တရုတ်နိုင်ငံ ဝူဟန်မြို့ကို WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က COVID- 19 ဇစ်မြစ်ကို စုံစမ်းစစ်ဆေးဖို့ ရောက်ရှိလာချိန်မှာပဲ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ ဒီရောဂါဖြစ်ပွါးမှုတိုးလာနေပြီး အခု ၈ လအတွင်း ပထမဆုံးဒီရောဂါနဲ့ သေဆုံးမှုကို ကြာသပတေးနေ့မှာ တွေ့ရကြောင်း တရုတ်အာဏာပိုင်တွေက ပြောပါတယ်။
တရုတ်နိုင်ငံ Xinjiangပြည်နယ်က ထုတ်လုပ်တဲ့ ချည်ထည်ပစ္စည်းနဲ့ ခရမ်းချဉ်သီး ထွက်ကုန်တွေကို အမေရိကန်နိုင်ငံထဲ တင်သွင်းခွင့် မပြုဘဲ ပိတ်ပင်ထားတာကို ပြန်ရုပ်သိမ်းပေးဖို့ တရုတ်နိုင်ငံက တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၆၀၅ ယောက် ထပ်တိုးပြီး သေဆုံးသူ ၁၀ ယောက် ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်း Cox’s Bazar ဒေသမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ ဒီနေ့ အိမ်ခြေ ရာနဲ့ချီပြီး မီးလောင်ကျွမ်းခဲ့ပါတယ်။
Johnson & Johnson က အခုစမ်းသပ်ထုတ်လုပ်နေတဲ့ ကာကွယ်ဆေးဟာ Pfizer-BioNTech နဲ့ Moderna တို့က ထုတ်လုပ်နေတဲ့ ကာကွယ်ဆေးတွေလို မဟုတ်ဘဲ တကြိမ်ပဲ ထိုးရမှာဖြစ်ပြီး လွယ်လွယ်ကူကူ သယ်ယူပို့ဆောင်နိုင်သလို အချိန်အတော်ကြာလည်း ရေခဲသေတ္တာထဲမှာ ထားနိုင်တာဖြစ်ပါတယ်။
အမေရိကန်ရွေးကောက်ခံသမ္မတ Joe Biden က အာရှက အစဉ်အလာ မဟာမိတ်နိုင်ငံတွေနဲ့ ဆက်ဆံရေး ပိုမိုတိုးတက်အောင် လုပ်ဆောင်မှာ ဖြစ်သလို တရုတ်နဲ့ ကုန်သွယ်ရေးစစ်ပွဲကို အဆုံးသတ်ပစ်လိမ့်မယ်လို့ မျှော်လင့်ရကြောင်း မလေးရှား ဝန်ကြီးချုပ်ဟောင်း Mahathir Mohamad က ပြောပါတယ်။
ကြက်ငှက်တုပ်ကွေးရောဂါဟာ ဂျပန်နိုင်ငံကနေ အိန္ဒိယနိုင်ငံအထိဖြစ်နေပြီး ဒီအခြေအနေကြောင့် ကြက်သားဈေးတွေ မတည်မငြိမ်ဖြစ်နေပြီးတော့ ပြန်တည်ငြိမ်မယ့် အရိပ်လက္ခဏာလည်း မတွေ့ရသေးဘဲဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလကစပြီး တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတွေမှာ ကြက်ကောင်ရေ သန်း ၂၀ ကျော် သုတ်သင်ရှင်းလင်းခဲ့ရပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) ဦးဆောင်တဲ့ နိုင်ငံတကာက သိပ္ပံပညာရှင်အဖွဲ့ဟာ ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားခဲ့ပုံကို စုံစမ်းစစ်ဆေးဖို့အတွက် တရုတ်နိုင်ငံ ဝူးဟန်မြို့ကို ဒီနေ့မှာရောက်ရှိသွားပြီဖြစ်ပါတယ်။
ကိုဗစ် ၁၉ ကပ်ရောဂါ စတင်ခဲ့ပုံကို စုံစမ်းစစ်ဆေးဖို့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) ပညာရှင်အဖွဲ့တဖွဲ့ တရုတ်နိုင်ငံကိုရောက်ရှိသွားချိန်မှာပဲ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းမှာ ဗိုင်းရပ်စ်ကူးစက်မှုတွေ တိုးလာနေပါတယ်။
လာမယ့် စနေညမှာ တင်ဆက်ပေးမယ့် သိဖို့ အစီအစဉ်မှာတော့ တိုင်းရင်းသားဒေသတွေက တိုက်ပွဲအခြေအနေ နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ .. ပြီးတော့ ဒါတွေနဲ့ ပတ်သတ်ပြီး သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေဘက်က ဘယ်လို ပြောဆိုချက်တွေ ရှိပါလဲ .. ဒါတွေကို တင်ပြပေးသွားပါမယ်။
COVID-19 ကူးစက်မှုနှုန်း တဖြေးဖြေးမြင့်တက်လာနေတာကြောင့် ဂျပန်နိုင်ငံ တိုကျိုဒေသက နောက်ထပ် စီရင်စုနေရာ (၇)ခုမှာ အရေးပေါ်အခြေအနေအဖြစ် ဗုဒ္ဓဟူးနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့က ထပ်ပြီး တိုးချဲ့လိုက်ပါတယ်။
ရိုဟင်ဂျာတွေ ပြန်လည်နေရာချထားရေး ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ တရုတ် သုံးပွင့်ဆိုင်ဆွေးနွေးပွဲကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာမှာ ဇန်နဝါရီလ ၁၉ ရက်နေ့ပြုလုပ်ဖို့ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီး Dr. AK Abdul Momen က ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။
သမ္မတ ဒေါ်နယ် ထရမ့်ကို အမေရိကန် အောက်လွှတ်တော်က ဗုဒ္ဓဟူးနေ့က တရားစွဲဆိုလိုက်ပြီ ဖြစ်ပါတယ်။လေးနှစ်တာ သမ္မတ သက်တမ်း ကုန်ဆုံးဖို့ တစ်ပတ်တိတိ အလိုမှာပဲ သမ္မတ ထရမ့်ကို အောက်လွှတ်တော်က ၂၃၂ မဲ ၁၉၇ မဲနဲ့ တရားစွဲဆို လိုက်တာပါ။
တရုတ်ပြည်တွင်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ နိုင်ငံရပ်ခြားက အာဏာရှင်စနစ်တွေကို တရုတ်က ထောက်ခံပံ့ပိုးနေတာကို တုန့်ပြန်ဆောင်ရွက်ဖို့ ကမ္ဘာမှာ ဦးဆောင်နေတဲ့ ဒီမိုကရေစီနိုင်ငံတွေအနေနဲ့ ညွန့်ပေါင်းအဖွဲ့ဖွဲ့စည်းသင့်ကြောင်း ထင်ရှားတဲ့ ဗြိတိန်ပါလီမန် အမတ်တွေက အကြံပြုတိုက်တွန်းခဲ့ကြပါတယ်။
အီရန်နိုင်ငံရဲ့ ဥသျှောင် ဘာသာရေးခေါင်းဆောင် Ayatollah Ali Khamenei ထိန်းချုပ်ကိုင်တွယ်ထားတဲ့ အဖွဲ့အစည်း နှစ်ခုကို ဒဏ်ခတ် ပိတ်ဆို့ အရေးယူလိုက်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါရဲ့ ဒဏ်ကို ဒုတိယမြောက်နှစ်မှာ ပိုပြီး ခံစားရဖို့ ရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပြော ပါတယ်။
အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAID) ရဲ့အကြီးအကဲအဖြစ် ကုလသမဂ္ဂဆိုင်ရာ အမေရိကန် အမြဲတမ်း ကိုယ်စား လှယ်ဟောင်း Samantha Power ကို လျာထားခန့်အပ်တယ်လို့ ရွေးကောက်ခံ သမ္မတ Joe Biden က ဗုဒ္ဓဟူးနေ့က ကြေညာလိုက် ပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၅၂၃ ယောက် ထပ်တိုးပြီး သေဆုံးသူ ၂၄ ယောက် ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
HRW လို့ အတိုခေါက်ခေါ်တဲ့ အမေရိကန်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က၊ မြန်မာအစိုးရအနေနဲ့ အခြေခံနိုင်ငံသားနဲ့ နိုင်ငံရေးအခွင့်အရေးတွေကို ချိုးဖောက်ခဲ့ပြီး၊ တိုင်းရင်းသားတွေအပေါ် ကျူးလွန်ခဲ့တဲ့ လုံခြုံရေးအဖွဲတွေကိုအရေးယူဖို့လည်း ပျက်ကွက်ခဲ့တယ်လို့ အစီရင်ခံစာ ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
သမ္မတအိမ်ဖြူတော်ဆိုင်ရာ ဗွီအိုအေသတင်းဌာန သတင်းထောက်ကို အဲဒီနေရာကနေ တခြားနေရာကို ပြောင်းရွှေ့တာဝန်ပေးခဲ့တဲ့အပေါ် အောက်လွှတ်တော်အမတ်တွေဖြစ်ကြတဲ့ Gregory Meeks နဲ့ Michael McCaul တို့က USAGM ကို အင်္ဂါနေ့က ပြစ်တင်ဝေဖန်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်