အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Michael R. Pompeo ဟာ တနင်္လာနေ့ နေ့လည်က ဝါရှင်တန်ဒီစီ မှာရှိတဲ့ VOA အမေရိကန် အသံ ဌာနချုပ်ကို လာရောက် ခဲ့ပါတယ်။
အမေရိကန်ထောက်လှမ်းရေးအေဂျင်စီ CIA အကြီးအကဲအဖြစ် ဝါရင့်သံတမန် William Burns ကို အမည်စာရင်းတင်သွင်းမှာ ဖြစ်ကြောင်း အရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန်က တနင်္လာနေ့မှာ ကြေညာလိုက်ပါတယ်။
တရုတ်နိုင်ငံခြားရေး ဝန်ကြီး Wang Yi က တနလာၤနေ့မှာ သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံပြီး COVID-19 ကာကွယ် အရေး၊ တရုတ် - မြန်မာ စီးပွားရေး စင်္ကြန် စီမံကိန်းတွေ အပါအဝင် နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေ ဆွေးနွေးခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာသစ် ၅၈၂ ယောက်ထပ်တိုးပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဇန်နဝါရီလ ၁၁ ရက် တနင်္လာနေ့ည ထုတ်ပြန်ချက်အရ COVID-19 ရောဂါကြောင့် သေဆုံးသူ နောက်ထပ် ၁၂ ယောက်ရှိပါတယ်။ ၁၁ ယောက်က ရောဂါ အခံရှိသူတွေဖြစ်ကြပါတယ်။
ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်၁၉ ကိုရိုနာဗိုင်းရပ်စ်ပိုး မူလစတင်ပြန့်ပွားမှုကို စုံစမ်းစစ်ဆေးဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကနေ နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်တွေ ပါဝင်တဲ့အဖွဲ့တဖွဲ့ကို ဒီသီတင်းပတ်ထဲမှာပဲ တရုတ်နိုင်ငံကို စေလွှတ်မှာဖြစ်ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး မြန်မာခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ~~~ တရုတျနိုငျငံခွားရေးဝနျကွီး မွနျမာခေါငျးဆောငျတှနေဲ့ တှေ့ဆုံ
အမေရိကန်သမ္မတ Donald Trump ကို ရာထူးကနေ ဖယ်ရှားနိုင်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ချက် ၂၅ ကို Trump အစိုးရ Cabinet ဝန်ကြီးအဖွဲ့ အသုံးပြုဖို့ အောက်လွှတ်တော်အမတ်တွေ ဒီနေ့ ဆုံးဖြတ်တောင်းဆိုမယ်လို့ အောက်လွှတ်တော် ဥက္ကဋ္ဌ Nancy Pelosi ကပြောကြားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ဇန်နဝါရီလ ၂၀ ရက်နေ့ ကျင်းပမယ့် သမ္မတသစ် ကျမ်းကျိန်ပွဲမှာ အကြမ်းဖက်မှု ဖြစ်နိုင်တဲ့ အန္တရာယ်ရှိတယ်လို့ အထက်လွှတ်တော် Democratic ပါတီခေါင်းဆောင် Chuck Schumer က တနင်္ဂနွေနေ့က သတိပေးလိုက်ပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံမှာ တနင်္ဂနွေနေ့က လမ်းဘေးထောင်ဗုံးတလုံး ပေါက်ကွဲပြီး အကြမ်းဖက်စစ်သွေးကြွ နှိမ်နင်းရေး ဗုံးကြဲမှုတွေကြောင့် အစိုးရ ပြောခွင့်ရပုဂ္ဂိုလ်တဦး အပါအဝင် ၁၅ ဦး သေဆုံးခဲ့ရပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ စနေနေ့က ပင်လယ်ထဲ ပျက်ကျခဲ့တဲ့ ခရီးသည်တင်လေယာဉ်ရဲ့ အချက်အလက် သိမ်းဆည်းတဲ့မှတ်တမ်း Black Box စက်တွေ တည်ရှိတဲ့နေရာကို ရှာဖွေတွေ့ရှိခဲ့ကြောင်း အင်ဒိုနီးရှား အာဏာပိုင်တွေက တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။
အိန္ဒိယနဲ့ တရုတ် နယ်မြေအငြင်းပွားနေတဲ့ ဟိမဝန္တာနယ်စပ်မှာ တရုတ်စစ်သားတဦးကို ဖမ်းဆီးခဲ့ကြောင်း အိန္ဒိယစစ်တပ်က စနေနေ့က ပြောကြားခဲ့ကြောင်း AFP သတင်းဌာနမှာ ဖော်ပြထားပါတယ်။
ရိုဟင်ဂျာ ၁၉ ဦးကို ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်မှုနဲ့ ဖမ်းဆီးခဲ့ပြီး သူတို့ကို နေအိမ်မှာ လက်ခံထားတယ်ဆိုတဲ့ ထိုင်းအမျိုးသမီးတဦးကိုလည်း ဖမ်းဆီးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က စနေနေ့က ပြောကြားခဲ့တယ်လို့ AFP သတင်းဌာနမှာ ဖော်ပြထားပါတယ်။
COIVD-19 ကူးစက်မှုှုနှုန်း မြင့်မားနေတဲ့ မြန်မာနိုင်ငံမှာ အစိုးရရဲ့ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာန (CDC) အတွက် နိုင်ငံတကာအဆင့်မီ သုတေသနဌာနကို တရုတ်နိုင်ငံရဲ့ ကူညီထောက်ပံ့မှုအပြည့်နဲ့ စတင်တည်ဆောက်တော့မှာ ဖြစ်ပါတယ်။
COVID-19 ကာကွယ်ဆေးထိုးတာဟာ ကိုယ့်အတွက်တင်မကဘဲ တခြားလူတွေအတွက်ပါ သက်ဆိုင်နေတာကြောင့် ဆေးထိုးသင့်မသင့် လူ့ကျင့်ဝတ်အရ ဆုံးဖြတ်ဖို့ ပုပ်ရဟန်းမင်းကြီး Francis က ပြောကြားလိုက်ပါတယ်။
အမေရိကန်လွှတ်တော်ကို ပြီးခဲ့တဲ့သီတင်းပတ်ထဲ အတင်းဝင်ရောက်စီးနင်းမှု ဖြစ်ပွါးခဲ့တဲ့နောက်မှာ ဂျာမနီလွှတ်တော်အတွက် လုံခြုံရေးတွေ တိုးမြှင့်လုပ်ဆောင်နေကြောင်း လွှတ်တော်ဥက္ကဋ္ဌ Wolfgang Schäuble က လွှတ်တော်အမတ်တွေကို ပြောကြားခဲ့ပါတယ်။
အမေရိကန်လွှတ်တော်မှာ လူ ၅ ဦးသေဆုံးခဲ့ရတဲ့ ဗုဒ္ဓဟူးနေ့က လွှတ်တော်ထဲ အတင်းဝင်ရောက်တဲ့ ဖြစ်ရပ်အတွက် သမ္မတ Donald Trump တာဝန်ခံသင့်ကြောင်း ပြောကြားနေတဲ့ အောက်လွှတ်တော် ဒီမိုကရက်အမတ်တွေက သမ္မတကို တရားစွဲဖို့ တနင်္ဂနွေနေ့မှာလည်း တွန်းအားပေးနေကြပါတယ်။
မြန်မာနိုင်ငံမှာ ဒီကနေ့ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်သူ ၅၅၅ ယောက် ထပ်ပြီး အတည်ပြုလိုက်တဲ့အတွက် အခုထိ ကူးစက်သူစုစုပေါင်း ၁၃၀,၆၀၄ ယောက် ရှိပြီဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းက အမေရိကန် လွှတ်တော်အဆောက်အဦထဲ စီးနင်း ဝင်ရောက်ခဲ့သူတွေထဲ ပါဝင်ခဲ့သူတွေကို ထပ်ပြီး ဖမ်းဆီးလိုက်ပါတယ်။
အမေရိကန် ကွန်ဂရက်လွှတ်တော်ထဲကို လူအုပ်ကြီး ဝင်ရောက်စီးနင်းအောင် လှုံ့ဆော်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ သမ္မတ Donald Trump ကို လွှတ်တော်ကနေ အရေးယူဖို့ အရှိန်မြှင့် လုပ်ဆောင်လာနေပါတယ်။
ဗြိတိန်မှာ လက်ရှိ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး တရက်ကို လူ ၂၀၀,၀၀၀ ကို ထိုးနှံပေးနေတာကနေ ဆက်ပြီးတော့ တပတ်မှာ လူ ၂ သန်းအထိ ထိုးနှံပေးနိုင်ဖို့ စီစဉ်နေပါတယ်။
နောက်ထပ်ကြည့်ရှုရန်