ကိုရိုနာဗိုင်းရပ်စ် ကနဦး စတင် ပျံ့ပွားမှုကို တုံ့ပြန်တာနဲ့ ကပ်ရောဂါကို ရှောင်လွှဲနိုင်ဖို့ လုပ်ဆောင်ရာမှာ နှေးကွေးခဲ့ကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ WHO ရဲ့ ပညာရှင်ကိုယ်စားလှယ်အဖွဲ့က ပြောပါတယ်။
ဘင်္ဂလားဒေရှ့် နိုင်ငံ ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွင်း မီးလောင်မှုမှာ ကုလသမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေ အဖွဲ့ UNICEF ရဲ့ ကျောင်း ၄ ခု မီးလောင် ပျက်စီးခဲ့ကြောင်း အင်္ဂါနေ့မှာ တာဝန်ရှိသူတွေက ပြောဆိုလိုက်ပြီး UNICEF ကတော့ ဒါက ရှိုှု့မီး ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ နှစ်မတ်လ၂၃ ရက်နေ့ကနေ ဇန်နဝါရီလ ၁၈ ရက်နေ့အထိ တွေ့ရတဲ့ အတည်ပြု လူနာစာရင်းတွေအရ ရန်ကုန်တိုင်းအတွင်း ကူးစက်သူ ၈၆,၂၁၉ ယောက်နဲ့အများဆုံးဖြစ်ပြီး မန္တလေးတိုင်းအတွင်း ရောဂါကူးစက်သူ ၁၆,၀၇၉ ယောက်နဲ့ ကူးစက်မှုနှုန်း ဒုတိယအများဆုံးဖြစ်ပါတယ်။
ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် တိမ်းရှောင်သွားသူတွေ နေရပ်ပြန်နိုင်ရေး အခက်အခဲကြုံနေရတာတွေကို ဖြေရှင်းနိုင်ဖို့ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ တရုတ်နိုင်ငံက အဆင့်မြင့်တာဝန်ရှိသူတွေ ဒီကနေ့ အွန်လိုင်းကနေ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
ရွေးကောက်ခံ သမ္မတ Joe Biden နဲ့ ဒုသမ္မတ Kamala Harris တို့က COVID-19 ရောဂါကြောင့် သေဆုံးခဲ့သူ အမေရိကန် ၄၀၀,၀၀၀ အတွက် အောက်မေ့ဘွယ် အမှတ်တရ အခမ်းအနားကို ဝါရှင်တန်မြို့တော်မှာ သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲ မကျင်းပခင် တရက်အလို အင်္ဂါနေ့မှာ ကျင်းပမှာဖြစ်ပါတယ်။
တရုတ်ဈေးကွက်အတွက် တရုတ်နိုင်ငံမှာပဲ သီးသန့်ထုတ်တဲ့ ဒုတိယမြောက် “Tesla” လျှပ်စစ်ကား ထွက်လာပါပြီ။ မော်ဒယ်လ် "Y" အမျိုးအစား Tesla လျှပ်စစ်ကားတွေ တရုတ်နိုင်ငံထဲ စတင်ဖြန့်ဖြူးပြီလို့ “Tesla” လျှပ်စစ် ကားကုမ္ပဏီက တွစ်တာလူမှုကွန်ရက်ကနေ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ကူးစက်မှု အမြင့်မားဆုံးဖြစ်နေတဲ့ ကယ်လီဖိုးနီးယားတောင်ပိုင်းမှာ ကူးစက်မြန်မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ပိုးသစ်တမျိုး တွေ့ရှိတယ်လို့ ဆေးသုတေသန ပညာရှင်တွေကပြောဆိုလိုက်ပါတယ်။
တနင်္ဂနွေနေ့က ရုရှားနိုင်ငံကို ပြန်ရောက်လာတဲ့ အတိုက်အခံခေါင်းဆောင် Alexei Navalny ကို ရက်ပေါင်း ၃၀ ချုပ်ထားဖို့ မော်စကိုက တရားသူကြီးက တနင်္လာနေ့မှာ အမိန့်ချမှတ် လိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် အိန္ဒိယ နိုင်ငံရဲ့ မြို့တော်နဲ့ အနောက်မြောက်ဘက် Rajasthan ပြည်နယ်မှာ လပေါင်းများစွာ ပိတ်ထားခဲ့ရတဲ့ အထက်တန်းကျောင်းတွေကို ပြန်ဖွင့်လိုက်ပါပြီ။
ဆီးရီးယားနိုင်ငံထဲမှာရှိတဲ့ အစ္စလာမစ်စစ်သွေးကြွတွေ ဆီကို ငွေကြေး ကောက်ခံလွှဲပြောင်းပေးတယ်လို့စွပ်စွဲခံထားရတဲ့ ကရာချိမြို့တောင်ဘက်ခြမ်းက ပါကစ္စတန် တက္ကသိုလ်ကျောင်းသားတယောက်ကို ပြီးခဲ့တဲ့ တနင်္လာနေ့က ဖမ်းဆီးလိုက်တယ်လို့ ပါကစ္စတန်အာဏာပိုင်တွေက ပြောပါတယ်
အမေရိကန် အရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန် အနေနဲ့ မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un နဲ့ ဆွေးနွေးပွဲတွေ ဆက်လုပ်ပြီး သမ္မတဒေါ်နယ်ထရမ့် ထူထောင်ခဲ့တဲ့ ဆက်ဆံရေး တိုးတက်အောင် လုပ်သင့်တယ်လို့ တောင်ကိုရီးယားသမ္မတ Moon Jae-in က တနင်္လာနေ့မှာ ပြောပါတယ်။
COVID 19 အတွက် ကာကွယ်ဆေးတွေ ရနေပြီဖြစ်ပေမယ့် ဆင်းရဲတဲ့နိုင်ငံတွေမှာ ဆေးကို လက်လှမ်း မမှှီပဲ ဖြစ်နေတာတွေ့ရတဲ့အတွက် တန်းတူညီမ ျှ ပေးဝေနိုင်အောင်ကြိုးစားကြဖို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲ Tedros Adhanom Ghebreyesus က တနင်္လာနေ့ WHO အမှုဆောင်ဘုတ်အဖွဲ့ အစည်းအဝေးမှာ သတိပေးလိုက်ပါတယ်။
အတည်ပြုလူနာသစ် ၄၇၇ ယောက်နဲ့ သေဆုံးလူနာ ၁၈ ယောက်ရှိပါတယ်။ အတည်ပြုလူနာအရေအတွက် ရက်ပိုင်းအတွင်း ပထမဆုံးအကြိမ် ၅၀၀ အောက်ရောက်သွားပေမဲ့၊ ကိုဗစ်ကြောင့် သေဆုံးသူ အနည်းငယ်များလာပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန် သမ္မတအဖြစ် စတာဝန်ယူချိန် ရက်ပေါင်း ၁၀၀ အတွင်းလူပေါင်းသန်း ၁၀၀ အတွက် ကိုဗစ် ၁၉ ကပ်ရောဂါကာကွယ်ဆေး ထိုးနှံပေးမယ့် အစီအစဉ်ဟာ သမ္မတလက်ထက် တကယ့်ကို လက်တွေ့ကျတဲ့လုပ်ရပ်ဖြစ်တယ်လို့ အမေရိကန် ထိပ်တန်းကူးစက်ရောဂါပညာရှင်က တနင်္ဂနွေနေ့ကပြောဆိုလိုက်ပါတယ်။
၁၉၅၀ နဲ့ ၁၉၆၀ ပြည့်နှစ်ပိုင်းတွေတုန်းက အမေရိကန်ပြည်ထောင်စု တောင်ပိုင်းမှာ လူဖြူ လူမည်းခွဲခြားမှု ပပျောက်ရေးနဲ့ လူမည်းတွေ တန်းတူအခွင့်အရေးရရှိရေး၊ မဲပေးခွင့်ရရှိရေးတို့အတွက် အကြမ်းမဖက် ဆန္ဒပြပွဲတွေကို Martin Luther King က ဦးဆောင်စီစဉ်ခဲ့ပါတယ်။
နိုင်ငံရေးအတိုက်အခံ Alexei Navalny ကိုဖမ်းဆီးတဲ့အပေါ် အင်မတန် စိတ်အနှောင်အယှက်ဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က သူ့ရဲ့ Twitter စာမျက်နှာပေါ်မှာ ရေးသားပါတယ်။
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော်မှာ ဗုဒ္ဓဟူးနေ့ကျင်းပမယ့် သမ္မတသစ်ကျမ်းကျိန်ပွဲအတွက် တာဝန်ချထားတဲ့ လုံခြုံရေးအရန်တပ်ဖွဲ့ဝင် ၂၅,၀၀၀ ရဲ့ လုံခြုံရေးဆိုင်ရာ နောက်ကြောင်းရာဇဝင်ကို FBI စစ်ဆေးနေပါတယ်။
အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းမှာ ပြီးခဲ့တဲ့ သီတင်းပတ်က ပြင်းထန်တဲ့ ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ လူနေအိမ်တွေ၊ လုပ်ငန်းအဆောက်အဦတွေအောက် ရောက်နေတဲ့ လူသေအလောင်းတွေကို ကယ်ဆယ်ရေးအဖွဲ့တွေက ထပ်ပြီး ဆွဲထုတ်နိုင်ခဲ့တယ်လို့ တနင်္ဂနွေနေ့က အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်မှာ အမျိုးသမီး တရားသူကြီး ၂ ဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ အာဖဂန်အရာရှိတွေက တနင်္ဂနွေနေ့က ပြောကြားခဲ့ပါတယ်။
အိန္ဒိယအရှေ့ပိုင်း ဗုဒ္ဓဂါယာမှာ ၁၀ ရက်ကြာ ကျင်းပနေတဲ့ “Nyingma Monlam” ပွဲတော်အတွင်း ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေဟာ ကမ္ဘာ့ငြိမ်းချမ်းရေး အပါအဝင် COVID-19 ကပ်ရောဂါကြီး ပပျောက်အောင် ဆုတောင်းပွဲတွေ ပြုလုပ်နေပါတယ်။
နောက်ထပ်ကြည့်ရှုရန်