ရုရှားနိုင်ငံထုတ် Sputnik V ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ရုရှားသမ္မတ Vladimir Putin ထိုးတော့မှာဖြစ်ကြောင်း ရုရှားအစိုးရပြောခွင့်ရ Dmitry Peskov က ရုရှားအစိုးရရုပ်သံမှာ တနင်္ဂနွေနေ့က ပြောပါတယ်။
COVID-19 ကာကွယ်ဆေး ကြိုတင်ရောင်းချဖို့ ကြော်ငြာနေတဲ့ ထိုင်း ပုဂ္ဂလိက ဆေးရုံတရုံကို ထိုင်းနိုင်ငံတွင်း ကာကွယ်ဆေး အတည်မပြုရသေးတဲ့ အကြောင်းပြချက်နဲ့ ကြော်ငြာရပ်ဆိုင်းပေးဖို့ ထိုင်းအာဏာပိုင်တွေက တနင်္ဂနွေနေ့က တားမြစ်လိုက်ပါတယ်။
အမေရိကန်မှာ COVID-19 ကာကွယ်ဆေးထိုးပြီးတဲ့ နိုင်ငံသား ၁.၉ သန်း ရှိလာပေမယ့် နောက်ထပ်ကူးစက်သူ အရေအတွက် တိုးလာနေတာကြောင့် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ တိုက်ဖျက်ရေးမှာ ဒီအချိန်ဟာ အတိမ်းအစောင်းမခံတဲ့ အချိန်ဖြစ်ကြောင်း ထိပ်တန်း အမေရိကန်ကူးစက်ရောဂါပညာရှင် ဒေါက်တာ Anthony Fauci က ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ဒီကနေ့ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်သူ ၆၀၆ ယောက် ထပ်ပြီး အတည်ပြုခဲ့တာကြောင့် အခုထိ ကူးစက်သူစုစုပေါင်း ၁၂၁,၈၈၆ ယောက်ရှိပြီ ဖြစ်ပါတယ်။
အမေရိကန်သမ္မတ Donald Trump က ကိုဗစ်ကာလ အကူအညီပေးရေး ပါဝင်တဲ့ အမေရိကန်အစိုးရ အသုံးစရိတ် ဥပဒေမူကြမ်းကို စနေနေ့ည သန်းခေါင်ယံအချိန်အထိ လက်မှတ်မထိုးတာကြောင့် အလုပ်လက်မဲ့ ခံစားခွင့်နဲ့ အိမ်ငှားခပေးဖို့ အခက်အခဲတွေ့နေသူတွေအတွက် ပေးအပ်နေတဲ့ ခံစားခွင့်တွေ တနင်္ဂနွေနေ့က စလို့ သက်တမ်းကုန်ဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံ Nashville မြို့မှာ အိမ်လိုနေထိုင်တဲ့ ကားတစင်း ပေါက်ကွဲသွားတာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေတဲ့ ဗဟိုအစိုးရ စုံစမ်းစစ်ဆေးသူတွေဟာ ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး သဲလွန်စရရှိဖို့အတွက် အဲဒီမြို့ ဆင်ခြေဖုံးမှာရှိတဲ့ ၂ ထပ်အိမ်တအိမ်ကို မနေ့က ရှာဖွေခဲ့ကြပါတယ်။
ဥရောပနိုင်ငံ အတော်များများ ဒီကနေ့ တနင်္ဂနွေနေ့မှာ COVID-19 ကာကွယ်ဆေး စပြီး ထိုးနှံပေးနေပြီဖြစ်ပါတယ်။ အီတလီနိုင်ငံမှာ သူနာပြုတဦး၊ တက္ကသိုလ် ပါမောက္ခတဦးနဲ့ ဆရာဝန်တဦးတို့ကို ရောမမြို့ ဆေးရုံတခုမှာ ပထမဆုံး ကာကွယ်ဆေး ထိုးပေးခဲ့ပါတယ်။
အခု ကိုရိုနာဗိုင်းရပ်စ် အကြောင်းရင်းခံ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါက နောက်ဆုံးကပ်ရောဂါ မဟုတ်သလို ကပ်ရောဂါတွေကို ကြုံနေရဦးမှာ ဖြစ်တယ်လို့ WHO ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus က ဒီကနေ့ ပထမအကြိမ် နိုင်ငံတကာ ကပ်ရောဂါ ကြိုတင်ပြင်ဆင်ရေးနေ့အတွက် ပြောကြားတဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောခဲ့ပါတယ်။
အိန္ဒိယရဲ့ စိုက်ပျိုးရေး ဥပဒေသစ် ၃ ခုဟာ လယ်သမားတွေရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်တွေကို ခြိမ်းခြောက်နေတယ်ဆိုပြီး ကန့်ကွက် ဆန္ဒပြနေကြတဲ့ လယ်သမားတွေနဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ လာမယ့် အင်္ဂါနေ့မှာ တွေ့ဆုံဖို့ သဘောတူထားကြောင်း လယ်သမားများသမဂ္ဂ ခေါင်းဆောင်တွေက ပြောပါတယ်။
ဗြိတိန်က ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ် ပိုးသစ်ကြောင့် စကော့တလန်နဲ့ အိုင်ယာလန်မြောက်ပိုင်း အပါအဝင် ဒေသတွင်းနေထိုင်သူ သန်းပေါင်းများစွာအတွက် တင်းကျပ်တဲ့ အသွားအလာ ကန့်သတ်မှုတွေ ထုတ်ပြန်ထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု စိုးရိမ်ချက်ကြောင့် နိုင်ငံခြားသား ဝင်ရောက်မှုကို တားမြစ်မယ့်အကြောင်း ဂျပန်နဲ့ ဖိလစ်ပိုင်တို့က စနေနေ့မှာ အသီးသီး ပြောဆိုထားပါတယ်။
ကမ္ဘာတလွှား COVID-19 ကူးစက်ခံရသူဟာ စနေနေ့မှာ သန်း ၈၀ ကျော်သွားပြီဖြစ်ပြီး သေဆုံးရသူက ၁၇၅,၀၀၀ ကျော်ရှိတယ်လို့ Johns Hopkins တက္ကသိုလ် စစ်တမ်းမှာ ဖော်ပြပါတယ်။
ထိုင်းနိုင်ငံမှာ COVID-19 ကူးစက်ဖြစ်ပွားမှု ၁,၅၀၀ ကျော်ရှိတဲ့ Samut Sakhon ခရိုင်တွင်းက ပုစွန်ဈေးမှာ ကုတင် ၃၀ ဆန့် ယာယီဆေးရုံတခုကို ဒီဇင်ဘာလ ၂၅ ရက်နေ့က တည်ဆောက်လိုက်ပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ပျံ့နှံ့ကူးစက်မှု လျော့ကျလာတဲ့ မြို့နယ်တချို့ကို အိမ်မှာပဲနေထိုင်ရေး Stay at Home ညွှန်ကြားချက်ကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ပြန်လည်ရုပ်သိမ်းလိုက်ပါပြီ။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၇၃၄ ယောက် ထပ်တိုးပြီး သေဆုံးသူက ၂၇ ယောက် ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြင်သစ်နိုင်ငံမှာ ပြင်သစ်ဆေးရုံ ဆေးဝါးများဆိုင်ရာကွန်ရက်ကို ပေးပို့လာတဲ့ COVID-19 ရောဂါကာကွယ်ဆေး Pfizer-BioNTech ဆေးဝါးတွေ ဒီကနေ့ စနေနေ့မှာ ပထမဆုံး လက်ခံရရှိပါတယ်။
ကမ္ဘာ့ကပ်ရောဂါ COVID-19 ပြင်းပြင်းထန်ထန် ကူးစက်ခံလိုက်ရတဲ့ ပင်လယ်စာလုပ်ငန်းခွင်က ပင်လယ်စာရောင်းသူတွေကို ကူညီသောအားဖြင့် ပြည်သူတွေ ပင်လယ်စာစားဖို့ အစိုးရက တိုက်တွန်းနေချိန်မှာပဲ ထိုင်းဆန္ဒပြသူတွေကလည်း ပင်လယ်စာလုပ်ငန်းတွေကို အစိုးရက အကူအညီပိုပေးဖို့ တိုက်တွန်းတောင်းဆိုပါတယ်။
ဥရောပသမဂ္ဂ EU ကနေ ယူကေနိုင်ငံ ထွက်ပြီးနောက်ပိုင်း ကိစ္စရပ်တွေကို ဘယ်လိုကိုင်တွယ်ကြမယ် ဆိုတဲ့အပေါ် နှစ်ဖက်သဘောတူညီချက် ရလိုက်တဲ့အတွက် ကျေနပ်နေကြပေမယ့်လည်း နောက်ထပ်ကိစ္စရပ်တခုအတွက်တော့ ဥရောပခေါင်းဆောင်တွေ ခေါင်းခဲနေကြပါတယ်။
COVID-19 ရောဂါကာကွယ်ဆေးကို ကမ္ဘာပေါ်က ဒေသတိုင်းမှာရှိတဲ့ လူတိုင်း ရအောင်လုပ်ပေးဖို့၊ အထူးသဖြင့်တော့ အကာအကွယ်အမဲ့ဆုံး သူတွေအတွက် ရအောင်လုပ်ပေးဖို့ ပုပ်ရဟန်းမင်းကြီး Francis က ခရစ္စမတ်နေ့ မိန့်ကြားချက်ထဲမှာ ကမ္ဘာ့နိုင်ငံတွေကို တိုက်တွန်းခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စု၊ တန်နက်ဆီပြည်နယ်၊ Nashville မြို့လယ်ခေါင်မှာ ခရစ္စမတ်နေ့က အိမ်လိုနေထိုင်ကြတဲ့ မော်တော်ကားကြီးတစီး ပေါက်ကွဲတာကြောင့် လူသုံးယောက် ဒဏ်ရာရသွားပါတယ်။
နောက်ထပ်ကြည့်ရှုရန်