အမေရိကန်လွှတ်တော်တွင်း ဗုဒ္ဓဟူးနေ့ အတင်းဝင်ရောက်စီးနင်းမှုဟာ ဒီမိုကရေစီရေး လွတ်လပ်မှုကို စော်ကားတာ ဖြစ်တဲ့ အတွက် ရှုတ်ချကြောင်းနဲ့ ဒီဖြစ်ရပ်အတွက် သေသေချာချာ စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂလူ့အခွင့်ရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet က တောင်းဆိုလိုက်ပါတယ်။
တရုတ်နိုင်ငံ မြောက်ပိုင်း Hebei ပြည်နယ် Shijiazhuang မြို့ရှိတဲ့ Gaocheng အရပ်မှာ ခရိုင်လိုက် ဗိုင်းရပ်စ်ကူးစက်မှုရှိမရှိ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာကနေ COVID-19 ရောဂါရှိနေသူပေါင်း ၂၅၉ဦးကိုတွေ့ရှိခဲ့တယ်လို့ ဒေသဆိုင်ရာအာဏာပိုင်တွေကပြောပါတယ်။
ထွက်လာတဲ့ COVID 19 ကာကွယ်ဆေးတွေကို ချမ်းသာတဲ့ နိုင်ငံတွေကနေ အများဆုံး ဝယ်ယူနေကြတာကြောင့် ကမ္ဘာ့ဆင်းရဲတဲ့နိုင်ငံတွေမှာ ဆေးမရပဲ ဖြစ်နေတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ Tedros Adhanom Ghebreyesus က သောကြာနေ့ ဂျနီဗာ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာ ကြာသပတေးနေ့ကထက် အနည်းငယ်ပြန်များလာပါတယ်။ ဒီနေ့ ဒီဇင်ဘာလ ၈ ရက် သောကြာနေ့အတွက် ကျန်းမာရေးနဲ့ အားကစားဌာနရဲ့ ည ၈ နာရီ ထုတ်ပြန်ချက်အရ အတည်ပြုလူနာသစ် ၇၁၁ ယောက်ရှိပါတယ်။
သမ္မတ Donald Trump အပေါ်ထောက်ခံတဲ့ လူအုပ်ကြီး လွှတ်တော်အဆောက်အဦးထဲ ဗုဒ္ဓဟူးနေ့က အတင်းဝင်ရောက်ခဲ့တဲ့ဖြစ်ရပ်ဖြစ်ခဲ့ပြီး ကြာသပတေးနေ့က Trump အစိုးရ ဝန်ကြီးအဖွဲ့ထဲက ဝန်ကြီး ၂ ယောက် ရာထူးကနေ နုတ်ထွက်သွားပါတယ်။
၂၀၁၅ ခုနှစ်ကစပြီး ၆ နှစ်တာကာလဟာ ကမ္ဘာပေါ်မှာ အပူပြင်းဆုံး ၆ နှစ်အဖြစ် မှတ်တမ်းတင်ထားတာဖြစ်ပြီး လွန်ခဲ့တဲ့ ၂၁ နှစ်အတွင်း နှစ် ၂၀ မှာ ဆက်တိုက် ပိုပြီးတော့ ကမ္ဘာကြီး ပူနွေးလာတဲ့ အထောက်အထားတွေ တွေ့ရတယ်လို့ Copernicus ဥတုရာသီပြောင်းလဲမှု လေ့လာစောင့်ကြည့်ရေးဌာနက ပြောပါတယ်။
ဗုဒ္ဓဟူးနေ့တုန်းက အမေရိကန်ပြည်ထောင်စု လွှတ်တော်ထဲ အတင်းဝင်ဖျက်ဆီးကြသူတွေအပေါ် တရားဥပဒေ စိုးမိုးရေးတာဝန်ရှိသူတွေ ရာဇဝတ်မှုဖွင့် စုံစမ်းနေပါပြီ။ အဓိကရုဏ်းထဲပါတဲ့ Trump လိုလားသူ ရာနဲ့ချီရဲ့ စာရင်းကိုထုတ်ပြန်ပြီး ဖော်ထုတ်ဖမ်းဆီးသွားမယ်လို့ ကြာသပတေးနေ့က ကြေညာပါတယ်။
လွန်ခဲ့တဲ့နှစ် ၂၀ လောက်က ဘာလီကျွန်း အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ဆက်နွယ်တဲ့ အစွန်းရောက်ဘာသာရေးခေါင်းဆောင်ကို အင်ဒိုနီးရှားနိုင်ငံက ပြန်လွှတ်ပေးလိုက်ပါတယ်။ ၂၀၀၂ ခုနှစ် အောက်တိုဘာလက ဖြစ်ခဲ့တဲ့ အဲဒီ ဗုံးခွဲတိုက်ခိုက်မှုကြောင့် နိုက်ကလပ် ၂ ခုမှာ နိုင်ငံခြားသားအများစုအပါအဝင် လူပေါင်း ၂၀၀ ကျော်သေဆုံးခဲ့ပါတယ်။
ဗွီအိုအေ အမေရိကန်အသံ မြန်မာပိုင်းအစီအစဉ်က စနေနေ့ ထုတ်လွှင့်မယ့် မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာအစိုးရသစ်ကို လှမ်းမျှော်ကြည့်ခြင်းဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးတင်ပြဖို့ ရှိပါတယ်။ ဒေါက်တာရန်မျိုးသိမ်း ၊ ဦးတင်မောင်သန်း တို့နဲ့အတူ Channel FFE မီဒီယာ အဖွဲ့က အယ်ဒီတာကိုမှူးသစ်က စီစဉ်တင်ဆက်ထားပါတယ်။
အမေရိကန်လွှတ်တော်ကို ဗုဒ္ဓဟူးနေ့က သမ္မတဒေါ်နယ်ထရမ့်ကို ထောက်ခံသူတွေ ဝင်ရောက်စီးနင်းခဲ့တဲ့ နောက်ပိုင်း ကြာသပတေးနေ့မှာတော့ သယ်ယူပို့ဆောင်ရေးဝန်ကြီး Elaine Chao ဟာ အစိုးရအဖွဲ့ ထဲကနေ နုတ်ထွက်ကြောင်း ကြေညာလိုက်ပါတယ်။
ဝါရှင်တန် ဒီစီမြို့တော်မှာရှိတဲ့ လွှတ်တော်အဆောက်အဦးတွေနဲ့ ကွန်ဂရက်လွှတ်တော် စာကြည့်တိုက် အပါအဝင် နိုင်ငံတဝှမ်းမှာရှိတဲ့ လွှတ်တော်ဆိုင်ရာ အဆောက်အဦးတွေရဲ့ လုံခြုံရေးကို တာဝန်ယူရတဲ့ ရဲတပ်ဖွဲ့အကြီးအကဲ Steven A. Sound ဇန်နဝါရီလ ၁၆ ရက်နေ့မှာ ရာထူးကနေ နှုတ်ထွက်မည်။
မြန်မာနိုင်ငံမှာ ဘီယာ ထုတ်လုပ်နေတဲ့ လုပ်ငန်း အနာဂတ်နဲ့ပတ်သက်လို့ မဆုံးဖြတ် နိုင်သေးဘူးလို့ ဂျပန် အဖျော်ယမကာ ကုမ္ပဏီ Kirin Holdings ကပြောပါတယ်။
ဝါရင်တန် ဒီစီမှာရှိတဲ့ ပြည်ထောင်စု အယူခံတရားရုံး တရားသူကြီး ကို ဗဟိုအစိုးရ ရှေ့နေချုပ်အဖြစ် ရွေးကောက်ခံသမ္မတ Joe Biden က ခန့်အပ် တာဝန်ပေးဖို့ စီစဉ်နေပါတယ်။
COVID 19 ကာကွယ်ဆေး ထိုးတာက အစ္စလာမ် ဘာသာရေး ကျင့်ဝတ်နဲ့ ညီမညီနဲ့ အစ္စလာမ် ဘာသာရေးအောက်မှာ ခွင့်ပြုနိုင်ခြေ ရှိ-မရှိ ဆိုတာကို အင်ဒိုနီးရှားနိုင်ငံရဲ့ မူဆလင် ဦးဆောင် ကောင်စီက မကြာမီ ဆုံးဖြတ်သွားဖို့ စီစဉ်နေပါတယ်။
ပါရှန်း ပင်လယ်ကွေ့ထဲ အီရန်တို့က တောင်ကိုရီးယား ရေနံတင် သင်္ဘောတစ်စင်းကို ဖမ်းဆီးထားတာကြောင့် နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာနေချိန်မှာပဲ တောင်ကိုရီးယား ကိုယ်စားလှယ် အဖွဲ့ တဖွဲ့ အီရန်နိုင်ငံကို ကြာသပတေးနေ့က ရောက်ရှိသွားပြီ ဖြစ်ပါတယ်။
အမေရိကန်လွှတ်တော်ကို ချီတက်ပြီး အတင်းဝင်ရောက်မှုဖြစ်ပွားခဲ့တဲ့ နောက်မှာ ကြာသပတေးနေ့မှာတော့ ဒီမိုကရက်တစ်ပါတီက အထက်လွှတ်တော် အမတ်အနည်းစု ခေါင်းဆောင် Chuck Schumer က လက်ရှိသမ္မတတာဝန် ၁၃ ရက်ထမ်းဆောင်ဖို့ ကျန်နေသေးတဲ့ သမ္မတထရမ့်ကို တာဝန်ကနေ ချက်ချင်း ဖယ်ရှား ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
အမေရိကန်သမ္မတ Donald Trump ရဲ့ ကျန်တဲ့ သမ္မတသက်တမ်း သီတင်နှစ်ပတ်ကုန်တဲ့အထိ Facebook နဲ့ Instagram လူမှုကွန်ယက်တွေကို သုံးခွင့်ပိတ်လိုက်တယ်လို့ Facebook ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် Mark Zuckerberg ကပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာ ဒီနေ့ ၅၉၄ ယောက်တိုးပါတယ်။ နောက်ထပ် သေဆုံးသူကတော့ ၁၄ ယောက်ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ည ၈ နာရီထုတ်ပြန်ချက်အရ သေဆုံးသူ ၁၂ ယောက်ဟာ ရောဂါအခံ ရှိကြသူတွေဖြစ်ကြပါတယ်။ ဒီနေ့အတွက် စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာကတော့ ၁၈,၉၅၃ ခုဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စု မြို့တော် ဝါရှင်တန်မှာ ဗုဒ္ဓဟူးနေ့ကဖြစ်ခဲ့တဲ့ အဖြစ်အပျက်အပေါ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အနေနဲ့ ဝမ်းနည်း စိတ်မကောင်းဖြစ်ရတယ်လို့ ပြောကြားပါတယ်။
အမေရိကန် ရွေးကောက်ပွဲရလဒ်ကို လွှတ်တော်က တရားဝင်အတည်ပြုဖို့ အထူး အစည်းဝေးပွဲလုပ်နေစဉ် လွှတ်တော်အဆောက်အဦးကို Trump လိုလားသူတွေ အတင်းဝင်ရောက်ခဲ့တာဟာ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်တယ်လို့ သမ္မတဟောင်း George W. Bush ကပြောကြားလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်