ကမ္ဘာတလွှား ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူဟာ စနေနေ့မှာ ၈၄ သန်းကျော်သွားပြီလို့ Johns Hopkins တက္ကသိုလ် စစ်တမ်းမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၅၇၄ ယောက် ထပ်တိုးပြီး သေဆုံးသူက ၁၄ ယောက် ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၂၀၂၁ နှစ်သစ်ထဲ ဝင်လာချိန်မှာပဲ အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်သူ အရေအတွက် သောကြာနေ့ကထိဆိုရင် သန်း ၂၀ ကျော်သွားပြီဆိုတာ ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ Johns Hopkins တက္ကသိုလ်ရဲ့ အချက်အလက်တွေမှာ တွေ့ရပါတယ်။
အမေရိကန် ကာကွယ်ရေးအသုံးစရိတ်ဆိုင်ရာ ဥပဒေမူကြမ်းကို အမေရိကန်သမ္မတ Donald Trump က ဗီတိုအာဏာနဲ့ ပယ်ချထားပေမယ့် ဒီဗီတိုနဲ့ ကန့်ကွက်ချက်ကို အမေရကန် အထက်လွှတ်တော်က ပယ်ဖျက်လိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ဒဏ်ကို အမေရိကန်နိုင်ငံသားတွေ ကြံ့ကြံ့ခံနိုင်ကြောင်း ပြသခဲ့တဲ့ ၂၀၂၀ မှာ ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး အောင်မြင်မှုရခဲ့တာအပါအဝင် လုပ်ဆောင်ခဲ့တာတွေအတွက် အမှတ်ရ ကြဖို့ သမ္မတ ဒေါ်နယ်ထရမ့်က ၂၀၂၁ နှစ်သစ်အခါသမယအတွက် သမ္မတအိမ်ဖြူတော်ကနေ ဗွီဒီယိုမိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ အတွက် မဲဆွယ်စည်းရုံးနေစဉ် ဖမ်းဆီးခေါ်ဆောင်တာ ခံခဲ့ရတဲ့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ်လောင်း ၃ ဦးပြန်ပြီး လွတ်မြောက်လာတာကို ကြိုဆိုကြောင်း ရန်ကုန် အမေရိကန်သံရုံးက နှစ်ဆန်းတရက် သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။
ကမ္ဘာတလွှားက နိုင်ငံအသီးသီးကို ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး အမြန်ဖြန့်ဝေပေး နိုင်ဖို့အတွက် ရည်ရွယ်ပြီး WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကြာသပတေးနေ့မှာ Pfizer-BioNTech ထုတ် ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုခွင့် ချပေးလိုက်ပါတယ်။
အီရန်က သူ့ရဲ့ Fordow နျူကလီယားစက်ရုံမှာ ယူရေနီယံ သန့်စင်မှုကို ၂၀ ရာခိုင်နှုန်း ရအောင် လုပ်ဖို့ စီစဉ်နေကြောင်း ပြောကြားခဲ့တယ်လို့ IAEA အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင် အေဂျင်စီက သောကြာနေ့မှာ ပြောပါတယ်။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ ဇန်နဝါရီ ၁ ရက် ည ၈ နာရီ ထုတ်ပြန်ချက်အရ အတည်ပြုလူနာသစ်က ၄၁၂ ယောက်ဖြစ်ပါတယ်။ သေဆုံးသူကတော့ ၁၅ ယောက်ရှိပြီး ၁၄ ယောက်မှာ တခြားရောဂါအခံရှိသူတွေ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
AA ရခိုင်လက်နက်ကိုင်အဖွဲ့ ပြန်လွှတ်ပေးခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်သုံးဦးနဲ့ တပ်မတော်သား သုံးဦး
ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်မှု ပျံ့နှံ့နေတာကြောင့် ဘန်ကောက်မြို့တော်ထဲက ကျောင်းတွေ၊ အပန်းဖြေ ပန်းခြံတွေ၊ လက်ဝှေ့ပွဲ ကျင်းပတဲ့နေရာတွေ၊ အပါအဝင် လူအများစုဝေးနိုင်တဲ့ နေရာတွေကို ပိတ်ထားပါတယ်။ ဒီနေ့ သောကြာနေ့မှာ အတည်ပြုလူနာသစ် ၂၇၉ ယောက်နဲ့ ၂ ယောက်သေဆုံးတယ်လို့ စာရင်းထုတ်ပြန်ထားပါတယ်
သမ္မတ Donald Trump အစိုးရက ၂၀၂၀ ခုနှစ်မကုန်ခင် ပြည်သူ သန်း ၂၀ လောက် ကိုဗစ် ကာကွယ်ဆေး ထိုးပြီးရမယ်လို့ ခန့်မှန်းခဲ့ပေမဲ့ ဒီဇင်ဘာ ၃၀ ဗုဒ္ဓဟူးနေ့အထိ နိုင်ငံတဝန်း ကိုဗစ် ကာကွယ်ဆေး ၁၂.၄ သန်းကိုပဲ ဖြန့်ချီထားနိုင်တာကို ရောဂါကာကွယ် ထိန်းချုပ်ရေးဌာန CDC မှတ်တမ်းတွေအရ သိရပါတယ်။
လူစုလူဝေးမလုပ်ဖို့ Nevada ပြည်နယ်အုပ်ချုပ်ရေးမှူးက ပန်ကြားထားတဲ့ကြားက ခုလို မီးပန်းဖောက်ပွဲကို လူတွေ လာကြည့်ကြတာဖြစ်ပါတယ်။ အများစုကတော့ နှာခေါင်းစည်းတွေ ဝတ်ထားကြပေမဲ့ မဝတ်ကြသူတွေကိုလည်း တေ့ွရပါတယ်။
၂၀၂၁ နှစ်သစ်ကို ကြိုဆိုကြတဲ့ ကမ္ဘာတဝန်းက မြင်ကွင်းတချို့
တိုင်ဝမ်ရေလက်ကြားကနေ အမေရိကန် စစ်သဘောၤကြီး ၂ စင်း ဖြတ်သန်းမောင်းနှင်ခဲ့တဲ့ လုပ်ရပ်ဟာ ဒေသတွင်းငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ဆိုးဆိုးဝါးဝါး အနှောက်အယှက်ပေးရာရောက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Wang Wenbin က ကြာသပတေးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ခေတ်မှီကရိယာတွေ အတွက် မရှိမဖြစ်လိုအပ်တဲ့ မြေရှားသတ္တု အတွက် တရုတ်ရဲ့ ဈေးကစားမှု ရပ်တံ့စေဖို့ လုပ်ဆောင်မှုကနေ အမေရိကန်အနောက်ပိုင်း ကယ်လီဖိုးနီးယားပြည်နယ် Mojave ကန္တာရထဲက နှစ်ပေါင်း ၇၀ ကျော်ရပ်ဆိုင်းထားခဲ့တဲ့ သတ္တုတွင်းတွေဟာ ၂၀၂၁ ခုနှစ်ထဲမှာ ပြန်လည်စည်ကားလာတော့မှာ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် နှစ်သစ်ကို ရောက်လာပါပြီ။ ကမ္ဘာတလွှားမှာ နေထိုင်သူ လူပေါင်း ၇.၈ ဘီလီယံအတွက် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဒဏ်ကြောင့် ဒီနှစ်မှာတော့ အရင်နှစ်တွေလို ပျော်ပွဲရွှင်ပွဲတွေ လူထုစုဝေးပွဲတွေနဲ့ အားပါးတရ မကြိုဆိုနိုင်ကြပါဘူး။
အီးယူ ဥရောပသမဂ္ဂမှာ ၄၈ နှစ်ကြာ ပါဝင်လက်တွဲခဲ့တဲ့ ဗြိတိန်ဟာ အခု ၂၀၂၁ ဇန်နဝါရီလ တရက်နေ့ကစပြီး လမ်းခွဲလိုက်ပြီဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ အယောက် ၈၉၀ ထပ်တိုးပြီး သေဆုံးသူက ၁၈ ယောက် ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စု New York မြို့ Times Square မှာ နှစ်တိုင်းလုပ်နေကြ နှစ်သစ်ကူးကြိုအခမ်းအနားကို အများပြည်သူ လာရောက်စုဝေးကြည့်ခွင့် ပိတ်ထားပါတယ်။ Crystal ဘောလုံးကြီး အောက်ကိုကျလာပြီး နှစ်သစ်ကြိုတဲ့ အခမ်းအနားကို နိုင်ငံတဝန်းရုပ်မြင်သံကြားတွေပေါ်ကနေ တိုက်ရိုက်ပြသဖို့စီစဉ်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်