အမေရိကန်ပြည်ထောင်စု အထက်လွှတ်တော်နှစ်နေရာအတွက် ဂျော်ဂျီယာပြည်နယ်မှာ မနေ့ အင်္ဂါနေ့က ပြန်ပြီး ကျင်းပတဲ့ရွေးကောက်ပွဲမှာ လူတွေ မဲရုံတွေမှာ နံနက်အစောကတည်းက တန်းစီးပြီး မဲပေးခဲ့ကြပါတယ်။
ထိုင်းနိုင်ငံ ရေနံနဲ့ သဘာဝ ဓါတ်ငွေ့ရှာဖွေ ထုတ်လုပ်ရေးကုမ္ပဏီ PTTEP က မြန်မာနိုင်ငံက သဘာဝ ဓါတ်ငွေ့ ရှာဖွေ ထုတ်လုပ်ရေး လုပ်ကွက်တွေ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဓါတ်အားပေး စက်ရုံတစ်ခု တည်ဆောက်ရေးအတွက် နောက်ထပ် အမေရိကန် ဒေါ်လာ၂ဘီလီယံ ရင်းနှီးမြှုပ်နှံဖို့ စီစဉ်နေပြီ ဖြစ်ပါတယ်။
အီရန် ဖမ်းထားတဲ့ ကိုရီးယား ရေနံတင် သဘောၤနဲ့ သဘောၤဝန်ထမ်းတွေကို ပြန်လွှတ်ပေးရေး အီရန် သံအမတ်ကို ဆင့်ခေါ်ပြီး တောင်ကိုရီးယား အစိုးရက တောင်းဆိုလိုက်ပါတယ်။
မြန်မာ ရိုဟင်ဂျာ ဒုက္ခသည် ဓါတ်ပုံ သတင်းထောက် တစ်ယောက်ကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ထောင်ကနေ အာမခံနဲ့ လွှတ် ပေးလိုက်ခဲ့ပေမယ့် တရား စွဲဆိုထားဆဲ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံရဲ့ လူဦးရေ အများဆုံးပြည်နယ်ဖြစ်တဲ့ Uttar Pradesh ပြည်နယ်မှာ မနေ့တုန်းက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထိုးနှံ ရေးအစမ်းလေ့ကျင့်ခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမှာ သမ္မတ Donald Trump ကို ထောက်ခံတဲ့ လက်ယာစွန်းအုပ်စုတွေ ဆန္ဒပြပွဲ မတိုင်ခင် နှစ်ရက်အလိုမှာ အုပ်စုခေါင်းဆောင်ကို ဝါရှင်တန်ဒီစီ ရဲတပ်ဖွဲ့က တနင်္လာနေ့က ဖမ်းဆီးလိုက်ပါတယ်။
COVID-19 ကာကွယ်ဆေး ထိုးရမယ့် အလှည့်ကို လူတွေ သန်းနဲ့ချီ စောင့်ဆိုင်းနေချိန်မှာပဲ အင်တာနက် အွန်လိုင်းကနေ လိမ်လည်သူတွေဟာ ကာကွယ်ဆေးကို ရက်အနည်းငယ်အတွင်း ဒေါ်လာ ၁၅၀ နဲ့ ပို့ပေးနိုင်ကြောင်း အီးမေးလ်တွေ၊ ဖုန်း အက်ပလီကေးရှင်း တွေကနေ မတ်စေ့ချ်တွေ ပိုပြီး လူတွေကို ဆွဲဆောင်နေကြပါတယ်။
အီရန်နိုင်ငံရဲ့ သံမဏိလုပ်ငန်းနဲ့ ပတ်သက်နေတဲ့ စီးပွားရေးကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်တွေကို ပိတ်ဆို့အရေးယူလိုက်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက အင်္ဂါနေ့က ကြေညာလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ဒီကနေ့ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးခံထားသူ ၆၄၇ ဦးတွေ့ရှိကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဇန်နဝါရီလ ၅ ရက်နေ့ည ၈ နာရီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲစစ်ဆေးမှုပေါင်း ၁၉,၇၇၀ ထဲက ပိုးကူးခံထားရသူ ၆၀၀ ကျော်စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။
ဗြိတိန်နိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေးတွေ အလုံးအရင်းနဲ့ ထိုးမပေးနိုင်ခင် ပိုးကူးစက်မှုထိန်းချုပ်နိုင်ရေးအတွက် တနိုင်ငံလုံး အိမ်ထဲကနေ အိမ်ပြင်မထွက်ကြဖို့ တတိယကြိမ် ကပ်ဘေးကန့်သတ်ချက်တွေ အင်္ဂါနေ့မှာ စတင်လိုက်ပါတယ်။
လာမယ့်ဗုဒ္ဓဟူးနေ့ အမေရိကန်လွှတ်တော်မှာ ရွေးကောက်ခံသမ္မတJoe Biden ရဲ့ ရွေးကောက်ပွဲအနိုင်ရမှုကို မဲခွဲဆုံးဖြတ်ကြမယ့်အရေး လက်ရှိသမ္မတDonald Trump ကို ထောက်ခံသူတွေဆန္ဒပြဖို့စုဝေးရောက်ရှိလာမှာဖြစ်တဲ့အတွက် မြို့တော်ဝါရှင်တန်ဒီစီတခုလုံးကို National Guard ပြည်နယ်လုံခြုံရေးတပ်တွေနဲ့ လုံခြုံရေးတိုးမြှင့်ချထားပါတယ်။
အင်ဒိုနီးရှားတနိုင်ငံလုံး ကိုဗစ်ကာကွယ်ဆေးထိုးမယ့် အစီအစဉ်တွေကို ဇန်နဝါရီလ ၁၃ ရက်နေ့မှာ စတင်မယ်လို့ ကျန်းမာရေးဝန်ကြီးက အင်္ဂါနေ့မှာပြောပါတယ်။ ကမ္ဘာမှာ စတုတ္ထမြောက်လူဦးရေ အထူထပ်ဆုံးဖြစ်တဲ့ အင်ဒိုနီးရှားဟာ အရှေ့တောင်အာရှမှာတော့ ကပ်ရောဂါနဲ့ အဆိုးဆုံးရင်ဆိုင်နေရတဲ့နိုင်ငံလည်း ဖြစ်ပါတယ်။
ထိုင်းဝန်ကြီးချုပ်က AstraZeneca ကုမ္ပဏီထုတ် COVID-19 ရောဂါကာကွယ်ဆေး အလုံးရေ ၃၅ သန်းထပ်ပြီး မှာယူထားတယ်လို့ အင်္ဂါနေ့မှာပြောပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံမှာယူထားတဲ့ ကာကွယ်ဆေးအလုံးရေ ၆၃ သန်းထိ ရှိသွားပါပြီ။
လ ျှို့ဝှက် သတင်းတွေဖေါက်ချတဲ့ WikiLeaks ဝက်ဘ်ဆိုဒ်ကို တည်ထောင်သူ Julian Assange ကို အမေရိကန်ပြည်ထောင်စုကို လွှဲပြောင်းပေးရင် အမေရိကန်ထောင်ထဲမှာ သူဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေမယ့် အန္တရာယ် ရှိတာကြောင့် သူ့ကို လွှဲပြောင်းမပေးဖို့ ဗြိတိန်တရားသူကြီး Vanessa Baraitser က တနင်္လာနေ့မှာ အမိန့်ချလိုက်ပါတယ်။
တရုတ် စစ်တပ်နဲ့ ဆက်စပ်တယ်လို့ အမေရိကန်က ပြောဆိုပြီး တရုတ် ဆက်သွယ်ရေး နည်းပညာ လုပ်ငန်း ၃ ခုကို New York Stock Exchange ကနေ စတင် ဖယ်ရှာခဲ့ပြီးနောက်မှာတော့ ကုန်သွယ်ရေး ကိစ္စကို နိုင်ငံရေးဇာတ်သွင်းတဲ့ အမေရိကန် အစိုးရရဲ့ အပြုအမူကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြောင်း တရုတ်က ပြောဆိုလိုက်ပါတယ်။
အီရန်နဲ့ အမေရိကန်တို့ကြား တင်းမာမှုတွေတိုးနေချိန်မှာပဲ Hormuz ရေလက်ကြားမှာ အီရန်တော်လှန်ရေး အစောင့်တပ်တွေက တောင်ကိုရီးယားအလံလွှင့်ထားတဲ့ ရေနံတင်သဘောၤတစင်းကို ဖမ်းဆီးလိုက်တယ်လို့ အီရန်အစိုးရရုပ်သံက တနင်္လာနေ့မှာ ကြေညာပါတယ်။
အမေရိကန် ဆေးကုမ္ပဏီ Moderna က COVID-19 ကာကွယ်ဆေးကို သူတို့ မူလ ခန့်မှန်ထားတဲ့ ပမာဏထက် သန်းတရာ ပိုထုတ်ဖို့ စီစဉ်နေတယ်လို့ တနင်္လာနေ့မှာ ပြောပါတယ်။
ဘင်္ဂလားဒေရှ့်နိုင်ငံမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည် တချို့ Bhashan Char ကျွန်းကို ဒီဇင်ဘာလ ၄ ရက် ၂၀၂၀ ပြည့်နှစ်က စတင် ပြောင်းရွှေ့တာကြောင့် အခုဆိုရင် တလတာ ရှိခဲ့ပြီ ဖြစ်ပြီး အခြေကျဖို့ ကြိုးစားနေကြပါတယ်။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇန်နဝါရီ ၄ ရက် ညထုတ်ပြန်ချက်အရ၊ ဓာတ်ခွဲနမူနာပေါင်း ၁၆,၉၉၀ ခု စစ်ခဲ့ကာ၊ ပိုးတွေ့နှုန်း ၃.၅% အဖြစ်၊ ၄% အောက်၊ မနေ့ကလွဲလို့၊ အရင်ရက်ပိုင်းတွေလို ဆက်ကျပြီး တန်းနေပါတယ်။
အမေရိကန်အောက်လွှတ်တော် လက်ရှိဥက္ကဋ္ဌ Nancy Pelosi ကို ဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးချယ်ခဲ့ကြပါတယ်။ သူဟာ ၂၀၁၉ ခုနှစ်ကတည်းက အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ထမ်းဆောင်ခဲ့သူပါ။ လက်ရှိမှာတော့ အောက်လွှတ်တော်ထဲမှာ ဒီမိုကရက်ပါတီက အရည်အတွက် ကပ်သာပြီး အများစုဖြစ်နေတာပါ။
နောက်ထပ်ကြည့်ရှုရန်