ဗြိတိန်နိုင်ငံမှာ ပြန့်ပွားနေတဲ့ ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ်ပိုးသစ်ကြောင့် ပြင်သစ်နိုင်ငံက ဗြိတိန်နဲ့ထိစပ်နေတဲ့ နယ်စပ်ကိုပိတ်လိုက်တဲ့ နောက်မှာ ဗြိတိန်ဘက်ကလာတဲ့ ထရပ်ကားအမြောက်အများ ပိတ်မိနေပြီး ခရစ်စမတ်နေ့မှာတော့ အဲဒီပိတ်မိနေတာတွေကို ရှင်းလင်းဖို့ ဗြိတိသ ျှ စစ်သားတထောင်လောက် ကြိုးပမ်းနေကြပါတယ်။
ကိုဗစ်ဒဏ်အခံရဆုံး ရန်ကုန်မှာ ဆက်လက်ကာကွယ်နှိမ်နင်းနိုင်ရေး Stop Covid 19 Campaign အဝါရောင်လှုပ်ရှားမှုကြီးကို တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဆောင်ကာ မနေ့က စတင်ဖွင့်လှစ်လိုက်ပြီး ထင်ရှားတဲ့ အနုပညာရှင်တွေလည်း ပါဝင်ခဲ့ကြပါတယ်။
ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စာချုပ်နဲ့ပတ်သက်ပြီး အီးယူ ဥရောပသမဂ္ဂနဲ့ ဆွေးနွေးတဲ့နေရာမှာ တရုတ်ဘက်က လုပ်နေကြအတိုင်း ပုံမှန်ပဲ လုပ်ဆောင်ဖို့ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Wang Wenbin က သောကြာနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
အစိုးရအပေါ် ရှင်းရှင်းဘွင်းဘွင်း ဝေဖန်သူ Aleksei Navalny ရဲ့ အဂတိတိုက်ဖျက်ဖောင်ဒေးရှင်း (FBK) အတွက်ဆောင်ရွက်နေသူ ရှေ ံနေ Lyubov Sobol ကို ရာဇဝတ်ကြောင်းနဲ့တရားစွဲဆိုလိုက်ပြီး မေးခွန်းများမေးမြန်းဖို့ သူမကိုခေါ်ဆောင်သွားပြီလို့ FBK က ပြောပါတယ်။
ကူးစက်မြန်တဲ့ ကိုရိုနာဗိုင်းရပ်စ် ပိုးသစ်တမျိုးတွေ့နေတဲ့ ဗြိတိန်နိုင်ငံကနေ အမေရိကန်ပြည်ထောင်စုကို လေကြောင်းနဲ့လာမယ့် ခရီးသည်တိုင်း Covid 19 ပိုးမရှိကြောင်း စမ်းသပ်ထားတာကို ပြသဖို့ လိုအပ်ကြောင်း အမေရိကန် ရောဂါထိန်းချုပ်ကာကွယ်ရေးဌာန CDC က ကြာသပတေးနေ့မှာ ကြေညာပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၇၅၈ ယောက် ထပ်တိုးပြီး သေဆုံးသူက အယောက် ၂၀ ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ယေရှုခရစ်တော် မွေးဖွားရာနေရာဖြစ်တဲ့ ဂျော်ဒန်မြစ်အနောက်ကမ်း၊ လက်ဘနွန်နိုင်ငံ Bethlehem မြို့မှာတော့ ဒီကနေ့ကျရောက်တဲ့ ခရစ်စမတ်နေ့မှာ မြို့တဝိုက် ခရစ်ယာန်ဘုရားကျောင်းတွေက ခေါင်းလောင်းတွေထိုးရင်း ခရစ်စမတ်ပွဲတော် ဆင်နွှဲခဲ့ပါတယ်။
တောင်ကိုရီးယား၊ ဂျပန်နဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာ တရက်အတွင်း ကိုရိုနာဗိုင်းရပ်စ် နောက်ထပ် ကူးစက်သူအရေအတွက် စံချိန်တင်မြင့်တက်ခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ နောက်ထပ်ကူးစက်သူ ၁,၂၀၀ ကျော်ထဲက ၇၀% ဟာ နိုင်ငံလူဦးရေ ၅၂ သန်းထဲက ထက်ဝက်နေထိုင်တဲ့ ဆိုးလ်မြို့တော်နဲ့ ပတ်ဝန်းကျင်အရပ်တွေမှာ ဖြစ်ပါတယ်။
အမေရိကန် အောက်လွှတ်တော် ရစ်ပတ်ဘလင်ကန်အမတ်တွေက ကိုဗစ်ကာလ စီးပွားရေး အကူအညီပေးရေး အစီအစဉ်မှာ အမေရိကန် ပြည်သူတွေကို တိုက်ရိုက်ပေးမယ့် ငွေကြေးပမာဏ တိုးမြှင့်ရေး အစီအစဉ်ကို ကြာသပတေးနေ့က ပယ်ချလိုက်ပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ကွန်ဂရက်က သဘောတူ အတည်ပြုထားတဲ့ အမေရိကန် ကာကွယ်ရေး အသုံးစရိတ် ဥပဒေမူကြမ်းကို ဗီတိုအာဏာသုံးပြီး ပယ်ချ လိုက်ပါတယ်။
ဗြိတိန်နိုင်ငံနဲ့ EU ဥရောပ သမဂ္ဂအဖွဲ့တို့အကြား လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက်တစ်ရပ် ကြာသပတေးနေ့က ရရှိခဲ့ ကြပြီ ဖြစ်ပါတယ်။
တရုတ်ဆေးကုမ္ပဏီ Sinovac Biotech ရဲ့ COVID-19 ကာကွယ်ဆေး နောက်ဆုံးအဆင့်စမ်းသပ်မှုရလဒ်တွေအရ ၅ဝ% ကျော် ထိရောက်တယ်လို့ ဘရာဇီး အစိုးရပိုင် Butantan institute သုတေသနသိပ္ပံက တာဝန်ရှိသူတွေကပြောပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၉၁၉ ယောက် ထပ်တိုးပြီး သေဆုံးသူက ၂၅ ယောက် ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တရုတ်နိုင်ငံက အကြီးဆုံး Online ဈေးကွက်လုပ်ငန်းကြီးဖြစ်တဲ့ Alibaba Group လုပ်ငန်းကြီး အပေါ် ဈေးကွက်လက်ဝါးကြီးအုပ်မှုနဲ့ တရုတ်အစိုးရက စတင်စုံစမ်းနေပြီး သူ့နဲ့ဆက်နွယ်နေတဲ့ Ant Group နည်းပညာအခြေခံ ဘဏ္ဍာရေးလုပ်ငန်းကြီးက တာဝန်ရှိသူတွေကို ဆင့်ခေါ် စုံစမ်းမယ်လို့ တရုတ်အာဏာပိုင်တွေက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
"ရောဂါထိန်းချုပ်ရေးကို အစိုးရက အတတ်နိုင်ဆုံး ဆောင်ရွက်နေတယ်ဆိုတာ အခိုင်အမာပြောနိုင်ပါတယ်။ အားလုံးပူးပေါင်းဆောင်ရွက်ရင် ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်မယ်ဆိုတာ ကျန်းမာရေးဝန်ကြီးဌာနက သူ့ကို အသေအချာပြောထားပါတယ်။" လို့ ဝန်ကြီးချုပ် Prayuth Chan-ocha ကပြောပါတယ်။
၂၀၁၆ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ရုရှားဝင်စွက်ခဲ့သလားဆိုတဲ့ စုံစမ်းမှုအတွင်း အပြစ်ရှိကြောင်း တွေ့ရှိအရေးယူခံရသူတွေအပါအဝင် ၃၀ နီးပါးကို သမ္မတ Donald Trump က ဗုဒ္ဓဟူးနေ့က လွတ်ငြိမ်းချမ်းသာ ခွင့်ပေးလိုက်ပါတယ်။
ထိုင်းနိုင်ငံအလယ်ပိုင်း စမွတ်ဆာခွန်းခရိုင်၊ မဟာချိုင်မြို့နယ်နဲ့ တောင်ပိုင်းဒေသတချို့က မြန်မာအလုပ်သမားတွေကြား ကိုဗစ်ရောဂါ ကူးစက်မှုတွေ တွေ့ရှိခဲ့ရာက နေမြေကျော် သွားလာခွင့်တွေကိုပါ ကန့်သတ်လိုက်သလို၊ စာသင်ကျောင်း တချို့ကိုပါ ပိတ်ထားပါတယ်။
ဟောင်ကောင် ဒီမိုကရေစီရေးထောက်ခံအားပေးသူ မီဒီယာသူဌေးကြီး Jimmy Lai ကို ရက်သတ္တ ၃ ပတ်ခန့်ဖမ်းဆီးချုပ်နှောင်ပြီးနောက် အမခံနဲ့ပြန်လွှတ်ပေးလိုက်ပါတယ်။
အမေရိကန် ကွန်ဂရက် လွှတ်တော်က အတည်ပြုထားတဲ့ ဒေါ်လာ ဘီလီယံ ၉၀၀ သုံးစွဲမယ့် ကပ်ရောဂါ ကာလ အကူအညီပေးရေး အစီအစဉ်က ပြည့်စုံလုံလောက်မှု မရှိကြောင်းနဲ့ အဲဒီ ဥပဒေကို လက်မှတ် ထိုးချင်မှ ထိုးမှာ ဖြစ်ကြောင်း သမ္မတ ဒေါ်နယ် ထရမ့်က အင်္ဂါနေ့က ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုထဲ COVID 19 ကူးစက်မှုနှုန်း မြင့်တက်နေချိန်မှာပဲ ကာကွယ်ထိုးဆေး နောက်ထပ် သန်း ၁ဝဝ ထပ်ဆောင်း ရောင်းချမယ်လို့Pfizer-BioNTechဆေးကုမ္ပဏီတွေက ဗုဒ္ဓဟူးနေ့က ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်