RSF ရဲ့ နှစ်ချုပ်ထုတ်ပြန်ချက်အရ အခုနှစ်ထဲ စစ်ဖြစ်နေတဲ့နိုင်ငံတွေမှာ သတင်းထောက်တွေ အသတ်ခံရတာ ကျဆင်းသွားပြီး စစ်ပွဲမရှိတဲ့နိုင်ငံတွေမှာ သတင်းထောက်တွေ အသတ်ခံရတာ ပိုများလာတယ်လို့ ဖော်ပြထားပါတယ်။
ဘေဂျင်း ဇီဝဆေးပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီက စမ်းသပ်ထုတ်လုပ်တဲ့ Sinopharm ကိုဗစ်ကာကွယ်ဆေးကို တရုတ်အစိုးရက ကန့်သတ်ချက်နဲ့ အသုံးပြုဖို့ ခွင့်ပြုခဲ့ပြီးတဲ့နောက် တရုတ်ကျန်းမာရေးကော်မရှင် ညွှန်ကြားရေးမှူးက ခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။
၂၀၂၁ နှစ်သစ်ကို ကြိုဆိုဖို့ ပြင်ဆင်နေကြတဲ့ မြင်ကွင်းတချို့ ~~~ ၂၀၂၁ နှဈသဈကို ကွိုဆိုဖို့ ပွငျဆငျနကွေတဲ့ မွငျကှငျးတခြို့
ကမ္ဘာပေါ်မှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ ဥတု ရာသီဆိုင်ရာ အပြောင်းအလဲနဲ့ သဘာဝဝန်းကျင်ဆိုင်ရာ အစိုးရတွေရဲ့ ဆုံးဖြတ်ချက် အခြေအနေတေချို့ကို တင်ပြထားပါတယ်။
ဗြိတိန်နိုင်ငံ EU ကခွဲထွက်ပြီးနောက် ဖော်ဆောင်မယ့် ၂ ဖက် ကုန်သွယ်ရေး သဘောတူညီချက်ကို ဗြိတိန်ပါလီမန်က အတည်ပြုလိုက်ပါပြီ။ ဒါဟာ အဖွဲ့ဝင် ၂၇ နိုင်ပါဝင်တဲ့ ဥရောပအဖွဲ့အစည်းက ဗြိတိန်ခွဲထွက်ရေး နှစ်နဲ့ချီလုပ်ဆောင်လာခဲ့တဲ့အထဲ နောက်ဆုံးအခက်အခဲကို ကျော်လွှားနိုင်လိုက်တာ ဖြစ်ပါတယ်။
ကိုဗစ်ကပ်ရောဂါရင်ဆိုင်ခဲ့ရတဲ့ နှစ်ဖြစ်တဲ့ ၂ဝ၂ဝ လွန်ပြီးတဲ့ နှစ်သစ် ၂ဝ၂၁ ခုနှစ်ကစလို့ သတ္တဝါအပေါင်း ကျန်းမာငြိမ်းအေးစေဖို့ ဘာသာပေါင်းစုံ ခေါင်းဆောင်တွေက ဆုတောင်းမေတ္တာပို့သထားပါတယ်။ ငြိမ်းချမ်းရေးအတွက် အကျိုးရှိအောင် ဆောင်ရွက်ဖို့လည်း တိုက်တွန်းထားပါတယ်။ VOA မြန်မာပိုင်းအစီအစဉ်က စုစည်းတင်ဆက်လိုက်ပါတယ်။
လာမယ့် အင်္ဂါနေ့ ပြန်လည်ကျင်းပဖို့ ရှိတဲ့ ၊ အထက်လွှတ်တော်အမတ် ရွေးကောက်ပွဲ မတိုင်ခင် ၂ ရက်အလိုမှာ အမေရိကန်သမ္မတနဲ့ ဒုသမ္မတအဖြစ် ရွေးကောက်ခံထားရတဲ့ Joe Biden နဲ့ Kamala Harris ရော၊ ရာထူးက ထွက်ခွာတော့မယ် သမ္မတ ဒေါ်နယ်ထရမ့်ပါ အမေရိကန်ပြည်ထောင်စု တောင်ပိုင်း ဂျော်ဂျီယာပြည်နယ်ကို သ ွားရောက်ဖို့ စီစဉ် နေကြပါတယ်။
ကျန်းမာရေးအရာရှိတွေသတိပေးနေတဲ့ကြားကပဲ အိန္ဒိယနိုင်ငံမှာ Taj Mahal သမိုင်းဝင်ဂူဗိမာန်အဆောက်အဦးဆီကို တနေ့ကို လူ တသောင်းငါးထောင်လောက် လာရောက်လည်ပတ်နေကြတယ်လို့ ရိုက်တာသတင်းတရပ်ကဆိုပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၅၈၇ ယောက် ထပ်တိုးပြီး သေဆုံးသူက ၂၇ ယောက် ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Sinopharm ကုမ္ပဏီရဲ့ ကာကွယ်ဆေး စမ်းသပ်မှုဆိုင်ရာ အချက်အလက်တွေဟာ ကာကွယ်ဆေး နောက်ဆုံးအဆင့် စမ်းသပ်နေတဲ့ တရုတ်ကုမ္ပဏီတွေကြား ပထမဆုံး တရားဝင်ထုတ်ပြန်ချက်ဖြစ်ပါတယ်။
Oxford တက္ကသိုလ်နဲ့ ယူကေအခြေစိုက် AstraZeneca ကုမ္ပဏီတို့ ပူးတွဲ သုတေသနပြုထုတ်လုပ်တဲ့ COVID-19 ရောဂါကာကွယ်ဆေးကို အရေးပေါ်အသုံးပြုဖို့ ဗြိတိန်နိုင်ငံက ဒီကနေ့ ခွင့်ပြုလိုက်ပါပြီ။
စင်္ကာပူနိုင်ငံမှာ ဒီကနေ့ ဗုဒ္ဓဟူးနေ့ကစပြီး ကျန်းမာရေးဝန်ထမ်းတွေကို Pfizer နဲ့ BioNTec ကုမ္ပဏီထုတ် COVID 19 ကာကွယ်ဆေးတွေ စတင် ထိုးပေးနေပြီ ဖြစ်ပါတယ်။ ဒါကြောင့် လူပေါင်း ၁.၇ သန်း သေဆုံးခဲ့ရပြီဖြစ်တဲ့ ကပ်ရောဂါကြီးကို တိုက်ဖျက်ဖို့ စင်္ကာပူနိုင်ငံကကာကွယ် ဆေးစတင် ထိုးနှံပေးတဲ့ ပထမဆုံး အာရှနိုင်ငံ ဖြစ်လာပါတယ်။
ခရိုအေးရှားနိုင်ငံမှာ အင်္ဂါနေ့က ရစ်ချ်တာစကေး ၆ ဒဿမ ၄အင်အားရှိတဲ့ ပြင်းထန်တဲ့ မြေငလျင်လှုပ်ခဲ့တာကြောင့် ၁၂ နှစ်အရွယ် မိန်းကလေးတစ်ဦး အပါအဝင် လူ ၅ ဦး သေဆုံးသလို လူ ၂၀ ထက်မနည်း ဒဏ်ရာ ရရှိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ထိုင်းနိုင်ငံတွင်း COVID-19 ကူးစက် ပျံ့နှံ့မှုဟာ တရားမဝင် ရွှေ့ပြောင်းတွေကြောင့်လို့ ထိုင်းဝန်ကြီးချုပ် Prayut Chan-ocha က အပြစ်ဖို့ခဲ့ပြီးနောက် လူမှောင်ခိုးကူးမှု ကွင်းဆက်တွေမှာ အားပေးကူညီနေကြတဲ့ အစိုးရ တာဝန်ရှိသူတွေကို ဖော်ထုတ် စစ်ဆေးရေး အထူးကော်မတီ တရပ် ဖွဲ့စည်းဖို့ ရဲတပ်ဖွဲ့ကို ညွှန်ကြားလိုက်ပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က သူ ဗီတိုအာဏာနဲ့ ပယ်ချထားတဲ့ အမေရိကန် ကာကွယ်ရေး အသုံးစရိတ်ဆိုင်ရာ ဥပဒေ မူကြမ်း ကို ဗီတိုအာဏာကို ကျော်လွှားပြီး အတည်မပြုဖို့ အထက်လွှတ်တော် ရစ်ပတ်ဘလင်ကန်အမတ်တွေကို တိုက်တွန်းလိုက် ပါတယ်။
ဘင်္ဂလား ပင်လယ်အော် အတွင်းက မြေနုကျွန်း Bhasan Char ကျွန်းကို ရိုဟင်ဂျာ ဒုက္ခသည် ၁၈၀၄ ဦး အင်္ဂါနေ့က ထပ်မံ ရောက်ရှိသွားပါပြီ။ ကောဇ့်ဘဇား ဒုက္ခသည် စခန်းတွေကနေ ရိုဟင်ဂျာ ဒုက္ခသည်တွေကို Bhasan Char ကျွန်းကို ဒုတိယ အကြိမ် ပို့ဆောင်မှုလည်း ဖြစ်ပါတယ်။
အိန္ဒိယ နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးနှံရေးကို လာမယ့် ဇန်နဝါရီလထဲ စတင်ဖို့ ခန့်မှန်းထားပြီး အစုလိုက် အပြုံလိုက် ကာကွယ်ဆေးထိုးနှံရေး အတွက် ၂ ရက်ကြာ အစမ်းလေ့ကျင့်ထားပါတယ်။
COVID 19 ရောဂါ ဖြစ်ပွား ကူးစက်မှုတွေမြင့်တက်နေတဲ့ အမေရိကန်ပြည်ထောင်စုမှာ ကာကွယ်ဆေး ထိုးနှံပေးတဲ့ အစီအစဉ်ကို ဆက်လက်လုပ်ဆောင်နေချိန်မှာပဲ ရွေးကောက်ခံ ဒုတိယသမ္မတ Kamala Harris နဲ့ သူ့အမျိုးသား Doug Emhoff တို့ အင်္ဂါနေ့က ကိုဗစ် ကာကွယ်ဆေး ထိုးခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရဲ့ Time Square ရှိ အထပ်မြင့် အဆောက်အအုံ ခေါင်မိုးထက် တိုင်ထိပ်ကနေ နှစ်သစ်ကူးတဲ့အချိန်ကိုက် တဖြည်းဖြည်းချင်း ကျလာမယ့် LED မီးရောင်စုံတွေနဲ့ ဧရာမ Crystal ဘောလုံးကြီးကို ပြင်ဆင်နေကြပါပြီ ။ ဒီအကြောင်း ရိုက်တာသတင်းကို အခြေခံပြီး ကိုခင်မောင်စိုးမင်း က ပြောပြမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဒီကနေ့ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်သူ ၆၁၉ ယောက်ထပ်ပြီး အတည်ပြုလိုက်တဲ့အတွက်အခုထိ ကူးစက်သူ စုစုပေါင်း ၁၂၃,၁၅၃ ယောက်ရှိပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID - 19 ကြောင့် သေဆုံးသူက ၁၉ ယောက်ရှိတာကြောင့် အခုထိသေဆုံးသူ စုစုပေါင်း ၂,၆၃၇ ယောက်ရှိပြီဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်