ကိုရိုနာဗိုင်းရပ်စ် မျိုးဗီဇဖွဲ့စည်းပုံ ဆင့်ကဲ ပြောင်းလဲတာက ပုံမှန် ဖြစ်စဉ်တစ်ခုဖြစ်ပြီး အနာဂတ်မှာ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်တွေကို ပိုပြီး တွေ့လာမှာ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပြောပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ၂၀၂၀ ခုနှစ်အတွင်း ကမ္ဘာအရပ်ရပ်မှာ အမှုအခင်းတွေ၊ ဝမ်းနည်းကြေကွဲစရာဖြစ်ရပ်တွေနဲ့ ကြုံတွေ့ခဲ့ရသလို COVID-19 ကပ်ရောဂါဒဏ်နဲ့ ရင်ဆိုင်ရမယ့်သူတွေဆက်ပြီး ရှိနေဦးမှာဖြစ်ပေမဲ့ နှစ်သစ်မှာတော့ မေ ျှာ်လင့်ချက်ရောင်ခြည်တွေ တွေ့မြင့်နေရပါပြီလို့ နှစ်သစ်ကူး နှုတ်ခွန်းဆက်လွှာမှာ ပြောထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ COVID-19 ကာကွယ်ဆေး ထိုးနှံပေးတဲ့ အစီအစဉ်စတင်နေတာနဲ့ အတူ နောက်ထပ်အလားလာရှိတဲ့ COVID-19 ကာကွယ်ဆေးတွေကိုလည်း အရေးပေါ် အသုံးပြုခွင့်ပေးနိုင်ဖို့ သုံးသပ်နေပြီဖြစ်ပါတယ်။
COVID-19 ကပ်ရောဂါကြောင့် အခက်အခဲနဲ့ကြုံနေရတဲ့ အမေရိကန်ပြည်သူတွေကို ဒေါ်လာ ၆၀၀ အစား ၂,၀၀၀ ပေးဖို့ သမ္မတ Donald Trump ရဲ့တောင်းဆိုချက်အတိုင်း အောက်လွှတ်တော်က တနင်္လာနေ့မှာ မဲခွဲအတည်ပြုထားတဲ့ကိစ္စ အထက်လွှတ်တော်မှာ ဒီကနေ့အင်္ဂါနေ့မှာ အတည်ပြုပေးဖို့ ဒီမိုကရက်တို့ပြင်ဆင်နေပါတယ်။
ဗီယက်နမ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကို ထိထိရောက်ရောက် ကိုင်တွယ်နိုင်ခဲ့မှုကြောင့် ပို့ကုန်လုပ်ငန်းကဏ္ဍ အလုပ်ဖြစ်နေပြီး ကမ္ဘာမှာ ဖွံ့ဖြိုးမှု အကောင်းဆုံး နိုင်ငံတခု ဖြစ်လာနိုင်တယ်လို့ စီးပွားရေး ပညာရှင်တွေက သုံးသပ်ပါတယ်။ AFP သတင်းဆောင်းပါးကို မသိင်္ဂ ီထိုက် ပြောပြမှာပါ။
တိဘက်ခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမားကို ဆက်ခံမယ့်သူကို ရွေးချယ်ရေးကိစ္စမှာဝင်ရောက်စွက်ဖက်တဲ့တရုတ်တာဝန် ရှိသူတွေကို ဒဏ်ခတ်အရေးယူမယ့် ဥပဒေကို အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က တနင်္ဂနွေနေ့က လက်မှတ်ရေးထိုးလိုက်ပါတယ်။
ဇန်နဝါရီလ ၁ ရက်နေ့မှာ စတင်သက်ရောက်မယ့် ဗြိတိန် အီးယူ ဥရောပသမဂ္ဂကနေ နုတ်ထွက်မှု နောက်ပိုင်း ဗြိတိန်နဲ့အီးယူကြား လိုက်နာဆောင်ရွက်ကြမယ့် ကြာသပတေးက ရခဲ့တဲ့ ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်ကို အီးယူအဖွဲ့ဝင် နိုင်ငံတွေက တနင်္လာနေ့မှာ တညီတညွတ်ထဲ ထောက်ခံခဲ့ကြပါတယ်။
ဆော်ဒီအာရေဗျနိုင်ငံက ထင်ရှားတဲ့ အမျိုးသမီးတက်ကြွလှုပ်ရှားသူ Loujain al-Hathloul ကို ဆော်ဒီတရားရုံးတခုက ထောင်ဒဏ် ၆ နှစ်နီးပါး ချမှတ်လိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ COVID-19 ကပ်ဘေးကြောင့် အကျပ်အတည်း ကြုံနေရတဲ့ အမေရိကန်ပြည်သူတွေအတွက် ငွေသား တိုက်ရိုက် ထောက်ပံ့ကြေး တိုးပေးဖို့ကိစ္စ တနင်္လာနေ့က အောက်လွှတ်မှာ မဲခွဲဆုံးဖြတ် အတည်ပြုလိုက်ပါတယ်။
ကိုဗစ် 19 ရေဂြါ ကူးစက်မှုမှာ ကို စိုးရိမ်ပြီး အသွားအလာ ကန့်သတ်မှုနဲ့ ဈေးတွေ ပိတ်ထားရချိန် ခရစ္စမတ်ကာလမှာ ကမ္ဘာတဝှမ်း စီးပွားရေးအပေါ် အကြီးအကျယ် ရိုက်ခတ်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှာလည်း ခရစ္စမတ် ပွဲတော်ကာလ ဈေးဆိုင်တွေ ရောင်းအားကျနေတဲ့ အကြောင်း Reuters သတင်းတပုဒ်ကို အခြေခံပြီး မမြသဇင်အောင် ပြောပြပါလိမ့်မယ်။
Oxford/AstraZeneca ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး အရေးပေါ် အသုံးပြုခွင့်ကို မကြာမီရက်ပိုင်းအတွင်း ဗြိတိန်နဲ့ အိန္ဒိယ အစိုးရတွေ အတည်ပြုပေးအပ်တော့မှာ ဖြစ်ကြောင်း အဲဒီ ဆေး ထုတ်လုပ်ခွင့် ရရှိထားတဲ့ Serum Institute of India က တနင်္လာနေ့က ပြောပါတယ်။
မြန်မာနိုင်ငံမှာ Digital ဈေးကွက် စီးပွားရေးစနစ် ပေါ်ထွန်းလာရေး လူငယ်တွေအနေနဲ့နိုင်ငံတော်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။
ဘင်္ဂလား ပင်လယ်အော် အတွင်းက Bhasan Char ကို ရိုဟင်ဂျာ ဒုက္ခသည် ၁၅ဝဝ လောက် တနလာၤနေ့က စလို့ ထွက်ခွာသွားပါပြီ။ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေက ကန့်ကွက်နေပေမယ့်လည်း ဒုက္ခသည် တချို့ကတော့ Bhasan Char ကျွန်းကို ဆန္ဒအလျောက် ပြောင်းရွှေ့နေကြတယ်လို့ AP သတင်းက ဖော်ပြပါတယ်။ မသိင်္ဂ ီထိုက် ပြောပြပေးမှာပါ။
အိန္ဒိယနိုင်ငံတောင်ပိုင်း ကာနာတာကာပြည်နယ် က ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းတွေဟာ ကိုဗစ်ကပ်ရောဂါကူးစက်မှုတွေကြောင့် (၉ )လကြာရပ်ဆိုင်းထားရာကနေ အခုတော့ ပြန်လည်စတင်ရိုက်ကူးနေကြပါပြီ။ ဒီအကြောင်း ရိုက်တာသတင်းတပုဒ်ကိုအခြေခံပြီး ကိုခင်မောင်စိုးမင်း က ပြောပြထားပါတယ်။
မြန်မာနိုင်ငံမှာ ဒီကနေ့ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်သူ ၆၄၈ ယောက် ထပ်ပြီး အတည်ပြုခဲ့တာကြောင့် အခုထိ ကူးစက်သူစုစုပေါင်း ၁၂၂,၅၃၄ ယောက်ရှိပြီ ဖြစ်ပါတယ်။ ဒီဇင်ဘာလ ၂၈ ရက်မှာ ဓာတ်ခွဲနမူနာပေါင်း ၁၉,၁၀၈ ခု စစ်ခဲ့ကာ၊ ပိုးတွေနှုန်း ၃.၄% အဖြစ် ၄% အောက် ၄ ရက်ဆက်တိုက်ကျလာတာပါ။
AstraZeneca ဆေးကို ကိုဗစ်ကာကွယ်ဆေးကို ဆေးဝါးဆိုင်ရာ ကြီးကြပ်ရေးတာဝန်ရှိသူတွေ အတည်ပြုခဲ့မယ်ဆိုရင် နိုင်ငံထဲမှာ ထုတ်ပြန်ထားတဲ့ Lockdown ကန့်သတ်ချက်တွေကို မြန်မြန်ဖယ်ရှားနိုင်မယ်လို့ ဝန်ကြီးများရုံးဝန်ကြီး Michael Gove ကဒီနေ့ ပြောကြားပါတယ်။
ဗြိတိန်မှာ ကူးစက်မှု မြန်နေတဲ့ အခုမျိုးကွဲဗိုင်းရပ်စ်ပိုးသစ်ပိုး ပထမဆုံးကူးစက်ခံရသူတချို့ စတွေ့လိုက်တယ်လို့ တောင်ကိုရီးယားအရာရှိတွေအနေနဲ့ ဒီနေ့မှာပဲ ကြေညညာလိုက်အပြီးမှာ၊ အခုလိုလူထုအကြား ကာကွယ်ဆေးထိုးအစီအစဉ်အမြန်လုပ်ဖို့ ကတိပြုလိုက်ကြတာပါ။
အမေရိကန်ပြည်ထောင်စု Tennessee ပြည်နယ် Nashville မြို့မှာ ဒီဇင်ဘာ ၂၅ ရက်နေ့က ဖြစ်ခဲ့တဲ့ ဖေါက်ခွဲမှုကို အသက် ၆၃ နှစ်အရွယ် Anthony Quinn Warner ဆိုသူလုပ်ခဲ့တာလို့ အာဏာပိုင်တွေ တနင်္ဂနွေနေ့က ပြောကြားခဲ့ပြီးနောက် သူဘာကြောင့် ဖောက်ခွဲရသလဲဆိုတာ တာဝန်ရှိသူတွေ ဆက်လက် စုံစမ်စစ်ဆေးနေကြပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ကိုဗစ်ကပ်ရောဂါကြောင့် ထိခိုက်နေသူတွေကို အထောက်အပံ့ပေးဖို့ ဒေါ်လာ ၉၀၀ ဘီလီယံ အသုံးစရိတ်နဲ့ အစိုးရလုပ်ငန်းတွေ စက်တင်ဘာလအထိ လည်ပါတ်နိုင်နိုင်ရေးအသုံးစရိတ် ၁.၄ trillion ပါဝင်တဲ့ စုစုပေါင်း အစိုးရ အသုံးစရိတ် ၂.၃ ထရီလီယံကို သမ္မတ Donald Trump တနင်္ဂနွေနေ့က လက်မှတ်ထိုးအတည်ပြုလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ဒုတိယအသုတ်အဖြစ် Bhasan Char ကျွန်းကို ပြောင်းရွှေ့ပေးဖို့ ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက တနင်္ဂနွေနေ့က ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်