၄၆ ယောက်မြောက် အမေရိကန် သမ္မတအဖြစ် Joe Biden ကျမ်းသစ္စာ ကျိန်ဆိုအပြီး မိနစ်ပိုင်းအတွင်းမှာပဲ တရုတ်နိုင်ငံက ထရမ့် အစိုးရ လက်ထက်က အမေရိကန်တာဝန်ရှိသူတွေကို ပိတ်ဆို့ ဒဏ်ခတ် အရေးယူ လိုက်ပါတယ်။
ဒုတိယ သမ္မတ Kamala Harris က အထက်လွှတ်တော် အမတ်အသစ် ၃ ဦးကို ကျမ်းသစ္စာ ကျိန်ဆိုပေးအပြီးမှာ ဒီမိုကရက်တွေ အမေရိကန် အထက်လွှတ်တော် ဆီးနိတ်ကို ထိန်းချုပ်ခွင့် ရရှိသွားပါပြီ။
ကမ္ဘာ့နိုင်ငံတချို့မှာ ကိုဗစ်ကူးစက်မှု ပြင်းထန်နေဆဲဖြစ်ပြီး ပေါ်တူဂီနိုင်ငံမှာတော့ ဗုဒ္ဓဟူးနေ့ တရက်ထဲမှာတင် ကူးစက်မှုအသစ် (၁၄,၆၄၇ - ၁ သောင်း ၄ ထောင် ၆ ရာကျော်)နဲ့ စံချိန်တင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၄ ရက်က ကူးစက်လူနာ (၃၆၀၀)ကျော်အထိ များပြားခဲ့တာကို ထပ်ပြီး စံချိန်ချိုးလိုက်တာပါ။
ရွေးကောက်ခံ သမ္မတ Joe Biden ဗုဒ္ဓဟူးနေ့မှာ ကျမ်းသစ္စာ ကျိန်ဆိုလိုက်ပြီးတဲ့နောက် အမေရိကန်နိုင်ငံရဲ့ ၄၆ ယောက်မြောက် သမ္မတ ဖြစ်လာပါတယ်။ အသက် ၇၈ နှစ် အရွယ်ရှိပြီး အမေရိကန်သမိုင်းမှာ အသက်အကြီးဆုံးသမ္မတ ဖြစ်လာသူ Joe Biden က အထက်လွှတ်တော် အမတ် အဖြစ် ၃၆ နှစ်နဲ့ ဒုတိယသမ္မတ အဖြစ် ၈ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူပါ။
"ဒီကနေ့ဟာ အမေရိကန်နေ့၊ ဒီမိုကရေစီနေ့၊ သမိုင်းဝင်တဲ့နေ့နဲ့ မျှော်လင့်ချက်ထားရှိတဲ့နေ့၊ ဆန်းသစ်ပြီး ပြဿနာတွေ ပြေလည်တဲ့နေ့တနေ့ ဖြစ်ပါတယ်။"
ဘင်္ဂလားဒေ့ရှ်နယ်စပ် ဒုက္ခသည်စခန်းမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ရေး တတိယအကြိမ်မြောက် ကြိုးပမ်းမှုကို လာမယ့် ဇွန်လထဲမှာ အကောင်အထည်ဖေါ်နိုင်လိမ့်မယ်လို့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေက မျှော်လင့်နေပါတယ်။ သောင်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေကို မြန်မာပြည်ဖက် ပြန်ပို့ဖို့ ပြင်ဆင်နေတာပါ။
အမေရိကန်သမ္မတသစ် Joe Biden ကျမ်းသစ္စာဆိုပွဲနေ့က မြင်ကွင်းတချို့။
အမေရိကန်သမ္မတသစ် Joe Biden မိန့်ခွန်းပြော။ ~~~~~ အမရေိကနျသမ်မတသဈ Joe Biden မိန့ျခှနျးပွော။
ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ကြီး (UNFAO) က ကိုရိုနာဗိုင်းရပ်စ်ကြောင့် အလုပ်တွေပျက်၊ စားကုန်တွေ ဈေးတက်ကုန်တာကြောင့် မြန်မာအပါအဝင် အာရှပစိဖိတ်ဒေသထဲမှာ လူပေါင်း သန်း ၃၅၀ ကျော် အငတ်ဘေးကြုံ ရနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။
အရှေ့တောင်အာရှဒေသက နိုင်ငံအများစုမှာ COVID-19 ကပ်ရောဂါကာလအတွင်း လူ့အခွင့်အရေးအခြေအနေတွေ ပိုပြီးဆိုးရွားလာတယ်လို့ နိုင်ငံတကာအဖွဲ့အစည်းတွေက ထောက်ပြဝေဖန်နေကြပါတယ်။
လက်ရှိသမ္မတ Donald Trump ရဲ့ လေးနှစ်တာ သမ္မတသက်တမ်းကတော့ ဒီကနေ့မှာပဲ ကုန်ဆုံးတော့မှာဖြစ်ပြီး ဒီကနေ့မနက်ပိုင်းမှာ အိမ်ဖြူတော်ကနေ ထွက်ခွာပြီးတဲ့နောက် Air Force One လေယာဉ်နဲ့ ဖလော်ရီဒါပြည်နယ်ကို သွားမှာဖြစ်ပါတယ်။
ဒီကနေ့မှာ အမေရိကန်သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲ လုပ်မှာဖြစ်ပြီး သမ္မတသစ်အဖြစ် Joe Biden ဒုတိယသမ္မတသစ်အဖြစ် အမျိုးသမီးတွေထဲက ပထမဆုံး ဒုသမ္မတဖြစ်လာမယ့် Kamala Harris တို့ ကျမ်းသစ္စာကျိန်ဆိုကြမှာပါ။
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ကျဆင်းနေတဲ့ စီးပွါးရေးကို ကုစားဖို့အရေး ကွန်ဂရက်အနေနဲ့ ပိုမို အရေးယူ ဆောင်ရွက် ပေးဖို့ ရွေးကောက်ခံသမ္မတ Joe Biden အစိုးရအဖွဲ့ ဘဏ္ဍာရေးဝန်ကြီး အဖြစ်လျာထားခံထားရတဲ့ Janet Yellen က ပြောပါတယ်။
မြန်မာဘက်က COVID-19 ကူးစက်မှု ဝင်လာနိုင်တဲ့ အခြေအနေကို တားဆီး ဟန့်တားနိုင်ရေး အတွက် မြန်မာနဲ့ နယ်စပ်မှာ တရုတ်ဘက်က ကုတင် ၂၀၀၀ ကျော်ဆန့် သီးခြားခွဲထားမယ့် စင်တာ တခုကို တည်ဆောက်နေပါတယ်။
ဗုဒ္ဓဟူးနေ့မှာ အမေရိကန် သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုမယ့် Joe Biden အင်္ဂါနေ့ ညနေပိုင်းမှာ သူ့ ဇာတိ Delaware ပြည်နယ် ကနေ မြို့တော် ဝါရှင်တန်ဒီစီကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။
ဇန်နဝါရီလ ၆ ရက်နေ့က အမေရိကန် လွှတ်တော်ကို လူတွေ ထောင်နဲ့ချီပြီး ဝင်ရောက် စီးနင်းမှု ဖြစ်ပွားအောင် သမ္မတ ဒေါ်နယ် ထရမ့်က လှုံ့ဆော်အားပေးခဲ့တယ်လို့ ဆီးနိတ် အထက်လွှတ်တော် လူများစု ခေါင်းဆောင် Mitch McConnell က ပြောပါတယ်။
အိန္ဒိယမှာ ထုတ်လုပ်တဲ့ COVID-19 ကာကွယ်ဆေးတွေကို မြန်မာ အပါအဝင် နိုင်ငံ ၆ ခုကို စတင် တင်ပို့မယ့်အကြောင်း အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနက အင်္ဂါနေ့မှာ ထုတ်ပြန်ပါတယ်။ ြ
သမ္မတ ဒေါ်နယ် ထရမ့်က နောက်တက်မယ့် အစိုးရသစ်အတွက် နှုတ်ဆက် ဆုမွန်ကောင်း တောင်းတဲ့ ဗွီဒီယိုကို ရာထူးက မစွန့်ခွာခင် တစ်ရက် အလို အင်္ဂါနေ့က ထုတ်ပြန်လိုက်ပါတယ်။ သူ့ကို ဆက်ခံမည့်သူအတွက် ကံကောင်းစေကြောင်း ဆုတောင်းပေမယ့် Joe Biden ရဲ့ နာမည်ကို တော့ တစ်လုံးတစ်ပါဒမှာ ထုတ်ဖော်ပြောဆိုသွားတာ မရှိပါဘူး။
အမေရိကန် သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုပွဲအတွက် ဆင့်ခေါ်ထားတဲ့ ပြည်နယ် လုံခြုံရေး အရံတပ်ဖွဲ့ဝင်တွေက တပ်ဖွဲ့ဝင် အချို့ကို လုံခြုံရေးအရ အမေရိကန် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေး FBI က ဖယ်ရှား ပစ်ခဲ့တယ်လို့ အမေရိကန် ကာကွယ်ရေး ပင်တဂွန် စစ် ဌာနချုပ်က တာဝန်ရှိသူတွေက ပြောပါတယ်။
ပဋိပက္ခတွေ ရှိနေတဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး တမန်တော်တွေ အဖြစ် ခရစ်ယာန် ဘုရားကျောင်းတွေက ဆောင်ရွက်ကြဖို့ အာရှ ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ်ရဲ့ အကြီးအကဲ ပုပ်ရဟန်းမင်းအမတ် ကာဒီနယ် ချားလ်စ်မောင်ဘိုက တိုက်တွန်းလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်