ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ထိခိုက်နစ်နာနေရတဲ့ အမေရိကန်မိသားစုတွေနဲ့ စီးပွါးရေးလုပ်ငန်းတွေကို အရေးပေါ်ကူညီဖို့ ဒေါ်လာ ၉၀၀ ဘီလီယံသုံးစွဲမယ့် ထောက်ပံ့ရေးအစီအစဉ်သစ်တရပ်ကို အမေရိကန် ထိပ်တန်းလွှတ်တော်အမတ်တွေ တနင်္ဂနွေနေ့ကဆွေးနွေးသဘောတူညီလိုက်ပါပြီ။
အမေရိကန်ပြည်ထောင်စုမှာ ဒေါ်လာ ၁ ထရီလီယံနီးပါး သုံးစွဲမယ့် COVID-19 ထောက်ပံ့ရေး အစီအစဉ်သစ် ချမှတ်နိုင်ဖို့ ဦးဆောင်ဆွေးနွေးနေကြတဲ့ ထိပ်တန်း လွှတ်တော်အမတ်တွေကြား တနင်္ဂနွေနေ့က သဘောတူညီမှု ရရှိလိုက်ပါပြီ။
ထိုင်းနိုင်ငံမှာ အသက် ၁၆ နှစ်အရွယ် ကျောင်းသားတဦး အပါအဝင် ဆန္ဒပြသူ ၃၅ ယောက်ကို တော်ဝင်မိသားစုကို အသရေဖျက်မှုနဲ့ ထိုင်းအာဏာပိုင်တွေက စွဲချက်တင်ခဲ့တာက လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ စုဝေးခွင့်ကို ဖိနှိပ်ချုပ်ချယ်တာဖြစ်လို့ စိုးရိမ်ပူပန်မိကြောင်း လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးက ပြောပါတယ်။
တရုတ် လေယာဉ်တင်သင်္ဘော Shandong ဦးဆောင်တဲ့ ရေတပ်သင်္ဘော အုပ်စုတစု တနင်္ဂနွေနေ့က ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းမောင်းနှင် ဝင်ရောက်လာတာကြောင့် ထိုင်ဝမ်တို့က ရေတပ်နဲ့ လေတပ် တပ်ဖွဲ့တွေကို စေလွှတ်ချထားခဲ့ပါတယ်။
ထိုင်းနိုင်ငံ Samut Sakhon ခရိုင်မှာ တရက်တည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၅၀၀ ကျော် တွေ့ရှိခဲ့တဲ့အတွက် အဲဒီဒေသတဝိုက်က လူပေါင်း ၁၀,၀၀၀ ကျော်ကို ရောဂါပိုး စစ်ဆေးသွားဖို့ စီစဉ်နေပြီ ဖြစ်ပါတယ်။
အမေရိကန်မှာ တနင်္ဂနွေနေ့ကစလို့ ဒုတိယမြောက် COVID-19 ကာကွယ်ဆေးကို ဆေးရုံတွေထံ စတင်ဖြန့်ဝေနေတာနဲ့အတူ အသက် ၇၅ နှစ်နဲ့အထက် အသက်ကြီးပိုင်းတွေ၊ မီးသတ်ဝန်ထမ်းတွေ၊ ကျောင်းဆရာဆရာမတွေနဲ့ လက်လီအရောင်းဆိုင် ဝန်ထမ်းတွေလို မရှိမဖြစ်လုပ်သားတွေကို ဒုတိယဦးစားပေးအဖြစ် ကျွမ်းကျင်သူများပါတဲ့ ကော်မတီက သတ်မှတ်လိုက်ပါတယ်။
အင်္ဂလန်မှာ မျိုးဗီဇပြောင်းသွားတဲ့ ကိုရိုနာဗိုင်းရပ်စ် ပိုးသစ်တမျိုး ကူးစက်မြန်လာနေတဲ့အတွက် စိုးရိမ်မှုတွေ တိုးလာနေတာနဲ့အမျှ ဗြိတိန်နိုင်ငံကနေလာတဲ့ လေကြောင်းခရီးစဉ်တွေကို ဥရောပနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံ အတော်များများက ပိတ်ပစ်လိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ဒီကနေ့ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်သူ ၉၄၇ ယောက် ထပ်ပြီး အတည်ပြုခဲ့တာကြောင့် အခုထိ ကူးစက်သူစုစုပေါင်း ၁၁၆,၁၃၄ ယောက်ရှိပြီ ဖြစ်ပါတယ်။
ထိုင်ဝမ်ရေလက်ကြား ဖြတ်မောင်းလာတဲ့ အမေရိကန် စစ်သင်္ဘောတစင်းကို တရုတ်စစ်ဘက်က နောက်ယောက်ခံ လိုက်ကြည့်ခဲ့ပြီး ဒီလုပ်ရပ်ဟာ ထိုင်ဝမ်လွတ်လပ်ရေး ပြောနေသူတွေကို မြှောက်ပေးတဲ့လုပ်ရပ်အဖြစ် တရုတ်ဘက်က အမေရိကန်ကို ဝေဖန်အပြစ်တင်ခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုတွင်း Moderna ဆေးကုမ္ပဏီထုတ် COVID-19 ကာကွယ်ဆေးကို ပြီးခဲ့တဲ့ သောကြာနေ့က ဒုတိယမြောက် ကာကွယ်ဆေးအဖြစ် အရေးပေါ်အသုံးပြုခွင့် ပေးလိုက်ပြီးတဲ့နောက် စနေနေ့ကစပြီး ကာကွယ်ဆေးထိုးပေးမယ့် နေရာ ၃,၇၀၀ ကျော်ကို ဆေးတွေ စပြီးဖြန့်ဖြူးပေးနေပြီ ဖြစ်ပါတယ်။
ဒေသတွင်း ရွှေ့ပြောင်းသူများအရေးကို ဆောင်ရွက်တဲ့အခါမှာ အမေရိကန် အလယ်ပိုင်းနဲ့ မက္ကဆီကို တောင်ပိုင်းဒေသတွေရဲ့ အရင်းအမြစ်ပြဿနာကို ဖြေရှင်းခြင်းအားဖြင့် လူတွေအပေါ် ကရုဏာထား ကိုင်တွယ်သွားဖို့ အမေရိကန်ပြည်ထောင်စုရဲ့ ရွေးကောက်ခံသမ္မတ Joe Biden နဲ့ မက္ကဆီကိုနိုင်ငံသမ္မတတို့ စနေနေ့က ဆွေးနွေးခဲ့ကြပါတယ်။
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်မှာ COVID-19 ကူးစက်တဲ့နှုန်း မြင့်တက်လာတာမို့ ဆေးရုံတွေမှာ လူနာတွေနဲ့ ပြည့်ကြပ်လာသလို ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေ အလုံအလောက် မရှိတော့မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။
တရုတ်နိုင်ငံတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို အမျိုးသားလုံခြုံရေး အခြေခံနဲ့ ပြန်လည်သုံးသပ်ရေး စည်းမျဉ်းတွေကို စနေနေ့မှာ တရုတ်အစိုးရက ထုတ်ပြန်ပါတယ်။
ဘူလ်ဂေးရီးယားနိုင်ငံမှာရှိတဲ့ ရုရှားသံရုံးက သံအရာရှိတဦးကို သူလျှိုလုပ်တယ်လို့ စွပ်စွဲပြီး သောကြာနေ့မှာ ဘူလ်ဂေးရီးယား အစိုးရက ပြည်နှင်ဒဏ် ပေးလိုက်ပါတယ်။
ကမ္ဘာကြီးပူနွေးလာစေတဲ့ ပြဿနာကို ထိပ်တန်းဦးစားပေး ကိုင်တွယ်မယ်လို့ ကတိပြုခဲ့တဲ့ ရွေးကောက်ခံသမ္မတ Joe Biden က ဥတုရာသီဆိုင်ရာနဲ့ စွမ်းအင်ဆိုင်ရာ အရေးကိစ္စတွေကို ကိုင်တွယ်ဖို့ သူရွေးချယ်ထားတဲ့ အဖွဲ့ကို စနေနေ့မှာ ချပြခဲ့ပါတယ်။
ဗြိတိန်နိုင်ငံမှာ ဒီလထဲ ကူးစက်မှုနှုန်း လျှင်လျှင်မြန်မြန်နဲ့ ပျံ့နှံ့ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးဟာ အခု အသစ်ထွက်လာတဲ့ ကာကွယ်ဆေးတွေ မတိုးတဲ့ အသွင်ပြောင်း ကိုရိုနာဗိုင်းရပ်စ်ပိုးသစ် ဟုတ်မဟုတ် သိရအောင် စနေနေ့က ဗြိတိန်က သိပ္ပံပညာရှင်တွေ အပြင်းအထန် ကြိုးစားနေကြပါတယ်။
အမေရိကန်နိုင်ငံမှာ COVID-19 အတွက် အရေးပေါ်သုံးစွဲခွင့် ဒုတိယမြောက် ချပေးလိုက်တဲ့ Moderna ကာကွယ်ဆေးကို နိုင်ငံတလွှား ဖြန့်ဝေပေးဖို့ စလုပ်နေပြီဖြစ်ပြီး တနင်္လာနေ့မှာ ဒီဆေးကို စတင်ထိုးနှံပေးနိုင်တော့မှာ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း သိသိသာသာ ကျဆင်းလာပေမယ့်လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ စုစုပေါင်းက စနေနေ့မှာ ၁၀ သန်းကျော်သွားပြီး ကမ္ဘာမှာ ဒုတိယမြောက် ကူးစက်ဖြစ်ပွားမှု အများဆုံးနိုင်ငံ ဖြစ်နေပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၉၈၉ ယောက် ထပ်တိုးပြီး သေဆုံးသူက ၂၆ ယောက် ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အမေရိကန်အစိုးရလုပ်ငန်းတွေ ဒီသီတင်းပတ်ကုန်မှာ တစိတ်တပိုင်း ရပ်ဆိုင်းသွားမယ့်အရေး ရှောင်ရှားဖို့အတွက် နှစ်ရက်တာ ယာယီအသုံးစရိတ် ဥပဒေကို ကွန်ဂရက်လွှတ်တော်က သောကြာနေ့နှောင်းပိုင်းမှာ အတည်ပြု ပြဋ္ဌာန်းခဲ့တယ်လို့ AP သတင်းမှာ ဖော်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်