အိန္ဒိယနိုင်ငံမှာ စနေနေ့က COVID-19 ကာကွယ်ဆေး စတင်ထိုးနှံရာမှာ စီမံဆောင်ရွက်ဖို့ အသုံးပြုတဲ့ အက်ပလီကေးရှင်းမှာ ချို့ယွင်းချက်တွေ ရှိခဲ့တာကြောင့် ပြည်နယ်တချို့မှာ နှောင့်နှေးကြန့်ကြာမှု အနည်းငယ်ရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ကမ္ဘာတလွှား ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ၉၄ သန်းခွဲ ရှိလာချိန်မှာပဲ ဗြိတိန်အစိုးရက သူ့နိုင်ငံတွင်းက လူရွယ်လူကြီး အားလုံးကို စက်တင်ဘာလလောက်မှာ COVID-19 ကာကွယ်ဆေးထိုးပေးဖို့ လုပ်မှာဖြစ်ကြောင်း ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး Dominic Raab က တနင်္ဂနွေနေ့မှာ ပြောပါတယ်။
ဇန်နဝါရီလ ၂၀ ဗုဒ္ဓဟူးနေ့မှာ အရွေးကောက်ခံ ဒုသမ္မတ Kamala Harris ဟာ နိုင်ငံတော်တရားရုံးချုပ် တရားသူကြီး Sonia Sotomayor နဲ့ ကျမ်းသစ္စာကျိန်ဆိုမှာ ဖြစ်တဲ့အတွက် ဒါဟာ ပထမဆုံး လက်တင်အမေရိကနွယ်ဖွား တရားသူကြီးဆီမှာ ပထမဆုံး လူမည်းနဲ့ တောင်အာရှနွယ်ဖွား အမျိုးသမီး ဒုသမ္မတ ကျမ်းသစ္စာကျိန်ဆိုမှာ ဖြစ်ပါတယ်။
ဗုဒ္ဓဟူးနေ့ ကျမ်းသစ္စာကျိန်ဆိုပွဲမှာ ပြောကြားမယ့်မိန့်ခွန်းမှာ အရွေးကောက်ခံသမ္မတ Joe Biden က နိုင်ငံတွင်း စည်းလုံးညီညွတ်ရေးအတွက် အဓိကပန်ကြားဖို့ရှိကြောင်း အိမ်ဖြူတော် ဝန်ထမ်းအကြီးအကဲအဖြစ် တာဝန်ယူတော့မယ့် Ron Klain က တနင်္ဂနွေနေ့မှာ ပြောပါတယ်။
ရုရှားအစိုးရကို ဝေဖန်လေ့ရှိတဲ့ အတိုက်အခံခေါင်းဆောင် Alexey Navalny ဟာ ဂျာမနီကနေ ရုရှားနိုင်ငံ မော်စကိုကို တနင်္ဂနွေနေ့ ပြန်ရောက်ရောက်ချင်းမှာပဲ အဖမ်းခံခဲ့ရပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ သြဂုတ်လ သူအဆိပ်ခတ်ခံခဲ့ရပြီးချိန်ကစလို့ ပထမဆုံးအကြိမ်အဖြစ် ရုရှားကို ပြန်လာတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဒီကနေ့ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်သူ ၄၄၉ ယောက် ထပ်ပြီး အတည်ပြုလိုက်တဲ့အတွက် အခုထိ ကူးစက်သူ စုစုပေါင်း ၁၃၄,၃၁၈ ယောက်ရှိပြီ ဖြစ်ပါတယ်။
ဟွန်ဒူးရပ်စ်နိုင်ငံက ရွှေ့ပြောင်းလာသူ အနည်းဆုံး ၉,၀၀၀ လောက်ဟာ ဂွါတီမာလာနိုင်ငံကို ဖြတ်ပြီး အမေရိကန်ပြည်ထောင်စု အစိုးရသစ် တာဝန်ယူတဲ့ အစောပိုင်းရက်တွေမှာ ရောက်လာနိုင်ဖို့ မျှော်လင့်ရင်း တရက်စောပြီး စတင် ထွက်ခွာလာနေပါတယ်။
ကမ္ဘာတဝန်းမှာ COVID-19 ရောဂါ ကူးစက်ခံရသူ အရေအတွက် ၉၄ သန်းခွဲ ကျော်သွားပြီဖြစ်တယ်လို့ Johns Hopkins တက္ကသိုလ်က ဒီနေ့မနက်အစောပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။
ရွေးကောက်ခံသမ္မတ Joe Biden အနေနဲ့ လာမယ့် ဇန်နဝါရီလ ၂၀ ရက်နေ့ သမ္မတ ကျမ်းသစ္စာကျိန်ဆိုပြီး အစောပိုင်းအချိန်တွေ အတွင်းမှာပဲ သမ္မတအုပ်ချုပ်ရေး အာဏာကို အသုံးပြုပြီး သူ့အရင် သမ္မတ Trump လက်ထက် ဆုံးဖြတ်ခဲ့တဲ့ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်တွေကို ပြောင်းလဲသွားဖို့ ရှိပါတယ်။
အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်း အနောက်ပိုင်းမှာ သောကြာနေ့ လှုပ်ခတ်သွားခဲ့တဲ့ ငလျင်ကြောင့် သေဆုံးတဲ့သူဦးရေဟာ ၇၃ ယောက်ထက်မနည်း ရှိသွားပြီလို့ အင်ဒိုနီးရှားနိုင်ငံရဲ့ ဘေးဒုက္ခကယ်ဆယ်ရေးဌာနက ဒီနေ့ ပြောလိုက်ပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့မှာ ဒီနေ့မနက်အစောပိုင်းက သေနတ်သမားတွေက ချောင်းမြောင်းတိုက်ခိုက်ခဲ့တာကြောင့် အာဖဂန် တရားရုံးချုပ်က အမျိုးသမီး တရားသူကြီး ၂ ယောက် သေဆုံးသွားခဲ့တယ်လို့ အာဖဂန်အာဏာပိုင်တွေက ပြောပါတယ်။
အရွေးကောက်ခံသမ္မတ Joe Biden က စနေနေ့မှာ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ထိပ်တန်းတာဝန်တွေအတွက် သူခန့်ထားမယ့်သူတွေကို ထပ်မံ ကြေညာခဲ့ပါတယ်။
သြစတြီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် မပြန့်ပွားစေရေးအတွက် ကန့်သတ်မှုတွေ ချမှတ်ထားတာကို ကန့်ကွက်သူ ၁၀,၀၀၀ လောက်က မြို့တော် ဗီယင်နာမှာ စနေနေ့က ဆန္ဒပြခဲ့ကြပြီး အစိုးရနုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဂျာမနီနိုင်ငံမှာ ဝန်ကြီးချုပ် Angela Merkel ဦးဆောင်တဲ့ ခရစ်ယန်ဒီမိုကရက်တစ်ပါတီ (CDU) ရဲ့ ခေါင်းဆောင်သစ်အဖြစ် Armin Laschet ကို စနေနေ့မှာ ရွေးချယ်လိုက်ကြပါတယ်။
ကမ္ဘာပေါ်မှာ ဆေးရုံသုံးအဆင့်လက်အိတ် အများဆုံးထုတ်လုပ်တဲ့ မလေးရှားကုမ္ပဏီ Top Glove Corp ပိုင်တဲ့ လက်အိတ်စက်ရုံ ၄ ရုံက အလုပ်သမားတွေ COVID-19 ကူးစက်ခံရတယ်လို့ အဲဒီကုမ္ပဏီက စနေနေ့က ကြေညာပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါက ကမ္ဘာတလွှား မိခင်နိုင်ငံကနေ ပြင်ပနိုင်ငံတွေကို ရွှေ့ပြောင်းနေထိုင်တဲ့ Migration နှုန်းကို ၃၀ ရာခိုင်နှုန်း နှေးကွေး ကျဆင်းစေခဲ့တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
တောင်တရုတ် ပင်လယ်တွင်းမှာ တရုတ် စစ်တပ်က ရေတပ် အခြေစိုက် စခန်းကို တိုးချဲ့ထားပါတယ်။ ဒါဟာဆိုရင် နိုင်ငံ ၅ ခုနဲ့ ပိုင်ဆိုင်မှု အငြင်းပွားနေပြီး အမေရိကန်က အနီးကပ် စောင့်ကြည့်နေတဲ့ တောင်တရုတ် ပင်လယ်ပြင်ရဲ့ မဟာဗျူဟာမြောက် ရေပြင်မှာ တရုတ်စစ်တပ် အတွက် ပိုပြီး အခွင့်သာ သွားစေတယ်လို့ ရှုမြင်ကြပါတယ်။
ဆရာများနေ့ အထိမ်းအမှတ်နေ့ကို ဆင်နွှဲတဲ့ ထိုင်းကျောင်းသားတွေက ကြိမ်လုံးတွေနဲ့ စာရေးကိရိယာတွေကို ထိုင်းပညာရေးဝန်ကြီးဌာန ရှေ့မှာ စုပုံပြီး ဆန္ဒပြခဲ့ကြပါတယ်။
COVID-19 ကာကွယ်ဆေး အမြောက်အမြား ထိုးနှံပေးရေး အစီအစဉ်ကို စတင်လုပ်ဆောင်နေပြီဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာ ကာကွယ်ဆေးတွေ ဝေးလံခေါင်းဖျားတဲ့ ဒေသတွေတိုင်အောင် ရောက်ရှိသွားပြီ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၄၉၁ ယောက် ထပ်တိုးပြီး သေဆုံးသူ ၁၆ ယောက် ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်