ဒီကနေ့ကျရောက်တဲ့ ၇၃ နှစ်မြောက် မြန်မာနိုင်ငံရဲ့လွတ်လပ်ရေးနေ့မှာ အမေရိကန်ပြည်ထောင်စုရဲ့နိုင်ငံခြားရေးဝန်ကြီး Michael Pompeo က လွတ်လပ်ရေးနေ့ဆုတောင်းသဝဏ်လွှာပေးပို့ခဲ့ပါတယ်။
အခုလို သမ္မတ Donald Trump ဘက်က ရွေးကောက်ပွဲ ရလဒ်ကို တင်းခံနေချိန်မှာ၊ အသက်ထင်ရှားရှိဆဲ အမေရိကန်ကာကွယ်ရေးဝန်ကြီးဟောင်း ၁၀ ဦးလုံးက ဒီနိုဝင်ဘာရွေးကောက်ပွဲရလဒ်ကို ပြောင်းနိုင်ရေး စစ်တပ်ကို အသုံးမချဖို့ ပြင်းပြင်းထန်ထန် သတိပေးလိုက်ပါတယ်။
အမေရိကန်နိုင်ငံတောင်ပိုင်းက ဒီ Georgia ပြည်နယ် ရွေးကောက်ပွဲအရာရှိတွေထံကို သမ္မတ Trump က စနေနေ့က ထူးထူးခြားခြား ဖုန်းခေါ်ပြီး၊ အဲဒီပြည်နယ်မှာ ရွေးကောက်ခံသမ္မတ Joe Biden အနိုင်ရမှုကို ပြန်ပြောင်းပြီး သူအနိုင်ရနိုင်ဖို့ မဲတွေ ရှာဖွေပေးဖို့ တောင်းဆိုခဲ့တာပါ။
ဗြိတိန်နိုင်ငံမှာ ဒီကနေ့ တနလာၤနေ့ကစပြီး AstraZeneca ကိုဗစ်၁၉ ကာကွယ်ဆေး စတင်ထိုးနှံပါပြီ။ အောက်စဖို့ဒ်က Churchill ဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ အသက် ၈၂ နှစ်အရွယ်လူနာကို ပထမဆုံးထိုးနှံတာဖြစ်ပါတယ်။ ကိုဗစ်၁၉ ကာကွယ်ဆေး သန်းဝက်လောက်လည်း အသုံးပြုဖို့အသင့်ဖြစ်နေပြီလို့ ဗြိတိန်အာဏာပိုင်တွေက ပြောဆိုထားပါတယ်။
NLD ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံဖြစ်တဲ့အခါ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးမှာ အခြေခံရမယ့် မူသဘေထားတွေကို တင်ပြဆွေးနွေးဖို့ ပြင်ဆင်ထားတယ်လို့ MUP ပါတီရဲ့ တွဲဘက်အတွင်းရေးမှူး နိုင်လယီတမက ဗွီအိုအေကို ပြောပါတယ်။
ဗြိတိန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဟာ အထူးသဖြင့် ကူးစက်မြန် ဗီဇပြောင်း ပိုးသစ်ကြောင့် ပိုတိုးလာနေတဲ့အတွက် Lockdown ချ ကန့်သတ်မှုအသစ်တွေ ထုတ်ပြန်ဖို့ရှိတယ်လို့ ဗြိတိန်ဝန်ကြီးချုပ် Boris Johnson က တနင်္ဂနွေနေ့မှာ သတိပေးလိုက်ပါတယ်။
မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့မှာ ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်တချို့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ထံ ချစ်ကြည်ရေး သဝဏ်လွှာတွေ အသီးသီး ပေးပို့ခဲ့ကြပါတယ်။
ရွေးကောက်ပွဲမှာ သမ္မတ Trump ကို Joe Biden က အနိုင်ရကြောင်း Electoral College သမ္မတရွေးချယ်ရေးအဖွဲ့ရဲ့ ကိုယ်စားလှယ်မဲတွေ အတည်ပြုဖို့ ဗုဒ္ဓဟူးနေ့မှာ အခမ်းအနားနဲ့ ကျင်းပမှာဖြစ်ပြီး ဒါကို အောက်လွှတ်တော်က ရီပတ်ဘလစ်ကန်အမတ် ၁၀၀ ကျော်နဲ့ အထက်လွှတ်တော်အမတ် တဒါဇင်လောက်က ကန့်ကွက်မှာဖြစ်ကြောင်း ပြောနေပါတယ်။
ကမ္ဘာ့နိုင်ငံအနှံ့အပြား ၂ဝ၂ဝ ပြည့်နှစ်အတွင်း ကြုံခဲ့ကြရတဲ့ အဆိုးအကောင်း အကျိုးအကြောင်းတွေနဲ့ အတူ ၂ဝ၂၁ နှစ်သစ် လူတွေရဲ့ မျှော်လင့်ချက်တွေက ဘာတွေရှိပါမလဲ။ AFP သတင်းဌာနက မေးမြန်းထားတာကို တင်ဆက်ပေးချင်ပါတယ်။
မြန်မာနိုင်ငံမှာ ဒီနေ့ COVID-19 ရောဂါ နောက်ထပ်ကူးစက်ခံရသူ ၇၂၉ ယောက်ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ည ၈ နာရီမှာ ထုတ်ပြန်လိုက်ပါတယ်။
ရိုဟင်ဂျာမွတ်စလင်တွေနဲ့ တခြား လူနည်းစု တိုင်းရင်းသားတွေအပေါ်မှာ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂမှာ တင်သွင်းခဲ့တဲ့ ဆုံးဖြတ်ချက်မူကြမ်းကို တရုတ်နဲ့ ရုရှားနိုင်ငံတွေက ကန့်ကွက်လိုက်ပါတယ်။
ထိုင်းနိုင်ငံမှာ COVID-19 ဒုတိယလှိုင်း ဖြစ်လာနေချိန်မှာပဲ ကန့်သတ်မှုအသစ်တွေ ချမှတ်လာနေပြီး ပြည်သူတွေကိုလည်း ခရီးမသွားကြဖို့ ပန်ကြားလိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ၂ မျိုးကို အရေးပေါ်အဖြစ် အသုံးပြုဖို့အတွက် အခု တနင်္ဂနွေနေ့မှာ နောက်ဆုံးအတည်ပြုပေးလိုက်ပြီ ဖြစ်တယ်လို့ အိန္ဒိယနိုင်ငံက ပြောလိုက်ပါတယ်။
အီရတ်မှာရှိတဲ့ အမေရိကန်တပ်တွေကို တိုက်ခိုက်ပြီး စစ်ဖြစ်အောင် အစ္စရေးက စီစဉ်နေတယ်လို့ စွပ်စွဲပြီး အမေရိကန်သမ္မတ Donald Trump အနေနဲ့ အစ္စရေးရဲ့ ဒီထောင်ချောက်ထဲ မဝင်မိအောင် လုပ်ဖို့ အီရန်နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif က စနေနေ့မှာ တိုက်တွန်းလိုက်ပါတယ်။
ဒီနှစ် နှစ်သစ်ကူးရက်မှာ မြန်မာသင်္ဘောသားတဦး ထိုင်ဝမ်အနီး နိုင်ငံခြားသင်္ဘောတစီးပေါ်က ခိုက်ရန်ဖြစ်မှုထဲ သေဆုံးသွားတယ်လို့ Taiwan News သတင်းစဉ်မှာ ဖော်ပြလိုက်ပါတယ်။
ရုရှားနိုင်ငံမှာ အခုအခါ လူပေါင်း ၈ သိန်းကျော် ကာကွယ်ဆေးထိုးပြီးဖြစ်ကြောင်းနဲ့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး အလုံးပေါင်း တသန်းခွဲကျော် ထုတ်ပေးခဲ့ကြောင်း ရုရှားကျန်းမာရေးဝန်ကြီး Mikhail Murashko က စနေနေ့မှာ ပြောပါတယ်။
အိန္ဒိယနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေးတမျိုးကို ပထမဆုံး စအတည်ပြုလိုက်ပြီး နောက်ထပ် ၃ မျိုးကိုလည်း ဆက်အတည်ပြုကာ လူသန်းပေါင်းများစွာကို ထိုးပေးဖို့ ပြင်နေပါပြီ။
ဗီယက်နမ်နိုင်ငံမှာ ဒီ ကူးစက်မြန် ဗီဇပြောင်းပိုးသစ်ကို ဗြိတိန်ကပြန်လာတဲ့ ဗီယက်နမ်အမျိုးသမီးတဦးမှာ ပထမဆုံး စတွေ့လိုက်ပါပြီ။
မြန်မာကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနအနေနဲ့ ဗြိတိန်မှာ ကူးစက်မြန် ကိုရိုနာဗီဇပြောင်းပိုးသစ် တွေ့အပြီး ဗြိတိန်နဲ့ အိမ်နီးချင်း အိုင်ယာလန်ကလာမယ့် ခရီးသည်တွေကို ပိတ်ပင်လိုက်ပါပြီ။
COVID-19 ကာကွယ်ဆေးအတွက် အမေရိကန်က Pfizer နဲ့လက်တွဲပြီး ထုတ်နေတဲ့ ဂျာမနီ BioNTech ကုမ္ပဏီ အကြီးအကဲက သူတို့ဘက်က မနေမနား ထုတ်နေကြပေမယ့် ဒီကြားထဲ တခြားကုမ္ပဏီတွေက ကာကွယ်ဆေးတွေ ထွက်မလာရင်တော့ သူတို့ရဲ့ဆေးတင်ပို့မှု ပြတ်သွားနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်