အမေရိကန် အစားအစာနဲ့ ဆေးဝါးအေဂျင်စီ (FDA) ကနေ ဒုတိယမြောက် COVID-19 ကာကွယ်ဆေးတမျိုးကို အရေးပေါ်သုံးစွဲဖို့ သောကြာနေ့က အတည်ပြုပေးလိုက်ပါတယ်။
အမေရိကန် ဆိုင်ဘာလုံခြုံရေး ကျိုးပေါက်မှုကြီးနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာဌာနတွေရဲ့ တင်ပြချက်ကို နားထောင်ခဲ့ရတဲ့ လွှတ်တော်အမတ်တွေက ဒါဟာ ရုရှားလက်ချက်ဆိုတာ ခုချိန်ထိရထားတဲ့ အထောက်အထားတွေ အားလုံးက ပြနေတယ်လို့ သတိပေးပြီး လက်တုံ့ပြန်ဖို့ တောင်းဆိုကြပါတယ်။
အီရန်ရဲ့ နျူကလီယား အစီအစဉ်တွေနဲ့ ပတ်သက်ပြီ အမေရိကန်နဲ့ အီရန်ကြား တင်းမာမှုတွေရှိနေချိန်မှာပဲ အီရန်က မြို့တော်တဟီရန် အနောက်တောင်ဘက် ကီလိုမီတာ ၉ ၀ လောက်အကွာမှာရှိတဲ့ Fordo က မြေအောက်နျူကလီယား စက်ရုံမှာ တည်ဆောက်ရေးတွေ စတင်လုပ်ဆောင်နေပါတယ်။
Covid 19 ကပ်ရောဂါ စတင်ဖြစ်ပွါးရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးမယ့် WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဦးဆောင်တဲ့ နိုင်ငံတကာစုံစမ်းရေး အဖွဲ့ကို တရုတ်အစိုးရက လက်ခံတော့မှာ ဖြစ်ကြောင်း WHO ပစိဖိတ်အနောက်ပိုင်း ဒေသ အရေးပေါ်အခြေနေဆိုင်ရာ အကြီးအကဲ Babatunde Olowokure က ကြာသပတေးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အမေရိကန် ဒုသမ္မတ Mike Pence နဲ့ ဒုသမ္မတကတော် Karen Pence တို့ဟာ သောကြာနေ့က သမ္မတအိမ်ဖြူ ဘေးက အုပ်ချုပ်ရေးရုံး အဆောက်အဦးထဲမှာ Covid 19 ကာကွယ်ဆေးထိုးခဲ့ကြပြီး ဒီဆေးဟာ စိတ်ချရပြီး ထိရောက်မှု ရှိတာကို ပြည်သူသိအောင် ပြသခဲ့ပါတယ်။
နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးနယ်ပယ်တွင်း လွှမ်းမိုး အပိုင်စီးဖို့ လှုပ်ရှားမှုတွေမှာ ချိတ်ဆက်နေတဲ့ တရုတ် စီးပွားရေးကုမ္ပဏီတွေ အင်စတီကျူရှင်းတွေကို အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့အရေးယူမှု အသစ်တွေချမှတ်လိုက်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က သောကြာနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
နိုင်ဂျီးရီးယားနိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်ပတ်တုန်းက သူတို့ကျောင်းကနေ သေနတ်သမားတွေရဲ့ ဖမ်းဆီးခေါ်ဆောင်တာခံခဲ့ရတဲ့ ကျောင်းသားလူငယ်လေးတွေထဲက ၃၄၄ ယောက် ကြာသပတေးနေ့မှာ ပြန်လည်လွတ်မြောက်လာပါပြီ။
COVID-19 ကာကွယ်ဆေးစမ်းသပ်ထုတ်လုပ်နေတဲ့ ဗြိတိန်ဆေးဝါးကုမ္ပဏီ AstraZeneca နဲ့ ထိုင်းဆေးဝါးကုမ္ပဏီတခုတို့ရဲ့ သဘောတူညီချက်အရ အရှေ့တောင်အာရှဒေသတွင်း ထိုင်းနိုင်ငံဟာ ကာကွယ်ဆေးအတွက် အဓိကအချက်အချာကျတဲ့ နိုင်ငံဖြစ်လာဖို့ရှိနေကြောင်း ထိုင်းတာဝန်ရှိသူတဦးက သောကြာနေ့က ပြောကြားခဲ့ပါတယ်။
ICJ နိုင်ငံတကာတရားရုံးမှာ ဂမ်ဘီယာက မြန်မာကို လူမျိုးတုန်းသတ်ဖြတ်မှု စွဲချက်နဲ့ တရားစွဲဆိုထားတာ တနှစ်ပြည့်သွားပြီဖြစ်ပေမဲ့ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေရဲ့ အခြေအနေဟာ ဘာမှ ပြောင်းလဲတိုးတက်ခြင်းမရှိသေးဘူးလို့ ပြည်ပရောက် ရိုဟင်ဂျာတွေက ပြောဆိုလိုက်ပါတယ်။
ရုရှားအတိုက်အခံ ခေါင်းဆောင် Alexey Navalny အဆိပ်ခတ်ခံရမှုမှာ မီဒီယာတွေ စွပ်စွဲသလို ရုရှားအစိုးရ နောက်ကွယ်က ဆိုတာ မဟုတ်မှန်ကြောင်းနဲ့ ရုရှားနံမည်ပျက်အောင် Navalny က အမေရိကန်နဲ့ လက်တွဲလုပ်ဆောင်တာ ဖြစ်ကြောင်း ရုရှားသမ္မတ Vladimir Putin က သူ့ရဲ့ ၂၀၂၀ နှစ်ပတ်လည် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
Covid 19 ကာကွယ်ဆေးကို အီးယူ ဥရောပသမဂ္ဂ နိုင်ငံတွေမှာ ဒီဇင်ဘာလ ၂၇ ရက်နေ့က စပြီး ထိုးပေးဖို့ စီစဉ်နေပါပြီ။
အမေရိကန် သွင်းကုန်-ထုတ်ကုန်ဘဏ် (EXIM) ဘဏ်ရဲ့ ဥက္ကဌ Kimberly Reed က မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Thomas Vajda နဲ့ ဗီဒီယိုကတဆင့် အမေရိကန်- မြန်မာ နှစ်နိုင်ငံ ကုန်သွယ် စီးပွားကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဒုတိယဝန်ကြီး Stephen R. Biegun က အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်ကို ဒီဇင်ဘာလ ၁၇ ရက်နေ့က တယ်လီဖုန်း ဆက်သွယ်စကားပြောကြားခဲ့ပါတယ်။
အမေရိကန် ဆေးကုမ္ပဏီ Moderna က ထုတ်တဲ့ Covid 19 ကာကွယ်ဆေးကို အရေးပေါ် အခြေနေ အသုံးပြုဖို့ FDA အမေရိကန် အစားအစာနဲ့ ဆေးဝါးစီမံခန့်ခွဲရေးဌာနရဲ့ သီးခြားလွတ်လပ်တဲ့ ကျွမ်းကျင်ပညာရှင်များအဖွဲ့က ကြာသပတေးနေ့မှာ အတည်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။
ဗီယက်နမ်ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ Nanogen Pharmaceutical Biotechnology JSC က လူတွေနဲ့ ပြုလုပ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး စမ်းသပ်မှုကို ကြာသပတေးနေ့က စတင်လိုက်ပြီ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၁,၁၈၂ ယောက် ထပ်တိုးပြီး သေဆုံးသူက ၃၁ ယောက် ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သြစတြေးလျ၊ ပြင်သစ်နဲ့ အမေရိကန်က ခရီးသည်တွေအနေနဲ့ ဗီဇာမလိုအပ်ပေမဲ့ ခရီးစမထွက်ခင် ပြီးခဲ့တဲ့ ၃ ရက်အတွင်း ကိုဗစ်ကင်းစင်ကြောင်း ထောက်ခံစာနဲ့ ဘယ်ဟိုတယ်မှာ Quarantine ကန့်သတ်နေထိုင်မယ်ဆိုတာ ပြရမှာဖြစ်ပါတယ်။
ဆွစ်ဇာလန်နဲ့ ဗီယက်နမ်နိုင်ငံတွေကို ငွေကြေးကစားတဲ့ currency manipulators နိုင်ငံ တွေအဖြစ် သမ္မတ ထရမ့် အစိုးရက ဗုဒ္ဓဟူးနေ့မှာ သတ်မှတ်လိုက်ပါတယ်။ ဒီလို သတ်မှတ်လိုက်တာကြောင့် ရွေးကောက်ခံ သမ္မတ Joe Biden အစိုးရအတွက် အမေရိကန်ရဲ့ ကုန်သွယ်ဖက် နိုင်ငံတွေနဲ့ ဆက်ဆံရေးမှာ ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်လာစေနိုင်ပါတယ်။
သမ္မတ Macron မှာ အစပိုင်း ကိုဗစ်လက္ခဏာ စတွေ့လို့ ဆေးစစ်ခဲ့ရာကနေ ဒီနေ့ပဲ အခုလိုပိုးတွေ့ခဲ့တယ်လို့ ပြင်သစ်သမ္မတရုံးက ကြေညာတာပါ။ သမ္မတ Macron အနေနဲ့ စည်းမျဉ်း၊ စည်းကမ်းတွေနဲ့အညီ နောက်ထပ် ၇ ရက် သီးသန့်ခွဲနေသွားပြီး အလုပ်တွေကို အဝေးကနေ ဆက်တာဝန်ထမ်းဆောင်သွားမယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ တန်ဖိုးမြှင့်တင်နိုင်တဲ့ မွေးမြူရေးနဲ့ စိုက်ပျိုးရေးထုတ်ကုန်တွေကို လက်ရှိဈေးကွက်ပေါ်မှာ တည်ဆောက်ဖို့နဲ့ ဂျင်း၊ ဆနွင်းတို့လို ရိုးရာထုတ်ကုန်တွေကို ကျန်းမာရေးအတွက် အသုံးပြုနိုင်ဖို့ ဆက်ပြီး စူးစမ်းလေ့လာသင့်တဲ့အကြောင်း မကြာသေးခင်ကလုပ်ခဲ့တဲ့ သုတေသနတခုမှာ တွေ့ရှိခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်