အင်ဒိုနီးရှားနိုင်ငံမြို့တော် ဂျကာတာကနေ ထွက်ခွာအပြီး ရေထဲကို ပျက်ကျသွားတဲ့ ခရီးသည် ၆၂ ယောက်ပါ အင်ဒိုနီးရှား Sriwijaya လေကြောင်းလိုင်း လေယာဉ်ကနေ ရေပေါ် ပေါလောပေါ်လာတဲ့ လူ့ခန္ဓာကိုယ် အပိုင်းအစတွေ၊ လေယာဉ်ပျက် အပိုင်းအစတွေ၊ ပစ္စည်းတွေ၊ အဝတ်အစားတွေကို အင်ဒိုနီးရှားစစ်တပ် ရေငုပ်သမားတွေကနေ ရှာဖွေဆယ်ယူနေပါတယ်။
ဒီမိုကရေစီနိုင်ငံတွေဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုနဲ့ ထိုင်ဝမ်တို့ကြား တရားဝင်မဟုတ်သေးတဲ့ နှစ်နိုင်ငံဆက်ဆံရေး ကောင်းအောင် တည်ဆောက်နေချိန်မှာပဲ အမေရိကန်အရာရှိတွေနဲ့ ထိုင်ဝမ်တာဝန်ရှိသူတို့ကြား ဆက်ဆံခွင့် ကန့်သတ်ထားတာတွေကို အမေရိကန်ဘက်က ဖြေလျှော့ပေးလိုက်ပါပြီ။
စပိန်နိုင်ငံမှာ Filomena နှင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် အနည်းဆုံး လူ ၃ ဦး သေဆုံးခဲ့ရပြီး မက်ဒရစ်မြို့တော် အပါအဝင် နိုင်ငံတလွှား လမ်းမတွေပေါ်မှာ ထူူထဲတဲ့နှင်းတွေ ဖုံးနေတာကြောင့် ကားတွေထဲ ပိတ်မိနေသူတွေကို စစ်တပ်ဦးဆောင်ပြီး ကယ်ဆယ်ရေးတွေ လုပ်နေရပါတယ်။
အင်ဒိုနီးရှား Sriwijaya လေကြောင်းလိုင်းရဲ့ လူပေါင်း ၆၂ ဦး လိုက်ပါသွားတဲ့ လေယာဉ်ရဲ့ အပျက်အစီးတွေကို တွေ့ရှိထားပြီဖြစ်ကြောင်း ရှာဖွေ ကယ်ဆယ်ရေးဌာန တာဝန်ရှိသူ Bamaang Suryo Aji က အတည်ပြုပါတယ်။
အိန္ဒိယနိုင်ငံတဝန်းမှာ ငှက်တုပ်ကွေး ပျံ့နှံ့ ဖြစ်ပွားနေတာကြောင့် မြို့တော် နယူးဒေလီမှာ ကြက်အရှင် တင်သွင်းမှုကို ဇန်နဝါရီလ ၉ ရက် စနေနေ့မှာ တားမြစ်လိုက်ပြီး အကြီးဆုံး ကြက်ဘဲဈေးကြီးကိုလည်း ပိတ်လိုက်ပါတယ်။
တရုတ်နိုင်ငံမြောက်ပိုင်း ဟာဘေးခရိုင်က Shijiachaung မြို့မှာ COVID-19 ကူးစက်သူ ၃၉ ယောက် တွေ့ရှိခဲ့တဲ့နောက် ဗုဒ္ဓဟူးနေ့ကစပြီး ၃ ရက်ကြာ lockdown ချ ကန့်သတ်ခဲ့သလို မြို့ခံတွေအတွက် ဒီရောဂါရှိမရှိ စမ်းသပ်စစ်ဆေးမှုဟာလည်း ပထမအကြိမ် ပြီးဆုံးသွားပြီဖြစ်ကြောင်း မြို့တော်ဝန် Ma Yujun က စနေနေ့မှာ ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ဗုဒ္ဓဟူးနေ့က လွှတ်တော်တွင်း အတင်းဝင်ရောက် စီးနင်းမှု ဖြစ်ပွါးခဲ့တာအတွက် အံ့သြရကြောင်းနဲ့ ဒီမိုကရေစီကို ဆန့်ကျင်လုပ်ဆောင်မှုဟာ ဘယ်တော့မှ အလုပ်မဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီး Francis က စနေနေ့မှာ ပြောပါတယ်။
အနောက်ဗာဂျီးနီးယားပြည်နယ် အောက်လွှတ်တော်အမတ် Derrick Evans ကို လွှတ်တော် ကန့်သတ်နယ်မြေတွင်း ဝင်ရောက်မှုနဲ့ တရားစွဲဆိုထားပါတယ်။ သူဟာ လွှတ်တော်ဝင်စီးစဉ်က ကိုယ့်လှုပ်ရှားမှုကိုကိုယ် ဗွီဒီယိုရိုက်ပြီး ဖေ့စ်ဘုတ်မှာ တင်ခဲ့ပေမယ့် ခုတော့ အဲဒါကို ပြန်ဖျက်ပစ်ခဲ့တာပါ။
တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi လာမယ့် တနင်္လာနေ့မှာ မြန်မာနိုင်ငံကို ၂ ရက်ကြာ ခရီးစဉ်အဖြစ် ရောက်လာဖို့ရှိကြောင်း The Economic Times က ဖော်ပြပါတယ်။
ထိုင်းနိုင်ငံမှာ ကိုဗစ်ပိုးကူးစက်မှု စံချိန်တင် ပြန်တက်လာတာကြောင့် အလုပ်ရှင်တွေက ကန့်သတ်ချက်သစ်တွေ ထုတ်ပြန်အပြီးမှာ မြန်မာအများစုဖြစ်တဲ့ ရွှေ့ပြောင်းလုပ်သားတွေအကြား အလုပ်ရရေးနဲ့ ဆက်ရှင်သန်နိုင်ရေး ရုန်းကန်နေရတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ဆိုပါတယ်။
ဗုဒ္ဓဟူးနေ့က ကွန်ဂရက်လွှတ်တော် ရုန်းရင်းဆန်ခတ်မှုကို စုံစမ်းစစ်ဆေးနေတာမှာ ခုချိန်ထိဆိုရင် လူပေါင်း တဒါဇင်ကျော်ကို စွဲချက်တင်ထားပြီလို့ တာဝန်ရှိသူတွေက သောကြာနေ့မှာ ပြောပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un က နျူကလီးယားလက်နက် ပိုင်ဆိုင်မှုကို တိုးချဲ့သွားမယ်လို့ ခြိမ်းခြောက်လိုက်သလို အမေရိကန်မှာ သမ္မတသစ် တက်လာပေမယ့် အမေရိကန်အစိုးရအပေါ် သူ့ရဲ့ချဉ်းကပ်မှု ပြောင်းလဲသွားမှာ မဟုတ်ဘူူးလို့ သတိပေးလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၅၆၆ ယောက် ထပ်တိုးပြီး သေဆုံးသူ ၁၄ ယောက် ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တကမ္ဘာလုံး ကိုဗစ်ပိုးကူးစက်သူပေါင်း သန်း ၉၀ နီးပါးအထိ မြင့်တက်လာနေတယ်လို့ အမေရိကန်နိုင်ငံရှိ Johns Hopkins တက္ကသိုလ် ကိုရိုနာဗိုင်းရပ်စ် လေ့လာရေးဌာနက ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
COVID-19 ကပ်ရောဂါ ကြောင့် ထိခိုက်ခဲ့တဲ့ မြန်မာ့ ခရီးသွားလုပ်ငန်းတိုးမြှင့်ရေး အတွက် ရောဂါကာကွယ်ရေး သတ်မှတ်ချက်တွေနဲ့အတူ မဟာဗျူဟာချမှတ်ဆောင်ရွက်နေကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။
COVID-19 ကူးစက်မှုနှုန်း စံချိန်တင်မြင့်တက်လာနေတဲ့ ထိုင်းနိုင်ငံမှာ အလုပ်ရှင်တွေက ကန့်သတ်ချက်အသစ်တွေသတ်မှတ်ခဲ့တာကြောင့် ရွှေ့ပြောင်းအလုပ်သမားတွေအတွက် အလုပ်ရှာဖွေဖို့နဲ့ ရှင်သန်ရပ်တည်နေထိုင်ဖို့ ရုန်းကန်နေရကြောင်း လူ့အခွင့်အရေးအဖွဲ့တွေက သောကြာနေ့က ပြောပါတယ်။
COVID 19 အတွက် အမေရိကန်နဲ့ ဗြိတိန်က ထုတ်တဲ့ ကာကွယ်ဆေးတွေဟာ လုံးဝယုံကြည်စရာ မရှိတဲ့အတွက် အီရန်နိုင်ငံတွင်း မတင်သွင်းဖို့ အီရန်ခေါင်းဆောင်ကြီး Ayatollah Ali Khamenei က သောကြာနေ့မှာ ပိတ်ပင်လိုက်ပါတယ်။
သမ္မတ Donald Trump ရဲ့ Twitter လူမှုကွန်ယက်အကောင့်ကို အပြီးအပိုင် ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း Twitter က သောကြာနေ့မှာ ကြေညာလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ အစိုးရတရပ်ကနေ နောက်အစိုးရတရပ်ကို ငြိမ်းချမ်းစွာအာဏာလွှဲပြောင်းပေးတဲ့ အထိမ်းအမှတ်အဖြစ် ရာစုနှစ်ပေါင်းများစွာ ကျင့်သုံးခဲ့ တဲ့ အစဉ်အလာကို ဖျက်ပြီး သမ္မတ ဒေါ်နယ်ထရမ့်က သူဟာ အရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန်ရဲ့ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုတဲ့ ပွဲကို တက်ရောက်မှာ မဟုတ်ဖူးလို့ ပြောပါတယ်။
ဗီယက်နမ်မှာ မတရားသဖြင့် ထိန်းသိမ်းခံထားရသူအားလုံးကို ပြန်လွှတ်ပေးဖို့နဲ့ ပုဂ္ဂိုတ်တဦးချင်းစီအနေနဲ့လက်တုံ့ပြန်ခံရမှာကို ကြောက်ရွံစရာမလိုပဲ သူတို့ရဲ့ အမြင်တွေလွတ်လပ်စွာထုတ်ဖေါ်ခွင့်ပြုဖို့အမေရိကန်ပြည်ထောင်စုက တောင်းဆိုကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်ပြောခွင့်ရ Cale Brown က ပြောကြားခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်