanel FFE မီဒီယာက ကိုမှူးသစ်က ဆွေးနွေးတင်ပြထားပါတယ်။
ဆက်လက်ပြီး ကမ္ဘာ့သတင်းမီဒီယာတွေမှာ ရေးသားတဲ့ မြန်မာနိုင်ငံဆိုင်ရာ သတင်း ဆောင်းပါးတချို့ကို မအင်ကြင်းနိုင် မူရင်းအာဘော် မပျက် စုစည်းတင်ပြထားတာကို ကြည့်ရှု့ နိုင်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်