ဂျပန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်သူ ပိုတိုးလာနေပြီး တိုကျိုမြို့တော်မှာ တရက်ထဲ သေဆုံးသူ ၂,၄၄၇ ဦးအထိ စံချိန်တင်မြင့်တက်လာတာကြောင့် တိုကျိုနဲ့ အနီးနားဒေသ ၃ ခုကို အရေးပေါ်အခြေအနေ ကြေညာလိုက်ပါပြီ။
သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က ဇန်နဝါရီလ ၂၀ ရက်နေ့မှာ အမေရိကန်အစိုးရအဖွဲ့ အာဏာလွှဲပြောင်းရေး ချောမွေ့စေရပါမယ်လို့ ပြောလိုက်ပါတယ်။
Joe Biden က သမ္မတရွေးချယ်ရေးအဖွဲ့ ကိုယ်စားလှယ်မဲ ၃၀၆ မဲရပြီး Donald Trump က ၂၃၂ မဲ ရတဲ့အကြောင်း အထက်၊ အောက် လွှတ်တော်နှစ်ရပ်ပေါင်း ကွန်ဂရက်လွှတ်တော်ရဲ့ သဘာပတိအဖြစ် ဆောင်ရွက်တဲ့ ဒုသမ္မတ Mike Pence က ကြေညာသွားတာပါ။
COVID-19 ရောဂါအတွက် ကာကွယ်ဆေးတွေကို တင်ပို့ရောင်းချဖို့ တားမြစ်ထားခြင်းမရှိကြောင်း အိန္ဒိယ အစိုးရက ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။ ဒါနဲ့ ပတ်သက်လို့ ကျန်းမာရေး ဝန်ကြီးဌာန အတွင်းဝန် RAJESH BHUSHAN က အင်္ဂါနေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောသွားပါတယ်။
ဂျော်ဂျီယာ ပြည်နယ် အမေရိကန် အထက်လွှတ်တော် အမတ် ရွေးကောက်ပွဲမှာ ဒီမိုကရက် ကိုယ်စားလှယ် နောက်တစ်ဦးဖြစ်တဲ့ Jon Ossoff ကို အနိုင်ရသူ အဖြစ် အေပီ သတင်းဌာနက ခန့်မှန်းသတ်မှတ်လိုက်ပြီ ဖြစ်ပါတယ်။
သမ္မတရွေးချယ်ရေးအဖွဲ့ ပြည်နယ်ကိုယ်စားပြုမဲတွေ အထက်လွှတ်တော်က အတည်ပြုပေးရေး အစီအစဉ်ကို လွှတ်တော်မှာ ဝါရှင်တန် ဒေသစံတော်ချိန် ဗုဒ္ဓဟူးနေ့ည ၈ ခန့်က ပြန်လည် စတင်ပါတယ်။
COVD-19 ရောဂါဇစ်မြစ်ကို လေ့လာစစ်ဆေးဖို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO ကျွမ်းကျင်ပညာရှင်တွေကို ရောဂါ စတင် ဖြစ်ပွားတဲ့ တရုတ်နိုင်ငံ ဝူဟန်မြို့ကို စေလွှတ်မယ့်အစီအစဉ်အတွက် စေ့စပ် ညှိနှိုင်းမှုတွေလုပ်နေဆဲလို့ တရုတ်နိုင်ငံက ပြောပါတယ်။
မနေ့ ဗုဒ္ဓဟူးနေ့ကရန်ကုန်မြို့ အိမ်တအိမ်ကို ရဲတွေ ဝင်ရောက်ရှာဖွေရာမှာ ရိုဟင်ဂျာ ၁၀၀ နီးပါးကို ဖမ်းဆီးခဲ့ကြောင်း ရဲနဲ့ ဒေသတွင်းမီဒီယာတွေက ပြောပါတယ်။
အမေရိကန် ပြည်ထောင်စု မြို့တော် ဝါရှင်တန် ဒီစီမှာ ည ၆ နာရီမှာ စတင်တဲ့ ညမထွက်ရ အမိန့် အာဏာ မသက်ရောက်ခင်လေးမှာပဲ အမေရိကန်ကွန်ဂရက် လွှတ်တော်အဆောက်အဦး ပြန်လည် လုံခြုံသွားပြီလို့ တာဝန်ရှိသူတွေက ကြေညာလိုက်ပါတယ်။
ဂျော်ဂျီယာ ပြည်နယ်ကိုယ်စားပြု အမေရိကန် အထက်လွှတ်တော် အမတ် နှစ်နေရာအတွက် ရွေးကောက်ပွဲတွေကို မနေ့ ဗုဒ္ဓဟူး နေ့က ကျင်းပပြီးတဲ့နောက် ဒီမိုကရက်ပါတီ ကိုယ်စားပြု ယှဉ်ပြိင်သူ Raphael Warnock က လက်ရှိ ရစ်ပတ်ဘလင်ကန် အမတ် Kelly Loeffler ကို အနိုင်ရလိုက်ပြီ ဖြစ်ပါတယ်။
မဲခေါင်မြစ် အထက်ပိုင်းမှာရှိနေတဲ့ တရုတ်နိုင်ငံကရေအားလျှပ်စစ်ထုတ်ယူဖို့ သူတို့ တည်ဆောက်ထားတဲ့ ရေကာတာအတွက် ရက်ပိုင်း ၂၀ကြာ မဲခေါင်မြစ် အထက်ပိုင်း ရေစီးကြောင်းကို တားဆီးဖို့ ရှိနေကြောင်း အိမ်နီးချင်းနိုင်ငံတွေကို အကြောင်းကြားခဲ့တယ်လို့ မဲခေါင်မြစ် ကော်မရှင် နဲ့ ထိုင်းနိုင်ငံက ပြောကြားခဲ့ပါတယ်။
သမ္မတ ဒေါ်နယ် ထရမ့်ကို ထောက်ခံသူတွေက အမေရိကန်ကွန်ဂရက်လွှတ်တော်အဆောက်အအုံထဲ အဓမ္မဝင်ရောက်ဆန္ဒပြဖို့ကြိုးစား တာကြောင့် ကွန်ဂရက် လွှတ်တော် ရဲတပ်ဖွဲ့က လုံခြုံရေး အကြောင်းပြချက်နဲ့ လွှတ်တော် ပရဝုဏ်အတွင်း အသွားအလာ အားလုံးကို ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းမှာ ပိတ်ပင်လိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၅၉၆ ယောက် ထပ်တိုးပြီး သေဆုံးသူက ၁၉ ယောက် ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAID) က မြန်မာနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်မယ့် တီဘီ ရောဂါ တိုက်ဖျက်ရေး စီမံကိန်းတစ်ခုကို စတင်လိုက်ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံရုံးက ဇန်နဝါရီလ ၆ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။
အမေရိကန်အထက်လွှတ်တော်၊ ဂျော်ဂျီယာပြည်နယ်ကိုယ်စားပြု အမတ်နေရာ ၂ နေရာအတွက် နောက်တကျော့ရွေးကောက်ပွဲတွေကို အင်္ဂါနေ့ကကျင်းပခဲ့တာမှာ အမတ်နေရာတနေရာကို ဒီမိုကရက်တစ်ပါတီကိုယ်စားပြု အမတ်လောင်းက အနိုင်ရတဲ့အကြောင်း အမေရိကန် သတင်းဌာနတွေက ခန့်မှန်း ကြေညာထားပါတယ်။
ဟောင်ကောင်မှာ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ ၅၀ ထက်မနည်း ဒီကနေ့ အဖမ်းခံရပါတယ်။ ဒါဟာဖြင့် အသစ်ပြဌာန်းထားတဲ့ ဟောင်ကောင် လုံခြုံရေးဆိုင်ရာဥပဒေအရ အတိုက်အခံတွေအပေါ် နှိမ်နင်းတာမှာ အကြီးမားဆုံး ဖမ်းဆီးမှုပါ။
သမ္မတအိမ်ဖြူတော် တောင်ဘက်နားလေးမှာလုပ်မယ့် စုဝေးပွဲမှာ သမ္မတထရမ့်ပ်ကိုယ်တိုင် စကားပြောဖို့ရှိပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲမှာ သူအနိုင်ရတယ်ဆိုပြီး အထောက်အထားမဲ့ ပြောဆိုတာတွေကို Twitter မှာ ဆက်ရေးနေဆဲပါ။
ထိုင်းနိုင်ငံမှာ ဒီကနေ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ လူနာသစ် ၃၆၀ ကျော်နဲ့ သေဆုံးသူ ၁ ယောက်ရှိတာကြောင့် ဘန်ကောက်မြို့နဲ့ အနီးတဝိုက် ထောင်နဲ့ ချီပြီးရှိတဲ့ စက်ရုံတွေမှာ ရောဂါပိုးစစ်ဆေးမှုတွေ ထပ်တိုးပြီး လုပ်သွားမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
နိုဝင်ဘာလ ၃ ရက်နေ့မှာ ကျင်းပခဲ့တဲ့ အမေရိကန်သမ္မတရွေးကောက်ပွဲ ရလဒ်တွေအရ ရွေးကောက်ပွဲဝင်ပြိုင်ခဲ့သူ သမ္မတလောင်းနှစ်ဦး ရထားတဲ့ သမ္မတရွေးချယ်ရေးအဖွဲ့ ကိုယ်စားလှယ်မဲတွေကို အထက်နဲ့အောက် လွှတ်တော်နှစ်ရပ်က အမတ်တွေ ဒီကနေ့ အတည်ပြုကြရတော့မှာဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရောက် ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး ၂၀၂၁ ခုနှစ်မှာ စတင်ဖို့ မျှော်လင့်ကြောင်း မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဆီကို ပေးပို့တဲ့ နှစ်သစ်ကူး သဝဏ်လွှာမှာ ရေးသားထားတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး AK Abdul Momen က ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်