မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၉၂၃ ယောက် ထပ်တိုးပြီး သေဆုံးသူက ၂၃ ယောက် ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ခရစ္စမတ်ပွဲတော်ကာလကလေးငယ်တွေ ပိုပြီးစုဝေးနိုင်ဖို့အတွက် COVID-19 ကန့်သတ်ချက်တချို့ကို ယာယီဖြေလျော့ပေးမှာဖြစ်ပါတယ်။ အစောပိုင်းတုန်းက ဆစ်ဒနီမြို့မြောက်ပိုင်းအပန်းဖြေကမ်းခြေတခုနဲ့ ဆက်နွယ်ပြီး ကူးစက်သူ ၁၀၀ လောက်ရှိလာတဲ့အတွက် ရောဂါထိန်းချုပ်ရေး ကန့်သတ်ချက်တွေ ချမှတ်ထားတာပါ။
ပြည်ပခရီးသွားတွေအတွက် ထိုင်းကိုလာရောက်ခွင့် စည်းမျဉ်းတွေကို ဖြေလျှော့ပေးထားတာကြောင့် ထိုင်းနိုင်ငံအနေနဲ့ ရောဂါထိန်းချုပ်ရေး သတိနဲ့ တုံ့ပြန်ကိုင်တွယ်ဖို့လိုတယ်လို့လည်း ဝန်ကြီးချုပ် Prayuth ကပြောပါတယ်။
ရွှေ့ပြောင်းအခြေချသူတွေအပေါ် ကန့်သတ်ပိတ်ပင်မှု ချမှတ်တာနဲ့ ကလေးမွေးဖွားမှုနှုန်း ကျဆင်းလာတာတွေကြောင့် အမေရိကန်မှာ လူဦးရေးတိုးတက်မှု ကျဆင်းနေတာ နှစ်နဲ့ချီရှိနေပြီလို့လည်း The Brooking Institute လူဦးရေစာရင်းကောက်ယူမှုဌာနက သုတေသနပညာရှင် William Frey ကပြောပါတယ်။
ထိုင်းနိုင်ငံ စမွတ်ဆာခွန်းခရိုင်ရှိ ပုစွန်ဈေးမြင်ကွင်း။ ~~~ ထိုငျးနိုငျငံ စမှတျဆာခှနျးခရိုငျရှိ ပုစှနျဈေးမွငျကှငျး။
အမေရိကန်နိုင်ငံရဲ့ စီးပွားရေးက တတိယ သုံးလပတ်ကာလမှာ စံချိန်တင် တိုးတက်ခဲ့တယ်လို့ အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အင်္ဂါနေ့က ပြောပါတယ်။
ဗြိတိန်နိုင်ငံမှာ နောက်ဆုံး တွေ့ရှိခဲ့တဲ့ ဗီဇဖွဲ့စည်းပုံဆင့်ကဲပြောင်းလဲလာတဲ့ ကိုရိုနာဗိုင်းရပ်စ်မျိုးစိတ်က လက်ရှိ အသုံးပြုနေတဲ့COVID 19 ရောဂါ စမ်းသပ် စစ်ဆေးမှု၊ ဆေးဝါး ကုသမှုနဲ့ ကာကွယ်ဆေးတွေအပေါ်မှာ သိသိသာသာ အပြောင်းအလဲဖြစ်လောက်အောင်သက်ရောက်မှု မရှိဘူးလို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့(WHO) က ပြောပါတယ်။
အိန္ဒိယနိုင်ငံတွင်း အရေးပေါ် အသုံးအဖြစ် ခွင့်ပြုပေးဖို့ COVID 19 ကာကွယ်ဆေး သုံးမျိုးကို အစိုးရက သုံးသပ်နေပြီး ဆေးဝါးဖြန့်ဖြူးရေး အတွက်လည်း ပြင်ဆင်နေပါပြီ။
ဗြိတိန်အပေါ် ဥရောပနိုင်ငံတွေက ခရီးသွားလာခွင့် တားမြစ်ထားတာတွေကို ရုပ်သိမ်းပေးဖို့ ဥရောပကော်မရှင်က အကြံပြုတိုက်တွန်းလိုက်ပါတယ်။ ပိတ်မိနေတဲ့ ဗြိတိန်နိုင်ငံက ခရီးသွားတွေနဲ့ ကုန်စည်စီးဆင်းမှု မထိခိုက်အောင်EU ဥရောပသမဂ္ဂအဖွဲ့ လက်အောက်ခံ ဥရောပကော်မရှင်က အခုလိုအကြံပြုတိုက်တွန်းလိုက်တာပါ။
ဂျာမနီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှုန်းနဲ့ အသေအပျောက်နှုန်းမြင့်တက်လာကို ဟန့်တားဖို့ အသစ်ချမှတ်လိုက်တဲ့ တင်းကြပ်တဲ့စည်းမျဉ်း ကန့်သတ်ချက်တွေ မနေ့ ဗုဒ္ဓဟူးနေ့ကစလို့ အသက်ဝင်ပြီဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ COVID 19 ကူးစက် ဖြစ်ပွားမှုနှုန်းက ပျမ်းမျှ ၁,ဝဝဝ ဝန်းကျင်မှာ အတက်အကျနဲ့ လနဲ့ချီ ရှိလာနေချိန်မှာဘဲ COVID 19 ကာကွယ်ဆေး ဝယ်ယူခွင့် အတွက်လည်း ဆွေးနွေးနေပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ရောဂါ အတည်ပြုအခုရက်ပိုင်းအတွင်း ၁,၀၀၀ အောက် ကျဆင်းနေတာမှာ ဒီနေ့လည်း လူနာသစ် ၉၆၄ ယောက် ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ ကိုဗစ်ရောဂါကြောင့် သေဆုံးသူက နောက်ထပ် ၁၉ ယောက်ဖြစ်ပြီး ၁၃ ယောက်က ရောဂါအခံရှိသူတွေဖြစ်ပါတယ်။
တောင်အာဖရိကနိုင်ငံမှာ ကိုဗစ် ၁၉ ကပ်ရောဂါ ဗိုင်းရပ်စ် ပိုးသစ်ကြောင့် အတည်ပြုလူနာတွေ၊ ဆေးရုံတက် ကုသသူတွေ၊ သေဆုံးမှုတွေပါ ပိုများလာတယ်လို့ တောင်အာဖရိကကျန်းမာရေးအာဏာပိုင်တွေက ပြောဆိုလိုက်ပါတယ်။
Pfizer ကုမ္ပဏီက ထုတ်တဲ့ ကိုဗစ်ကာကွယ်ဆေး ပထမအသုတ် စင်္ကာပူနိုင်ငံကို တနင်္လာနေ့ညက ရောက်ရှိလာပါတယ်။ Belgium နိုင်ငံ Brussels မြို့ကနေ ပို့လိုက်တဲ့ Pfizer ကိုဗစ်ကာကွယ်ဆေးတွေကို အာရှနိုင်ငံတွေထဲ စင်္ကာပူက ပထမဆုံး ရရှိတာလည်း ဖြစ်ပါတယ်။
အပြည်ပြည်ဆိုင်ရာတရားရုံး ICJ ကကြားဖြတ်အရေးပေါ် စီမံဆောင်ရွက်ဖို့ ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်လို့ အကဲဖြတ်စောင့်ကြည့်ဖို့ သီးခြား အထူးကော်မတီတရပ်ကို ထူထောင်ခွင့် ပေးလိုက်ကြောင်း ဒီဇင်ဘာလ (၂၁) ရက်နေ့ ရက်စွဲနဲ့ ICJ တရားရုံးက ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
အရွေးကောက်ခံ သမ္မတဂျိုးဘိုင်ဒန်ဟာ တနင်္လာနေ့မှာ covid 19 ကာကွယ်ဆေး ထိုးခဲ့ပါတယ်။ မစ္စတာဘိုင်ဒန်က သူနေထိုင်ရာ Delaware ပြည်နယ် Newark က Christiana ဆေးရုံမှာ Pfizer ကုမ္ပဏီထုတ် ကာကွယ်ဆေးကို လူတွေယုံကြည်မှုရှိလာစေရေး အတွက် သူဆေးထိုးတာကို ရုပ်သံကနေ ထုတ်လွှင့်ခဲ့တာပါ။
ဗြိတိန်နိုင်ငံမှာ မကြာသေးခင်ကမှ တွေ့ရှိခဲ့တဲ့ အသွင်ပြောင်း ကိုရိုနာဗိုင်းရပ်စ်ပိုးသစ် ပြည်ပနိုင်ငံတွေကို ကူးစက်ပြန့်နှံ့မှုမရှိအောင် ကာကွယ်ရေးအတွက် အီးယူဥရောပသမဂ္ဂက ပူးပေါင်းတုန့်ပြန်ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ဂျာမဏီ နိုင်ငံခြားရေးဝန်ကြီး Heiko Maas က တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
COVID 19 ရောဂါက ဒီဂျစ်တယ်စနစ် အသွင်ကူးပြောင်းရေး အရှိန်အဟုန်မြှင့် လုပ်ဆောင်ဖို့ လိုအပ်နေတာကို မီးမောင်းထိုး ဖော်ပြ နေချိန်မှာပဲ မြန်မာနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်း အများစုမှာ ဒီဂျစ်တယ် အသွင်ကူးပြောင်းရေး နောက်ကျကျန်ရစ်နေဆဲ ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
အာရှမှာ ပထမဆုံး နိုင်ငံအဖြစ် စင်္ကာပူနိုင်ငံက Pfizer-BioNTech COVID 19 ကာကွယ်ဆေးကို မနေ့ တနင်္လာနေ့က လက်ခံ ရရှိခဲ့ပါတယ်။
ဗြိတိန်နိုင်ငံထဲမှာ ပြန့်နှံ့နေတဲ့ ဗိုင်းရပ်စ်ပိုးမျိုးဗီသစ်တခုဟာ တိုင်းပြည်အတွက် အန္တရာယ်ဖြစ်တယ်လို့ ဗြိတိန်ဝန်ကြီးချုပ် Boris Johnson စနေနေ့က သတိပေးပြောကြားလိုက်ပြီးနောက်မှာပဲပြင်သစ်၊ ဂျာမဏီ၊ အီတလီ၊ နယ်သာလန်၊ အိုင်ယာလန်၊ ဘယ်လ်ဂျီယံ၊ အစ္စရေလ်းနဲ့ ကနေဒါနိုင်ငံက ခုလို ပြည်ဝင်ခွင့်ကန့်သတ်လိုက်တာပါ။
နောက်ထပ်ကြည့်ရှုရန်