မြန်မာနိုင်ငံအနေနဲ့ အမေရိကန်အစိုးရသစ်နဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်ဆိုတာကို မြန်မာ့အရေး အကဲခတ်တွေက ထောက်ပြကြပါတယ်။ ဒီမိုကရစီနဲ့ လူ့အခွင့်အရေးအတွက် တစိုက်မတ်မတ် ထောက်ခံခဲ့တဲ့ လက်တွဲဘက် နိုင်ငံတခုဖြစ်တာကြောင့် ဆက်ဆံရေး အရေးကြီးတာကို နားလည်ဖို့ ထောက်ပြ ပြောဆိုနေကြတာပါ။
ကမ္ဘာ့ အမြင့်ဆုံး ဧဝရတ်တောင်ပေါ်မှာ တောင်တက်သမားတွေ ချန်ရစ်ခဲ့တဲ့ အမှိုက်တွေကို အနုပညာ ပစ္စည်းတွေအဖြစ် အသွင် ပြောင်းလဲပစ်ပြီး အနီးအနားက ပန်းချီပြခန်းတခုမှာ ပြသသွားဖို့ ဒေသခံ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေက စီစဉ်နေပြီ ဖြစ် ပါတယ်။
အမေရိကန် ဗဟိုအစိုးရထောက်လှမ်းရေးဗျူရို FBI အကြီးအကဲ Christopher Wray ရဲ့ လုပ်ဆောင်ချက်တွေ အတွက် သူယုံကြည်မှုရှိတာကြောင့် Wrayကို ဒီရာထူးမှာပဲ ဆက်လက်ထမ်းဆောင်ဖို့ သမ္မတသစ်ဂျိုးဘိုင်ဒန်က ပန်ကြားလိုက်ကြောင်း သမ္မတအိမ်ဖြူက ကြာသပတေးနေ့မှာ ပြောပါတယ်။
အမေရိကန်သမ္မတသစ် ဂျိုးဘိုင်ဒန်လက်ထက်မှာ အရင် အမေရိကန်အစိုးရအဖွဲ့ထက် ပိုပြီး သဘောတူညီမှု အခွင့်အလန်းတွေ ပိုရလာနိုင်မှာ ဖြစ်ပေမယ့် ဂျာမဏီနဲ့ ဥရောပနိုင်ငံတွေ အနေနဲ့ အမေရိကန်ရဲ့ ကူညီထောက်ပံ့မှု အပေါ် အရင်ကလောက် အားမထားနိုင်တော့ဘူးလို့ သူယုံကြည်ကြောင်း ဂျာမဏီဝန်ကြီးချုပ် Angela Merkel က ပြောပါတယ်။
အမေရိကန်သမ္မတသစ် ဂျိုးဘိုင်ဒန်ဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကူးစက်မှုတားဆီးနိုင်ရေးကို အရှိန်မြှင့် လုပ်ဆောင်လာသလို ကျောင်းနဲ့ စီးပွါးရေးလုပ်ငန်းတွေ စိတ်ချစွာပြန်ဖွင့်နိုင်ဖို့ ကြိုးစားရင်း ကာကွယ်ဆေးနဲ့ ဆေးပစ္စည်းတွေ တိုးထုတ်ဖို့ အပါအဝင် အမိန့်ထုတ်ပြန်ချက် ၁၀ ခုကို လက်မှတ်ရေးထိုးခဲ့ပါတယ်။
အမေရိကန်နိုင်ငံဟာ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ နိုင်ငံတကာ COVID 19 ကာကွယ်ဆေးဆိုင်ရာ COVAX အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ကြောင်း ကူးစက်ရောဂါဆိုင်ရာ အမေရိကန်ထိပ်တန်းပညာရှင် ဒေါက်တာ Anthony Fauci က ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။
အိန္ဒိယနိုင်ငံက ကိုဗစ် ကာကွယ်ဆေး ထုတ်လုပ်တဲ့ Serum Institute of India ကုမ္ပဏီ အဆောက်အဦးတစ်ခုမှာ မီးလောင်မှု ဖြစ်ပွား ခဲ့တာ ကြောင့် လူ ၅ ဦး သေဆုံးခဲ့ပါတယ်။
တရုတ်နိုင်ငံက အရင် သမ္မတ ထရမ့် အစိုးရလက်ထက်က အမေရိကန် အရာရှိတွေကို ဒဏ်ခတ် အရေးယူတဲ့အပေါ်သမ္မတ Joe Biden အစိုးရက ပြစ်တင် ဝေဖန် လိုက်ပါတယ်။ တရုတ်နိုင်ငံရဲ့ အရေးယူမှုက အကျိုးမရှိသလို အတ္တဆန်တဲ့ လုပ်ရပ်ဖြစ်တယ် လို့သမ္မတ Joe Biden ရဲ့ အမျိုးသား လုံခြုံရေးကောင်စီ ပြောခွင့်ရ Emily Horne က တုံ့ပြန်ပြောဆိုပါတယ်။
မြန်မာနိုင်ငံအတွက် ကိုဗစ် ရောဂါ ကာကွယ်ဆေး ပထမဆုံး အသုတ် ဇန်နဝါရီလ ၂၂ ရက်နေ့ သောကြာနေ့မှာ ရောက်ရှိလာတော့ မယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
သမ္မတ ဂျိုး ဘိုင်ဒန်နဲ့ သမ္မတကတော် ဒေါက်တာဂျေးလ် ဘိုင်ဒန်တို့ဟာ သူတို့ရဲ့ အိမ်မွေးခွေးကြီးနှစ်ကောင်ဖြစ်တဲ့ ချမ့်ပ်၊ မေဂျာတို့နဲ့အတူ အိမ်ဖြူတော်ကို မနေ့က တရားဝင်ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ ဘိုင်ဒန်တို့မှာ သားသမီးနှစ်ယောက်နဲ့ မြေးငါးယောက်ရှိပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၄၄၅ ယောက် ထပ်တိုးပြီး သေဆုံးသူ ၁၆ ယောက် ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အမေရိကန်သမ္မတသစ် Joe Biden ရဲ့ အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် Jen Psaki ရဲ့ ပထမဆုံးအကြိမ် သတင်းစာ ရှင်းလင်းပွဲကို ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့ပါတယ်။ အဲဒီ သတင်းစာရှင်းလင်းပွဲက သမ္မတဟောင်း Donald Trump လက်ထက် သတင်းစာ ရှင်းလင်းပွဲတွေနဲ့ သိသိသာသာ ကွာခြားမှု ရှိတယ်လို့ သတင်းသမားတွေက ပြောဆိုပါတယ်။
မြန်မာအပါအဝင် အိမ်နီးချင်းနိုင်ငံတွေအတွက် ကိုဗစ်ကာကွယ်ဆေး သန်းပေါင်းများစွာကို အိန္ဒိယက လာမယ့်သီတင်းပတ်တွေအတွင်း လှူဒါန်းမယ်လို့ အိန္ဒိယအစိုးရ သတင်းရင်းမြစ်တွေက ဒီကနေ့ပြောပါတယ်။ ဒီအပေါ် အိန္ဒိယရဲ့ အိမ်နီးချင်းနိုင်ငံတွေက ကြိုဆိုကြပြီး ဒေသတွင်းမှာ တရုတ်ရဲ့လွှမ်းမိုးမှုကို တန်ပြန်တဲ့သဘော ရှုမြင်ကြပါတယ်။
ဒီလုပ်ရပ်က ပါတီနှစ်ခုကြားကွဲပြားနေတာကို အခွင့်ကောင်းယူဖို့ ကြိုးစားတဲ့ လုပ်ရပ်ဖြစ်ကြောင်းသူက ပြောပြီး ဒီအပေါ် ဒီမိုကရက်နဲ့ ရီပတ်ဗလစ်ကန် ပါတီဝင်တွေအနေနဲ့ ပြစ်တင်ရှုတ်ချကြဖို့လည်း သူကတိုက်တွန်းခဲ့ပါတယ်။
နိုင်ငံရေး အစွန်းရောက်မှု၊ လူဖြူကြီးစိုးရေးဝါဒတွေနဲ့ အကြမ်းဖက်မှုတွေကို ရင်ဆိုင် အနိုင်ယူဖို့ အမေရိကန် သမ္မတသစ် Joe Biden က မနေ့က ကျမ်းသစ္စာကျိန်ဆိုပွဲ အပြီး ပြောကြားထားတဲ့ မိန့်ခွန်းမှာ အလေးပေးပြောဆိုသွားပါတယ်။ Joe Biden ရဲ့ မိန့်ခွန်းထဲက ကောက်နုတ်ချက်တချို့ကို တင်ပြပါ့မယ်။#voainauguration2021
အမေရိကန်သမ္မတသစ် Joe Biden ရဲ့ မိန့်ခွန်းအပြည့်အစုံ #voainauguration2021
အမေရိကန် သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီး မကြာခင်ကလေးမှာပဲ သမ္မတသစ် Joe Biden က ကွန်ဂရက် လွှတ်တော်က သမ္မတ ရုံးခန်းမှာ သမ္မတအမိန့် ၃ခုကို လက်မှတ်ရေးထိုးလိုက်ပါတယ်။ အမေရိကန်နိုင်ငံရဲ့ ၄၆ယောက်မြောက် သမ္မတအဖြစ်ပထမဦးဆုံး အရေးယူဆောင်ရွက်ချက်လည်း ဖြစ်ပါတယ်။
သမ္မတသစ် Joe Biden ကျမ်းသစ္စာ မကျိန်ဆိုမီ မိနစ်ပိုင်းအလိုမှာပဲ သမ္မတဟောင်း Donald Trump က ဖလော်ရီဒါပြည်နယ် Palm Beachကိုရောက်ရှိသွားပါတယ်။ သူ့ကားတန်းတလျှောက်သူ့ကိုထောက်ခံသူတွေကအလံတွေစာတမ်းတွေဝှေ့ရမ်းပြီး နှုတ်ဆက်ကြိုဆို ခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ ၄၆ ယောက်မြောက် သမ္မတအဖြစ် Joe Biden ဗုဒ္ဓဟူးနေ့တုန်းက ကျမ်းသစ္စာ ကျိန်ဆိုခဲ့တဲ့အပေါ်မှာကမ္ဘာ့ နိုင်ငံ အသီးသီးက ကြိုဆိုခဲ့ကြပါတယ်။
Italian-Thai ကုမ္ပဏီ Italian-Thai Development (ITD) နဲ့ ချုပ်ဆိုထားတဲ့ အငြင်းပွားဖွယ် ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းစာချုပ်တွေကို ရပ်ဆိုင်း လိုက်ပြီဖြစ်ကြောင်း မြန်မာအစိုးရက ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်