မြန်မာနိုင်ငံမှာ ဒီကနေ့ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်သူ ၁,၁၅၅ ဦးထပ်ပြီး အတည်ပြုခဲ့တာကြောင့် အခုထိ ကူးစက်သူ စုစုပေါင်း ၁၁၀,၆၆၇ ယောက်ရှိပြီ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၁၅ ရက်နေ့ အတွက် ဓာတ်ခွဲနာမူနာပေါင်း ၂၃,၈၇၄ ခု စစ်ဆေးတဲ့အထဲက အတည်ပြုလူနာ ၁,၁၀၀ ကျော်တွေ့ခဲ့တာပါ။