ပြီးခဲ့တဲ့သီတင်းပတ်က အမေရိကန် ကွန်ဂရက်လွှတ်တော် အဆောက်အဦးထဲ အတင်း ဖျက်ဆီး ဝင်ရောက်ပြီး ရုန်းရင်းဆန်ခတ်လုပ်ခဲ့တဲ့ဖြစ်ရပ်နဲ့ ဆက်စပ်ပြီးတော့ ရာဇဝတ်ကြောင်းနဲ့ တရားစွဲဆိုခံရနိုင်ခြေရှိသူ ၁၇၀ ကျော်ကို ဖော်ထုတ်ထားပြီးပြီလို့ အမေရိကန် တရားရေးဌာန ရှေ့နေတွေက အင်္ဂါနေ့မှာပြောပါတယ်။
သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်ကို ဒုတိယအကြိမ်မြောက် တရားစွဲဆိုမယ့် ဆုံးဖြတ်ချက်ကို အောက်လွှတ်တော်မှာ လူများစုဖြစ်တဲ့ ဒီမိုကရက်တွေရဲ့ ထောက်ခံမဲသက်သက်နဲ့ အတည်ပြုနိုင်မှာဖြစ်ပေမယ့်လည်း ဒါကိုထောက်ခံမယ့် ရီပတ်ဘလီကန်အမတ်တွေလည်း တိုးလာနေပါတယ်။
Radio Free Europe / Radio Liberty တို့ကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ရုရှားရဲ့အငြင်းပွားဖွယ်ရာ နိုင်ငံခြားအေဂျင့်ဥပဒေ ချိုးဖောက်သူတွေအတွက်ဆိုပြီး ပထမဦးဆုံးအကြိမ်သတ်မှတ်တဲ့ စီမံခန့်ခွဲမှု ကျင့်ဝတ်ဆိုင်ရာ protocol (၈) ချက်ကို ရုရှားဆက်သွယ်ရေးစောင့်ကြည့်ရေးအဖွဲ့ Roskomnadzor က ရေးဆွဲခဲ့ပါတယ်။
ပြီးခဲ့တဲ့ အပတ်က အမေရိကန် လွှတ်တော် အဆောက်အဦးထဲ လူ အသေအပျောက် ရှိခဲ့တဲ့ ဝင်ရောက် စီးနင်းမှုဟာ ဒီမိုကရေစီနဲ့ ဆန့်ကျင်ပြီး ရာဇဝတ်မှု မြောက်တဲ့ လုပ်ရပ် ဖြစ် ကြောင်း အမေရိကန် စစ်တပ်က ထိပ်တန်း ခေါင်းဆောင်တွေက တပ်ဖွဲ့ဝင်တွေကို သတိပေးချက် ထုတ်ပြန် လိုက်တယ်လို့ AP သတင်းဌာနက ပြောပါတယ်။
တရုတ်နိုင်ငံက သွင်းကုန်ပစ္စည်းတွေကိုနဲ့ ပတ်သက်လို့ အတင်းအဓမ္မစေခိုင်းမှု သံသယရှိတဲ့ ကုန်ပစ္စည်းတွေကို တားမြစ်ဖို့ ဗြိတိန်နိုင်ငံမှာ အင်္ဂါနေ့က စည်းမျဉ်းစည်းကမ်းအသစ် တွေကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။
တက္ကဆက် ပြည်နယ် တောင်ပိုင်း မက္ကဆီကို နယ်စပ်နားက Alamo ကိုရောက်နေတဲ့ သမ္မတ ထရမ့်ကို ထောက်ခံသူ လူအုပ်စု ငယ်တစ်စုက ကြိုဆို နှုတ်ဆက်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ စနေနေ့က ဂျာဗားပင်လယ်ထဲ ပျက်ကျခဲ့တဲ့ ခရီးသည်တင်လေယာဉ်ရဲ့ အချက်အလက် သိမ်းဆည်းတဲ့မှတ်တမ်း Black Box စက်ကို ရေငုပ်သမားတွေက ဆယ်ယူရရှိခဲ့ပြီ ဖြစ်ကြောင်း အင်ဒိုနီးရှား ခရီးသွား ဝန်ကြီး က အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။
COVID 19 ကာကွယ်ဆေး အမြောက်အမြား ထိုးနှံပေးမယ့် အစီအစဉ် ရှိနေပေမယ့်လည်း ဒီနှစ်ထဲ ကမ္ဘာသူ ကမ္ဘာသား အားလုံး ဗိုင်း ရပ်စ်ဒဏ် ခံနိုင်စွမ်းရရှိမယ့် herd immunity အဆင့်ကို ရောက်ရှိဦးမှာ မဟုတ်သေးဘူးလို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ WHO က ပြောပါတယ်။
ဒီမိုကရက် အမတ်တွေက သူ့ကို တရားစွဲဆိုဖို့ ကြိုးပမ်းနေတာက ရယ်စရာကောင်းတဲ့ အဓိပ္ပါယ်မရှိတဲ့ လုပ်ရပ်လို့ သမ္မတ ဒေါ်နယ် ထရမ့်က ပြောပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres အနေနဲ့ ဒုတိယ သက်တမ်း တာဝန်ထမ်းဆောင်ဖို့ လိုလားကြောင်း ကုလ သမဂ္ဂအထွေထွေ ညီလာခံနဲ့ လုံခြုံရေးကောင်စီကို အသိပေးခဲ့တယ်လို့ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဒီကနေ့ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်သူ ၅၅၁ ယောက်ထပ်ပြီး အတည်ပြုလိုက်တဲ့အတွက်အခုထိ ကူးစက်သူ စုစုပေါင်း ၁၃၁,၇၃၇ ယောက်ရှိပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID – 19 ကြောင့် သေဆုံးသူက ၂၀ ဦးရှိတာကြောင့် အခုထိသေဆုံးသူ စုစုပေါင်း ၂,၈၇၈ ယောက်ရှိပြီဖြစ်ပါတယ်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးခေါ်ယူဖို့ တပ်မတော်ကိုယ်စားလှယ်တွေအပါအဝင် လွှတ်တော်ကိုယ်စားလှယ် လေးပုံတပုံက တောင်းဆိုခဲ့ပေမဲ့ ပြည်ထောင်စုလွှတ်တော်ရုံးက ဒီကနေ့မှာပဲ ပယ်ချခဲ့ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နေပြည်တော်မှာ တွေ့ဆုံခဲ့တဲ့ မြင်ကွင်း။ ~~~ တရုတျနိုငျငံခွားရေးဝနျကွီး Wang Yi နဲ့ တပျမတောျကာကှယျရေးဦးစီးခြုပျ ဗိုလျခြုပျမှူးကွီး မငျးအောငျလှိုငျတို့ နပွေညျတောျမှာ တှေ့ဆုံခဲ့တဲ့ မွငျကှငျး။
ပြီးခဲ့တဲ့ အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ကြားဝင် နှောက်ယှက်ပြီး ရွေးကောက်ခံ သမ္မတ Joe Biden ရဲ့ မဲဆွယ် စည်းရုံးရေးကို ထိခိုက်အောင် လုပ်ဆောင်ခဲ့တဲ့ ရုရှားသြဇာခံအဖွဲ့ဝင်တွေကို အမေရိကန် အစိုးရက အရေးယူလိုက်ပြီ ဖြစ်ပါတယ်။
ဒုသမ္မတ Mike Pence နဲ့ သမ္မတ Trump အစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေ၊ ဖွဲ့စည်းပုံအရ လုပ်ပိုင်ခွင့်ကကို သုံးပြီး သမ္မတကို ရာထူးက ဖယ်ရှားရေး တောင်းဆိုထားတဲ့ ဆုံးဖြတ်ချက်ကို ဒီမိုကရက် အများစု လွှမ်းမိုးတဲ့ အောက်လွှတ်တော်က အင်္ဂါနေ့မှာ မဲခွဲဆုံးဖြတ်မယ်လို့ မျှော်လင့်ရပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တွင်းက သမ္မတ Donald Trump ကို ထောက်ခံသူ အစွန်းရောက်တွေ အမေရိကန်လွှတ်တော်တွင်း ဝင်ရောက်စီးနင်းမှုဖြစ်ခဲ့တာကြောင့် လာမယ့် ဇန်နဝါရီ ၂၀ ရွေးကောက်ခံ သမ္မတ Joe Biden ကျမ်းသစ္စာ ကျိန်ဆိုပွဲ မတိုင်မီ နိုင်ငံတဝှမ်း လက်နက်ကိုင်ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာနိုင်တဲ့ အပေါ် စိုးရိမ်မှုတွေ မြင့်တက်လာနေပါတယ်။
မြန်မာနိုင်ငံ နယ်စပ်မြို့ဖြစ်တဲ့ မြဝတီက ကာစီနိုလောင်းကစားလုပ်ငန်းတွေမှာ အလုပ်လုပ်နေတဲ့ ထိုင်းနိုင်ငံသားတွေကို ဒီလဆန်းက စပြီး အသုတ်လိုက်ခွဲ ပြန်လည်လက်ခံနေရာမှာ မနေ့က ပြန်ရောက်လာသူ ၂၁ ယောက်နဲ့ပါဆိုရင် ၇၅ ယောက်ရှိခဲ့ပါတယ်။
သမ္မတ Donald Trump ကို ထောက်ခံသူတွေက ရွေးကောက်ပွဲရလဒ်ကိုပြောင်းလဲစေဖို့ ကြိုးစားတဲ့အနေနဲ့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ လွှတ်တော်ကို အတင်းဝင်ရောက်စီးနင်းတာဟာ သမ္မတကြောင့်လို့ စွပ်စွဲပြီး ဒီမိုကရက်တွေ ကြီးစိုးတဲ့ အောက်လွှတ်တော်က သမ္မတကို တရားစွဲဆိုဖို့ တနင်္လာနေ့မှာ လုပ်ဆောင်နေကြပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အကောင့်ကို တွစ်တာနဲ့ တခြားလူမှုကွန်ယက်တွေက ဖယ်ရှားလိုက်ကြတာဟာ ပြဿနာအဖြစ် သူမြင်ကြောင်း ဂျာမဏီဝန်ကြီးချုပ် Angela Merkel က တနင်္လာနေ့မှာ ပြောပါတယ်။
တရုတ်နိုင်ငံတွင်းမှာ COVID 19 ကပ်ဘေးရောဂါရဲ့ မူရင်း ဇစ်မြစ်ကို စုံစမ်းစစ်ဆေးမယ့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO ရဲ့ နိုင်ငံတကာ ပညာရှင်များ အဖွဲ့တခု ဇန်နဝါရီလ ၁၄ ရက်နေ့မှာ တရုတ်ကို ဆိုက်ရောက်လာမယ့် အကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဇန်နဝါရီလ ၁၁ ရက်နေ့ တနလာၤနေ့မှာ ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်