အိန္ဒိယနိုင်ငံမှာ ကျန်းမာရေးလုပ်သားတွေကို ဒီကနေ့ကစပြီး COVID-19 ရောဂါ ကာကွယ်ဆေး ထိုးပေးနေပါပြီ။ ကမ္ဘာမှာ အိန္ဒိယနိုင်ငံက ဒုတိယ လူဦးရေအများဆုံး ဖြစ်တာကြောင့် ဒီကာကွယ်ဆေးထိုးလုပ်ငန်းဟာ ကမ္ဘာမှာ အကြီးမားဆုံး ကိုဗစ်ကာကွယ်ဆေးထိုးလုပ်ငန်း ဖြစ်ဖွယ်ရှိပါတယ်။
ကမ္ဘာတဝန်းမှာ COVID-19 ရောဂါကြောင့် သေဆုံးရသူ ၂ သန်းကျော်သွားချိန်မှာ ကပ်ရောဂါ တိုက်ဖျက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှု အားနည်းနေတဲ့အပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က သတိပေးပြောဆိုပါတယ်။
တရုတ်နိုင်ငံရဲ့ စမတ်ဖုန်း ကုမ္ပဏီ Xiaomi နဲ့ တရုတ်နိုင်ငံရဲ့ တတိယအကြီးဆုံး အမျိုးသား ရေနံတူးဖော်ရေး အပါအဝင် တရုတ်ကုမ္ပဏီတွေကို တရုတ်စစ်တပ်နဲ့ ဆက်နွယ်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမေရိကန် အစိုးရ အမည်မည်းစာရင်းမှာ ထည့်သွင်းလိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေး အထိနာနေတဲ့ မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာ သန်း ၃၅၀ အရေးပေါ် ချေးငွေ ပေးအပ်ဖို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) အမှုဆောင်ဘုတ်အဖွဲ့က အတည်ပြုဆုံးဖြတ်လိုက်ပါတယ်။
ကမ္ဘာတလွှား COVID-19 ကပ်ရောဂါကြောင့် သေဆုံးရသူဟာ သောကြာနေ့မှာ ၂ သန်း ရှိသွားပြီ ဖြစ်ပြီး ကမ္ဘာ့နိုင်ငံတွေကြား ပူးပေါင်းဆောင်ရွက်မှုမရှိတာကြောင့် အခုလို အခြေနေဆိုးရတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် Antonio Guterres က သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။
COVID 19 ကူးစက်မှု မြင့်တက်နေသေးတာကြောင့် ၂၀၂၁ ခုနှစ်ထဲ တိုကျို အိုလံပစ် ကျင်းပရေးကိစ္စ ဘာမဆို ဖြစ်သွားနိုင်တယ်လို့ ဂျပန် အစိုးရအဖွဲ့ဝင် ဝန်ကြီး တစ်ဦးက ပြောပါတယ်။
အမေရိကန်လွှတ်တော်ကို ဇန်နဝါရီလ ၆ ရက် ဝင်ရောက်စီးနင်းမှု အတွင်း အရွေးကောက်ခံ အရာရှိတွေကို ဖမ်းဆီးဖို့နဲ့ လုပ်ကြံဖို့ပါ ဆန္ဒပြသူတွေဘက်က ရည်ရွယ်ချက်ရှိကြောင်း ဗဟိုအစိုးရရှေ့နေတွေက ကြာသပတေးနေ့က ပြောပါတယ်။
COVID 19 ကူးစက်ပြန့်ပွား မှုကိုတားဆီးဖို့ နိုင်ငံတွင်း ဝင်ပေါက်အားလုံးကို ပိတ်ထားတော့မှာ ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် Boris Johnson က သောကြာနေ့မှာ ကြေညာပါတယ်။
မနှစ်ကနှစ်ကုန်ပိုင်းမှာ သမ္မတထရမ့်အစိုးရအဖွဲ့ချမှတ်ထားတဲ့ အတိုင်း အမေရိကန်တပ်သားတွေ အီရတ်မှာချထားမှုကို ၂၅၀၀ အထိ လေ ျှာ့ချတော့မှာ ဖြစ်ကြောင်း ယာယီကာကွယ်ရေးဝန်ကြီး Christopher Miller က သောကြာနေ့မှာ ပြောပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ရောဂါအတည်ပြုလူနာ ၁၃၃,၀၀၀ ကျော်၊ သေဆုံးလူနာ ၃၀၀၀ နီးပါးရှိပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ည ၈ နာရီ ထုတ်ပြန်ချက်အရ အတည်ပြုလူနာသစ် ၅၁၃ ယောက် နဲ့ သေဆုံးသူက ၁၄ ယောက်ဖြစ်ပါတယ်။
ကမ္ဘာတဝန်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဆက်လက်တိုးလာနေပြီး အခုဆိုရင် ဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက် ၉၃ သန်းကျော် နဲ့ သေဆုံးသူဦးရေ ၂,၀၀၀,၀၀၀ နီးပါးရှိသွားပြီဖြစ်တယ်လို့ Johns Hopkins တက္ကသိုလ်က ပြောပါတယ်။
မြောက်ကိုရီးယားနိုင်ငံမှာ ပြုလုပ်တဲ့ စစ်ရေးပြ အခမ်းအနားတခုအတွင်း ရေငုပ်သင်္ဘောကနေပစ်နိုင်တဲ့ ပဲထိန်းတပ်ဒုံးကျည်သစ်တခုကို ထုတ်ပြန်ကြေငြာလိုက်ပါတယ်။ ဒါဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ အလျင်အမြန်တိုးတက်လာနေတဲ့ လက်နက်စီမံကိန်းမှာ နောက်ဆုံးဖြစ်ပေါ် တိုးတက်မှုဖြစ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းမှာ ပြင်းအား ၆.၂ ရှိတဲ့ ငလျင်တခု ဒီနေ့လှုပ်ခဲ့တာကြောင့် လူ ၃၄ ယောက်ထက်မနည်း သေဆုံးပြီး ၆၀၀ ကျော် ဒဏ်ရာရသွားခဲ့တယ်လို့ အင်ဒိုနီးရှားနီးရှားနိုင်ငံရဲ့ ဘေးဒုက္ခကယ်ဆယ်ရေးဌာနက ပြောပါတယ်။
အမေရိကန်ရွေးကောက်ခံသမ္မတ Joe Biden က သူ့အစိုးရသစ်ဆောင်ရွက်မယ့် COVID-19 ကပ်ရောဂါ တုံ့ပြန်ရေးအစီအစဉ်တွေကို ကြာသပတေးနေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒေါ်လာ ၂ ထရီလီယံနီးပါး အသုံးပြုပြီး ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် အဆင့် ၂ ဆင့်နဲ့ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြောကြားပါတယ်။
လာမယ့် စနေညမှာ တင်ဆက်ပေးမယ့် သိဖို့ အစီအစဉ်မှာတော့ တိုင်းရင်းသားဒေသတွေက တိုက်ပွဲအခြေအနေ နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ .. ပြီးတော့ ဒါတွေနဲ့ ပတ်သတ်ပြီး သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေဘက်က ဘယ်လို ပြောဆိုချက်တွေ ရှိပါလဲ .. ဒါတွေကို တင်ပြပေးသွားပါမယ်။
လာမယ့်ဗုဒ္ဓဟူးနေ့မှာ ၄၆ ဆက်မြောက် အမေရိကန် သမ္မတအဖြစ် အရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲမှာ Lady Gaga က နိုင်ငံတော်သီချင်းကို သီဆိုမှာဖြစ်ပြီး နာမည်ကြီး အနုပညာရှင် Jennifer Lopez ကတော့ အမေရိကန်လွှတ်တော် အနောက်မျက်နှာစာမှာ ပြုလုပ်မယ့် ဂီတဖျော်ဖြေမှုကို တင်ဆက်မှာ ဖြစ်ပါတယ်။
နျူကလီးယားစွမ်းအားသုံး စက်ရောင်းချ ထုတ်လုပ်မှုအတွက် ဦးဆောင်နေတဲ့ အမေရိကန်ရဲ့ နေရာကို တရုတ်က အစားထိုးဝင်ရောက်နေပြီဖြစ်တဲ့အတွက် တရုတ်ဟာ ကမ္ဘာ့ စီးပွါးရေးနဲ့ သံတမန်ရေးအင်အားကြီး နိုင်ငံတနိုင်ငံ အဖြစ် ဦးဆောင်ဖို့ လမ်းတခုပွင့်လာနေပြီဖြစ်ကြောင်း ကျွမ်းကျင်သူတွေက သုံးသပ်နေပါတယ်။
ကမ္ဘာ့ပေါ်က စီးပွားရေးလုပ်ငန်းကြီးတွေနဲ့ အသေးစား လုပ်ငန်းတွေက ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ဒုက္ခ ရောက်နေကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို အကူအညီတွေ ပေးအပ်နေတယ်လို့ ရိုက်တာ သတင်းက ပြောပါတယ်။
ကူးစက်မှုသိပ်မြန်တဲ့ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ပိုးအမျိုးစားသစ်တွေရဲ့ ကြီးမားတဲ့အန္တရာယ်ကြောင့် WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ၃ လတကြိမ်ကျင်းပတဲ့ အရေးပေါ်ကော်မတီအစည်းဝေးကို သတ်မှတ်ချိန်ထက် သီတင်း ၂ ပတ်စောပြီး ကြာသပတေးနေ့မှာ ကျင်းပခဲ့ပါတယ်။
ကမ္ဘာ့ အပူချိန် မြင့်တက်လာနေတာက လူသားတွေကြောင့် ဖြစ်ပေါ်လာတဲ့ ဥတုရာသီ ပြောင်းလဲမှုကို ပိုပြီး အရှိန်မြှင့်တက်နေစေတယ်လို့ ကမ္ဘာ့ မိုးလေဝသ အဖွဲ့ချုပ် WMO က သတိပေးလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်