တူရကီနိုင်ငံ အရှေ့ပိုင်းမှာ ပြင်းထန်တဲ့ ငလျင်လှုပ်ခတ်ရာက သေဆုံးသူ အရေအတွက်ဟာ ဒီနေ့နောက်ဆုံး ၂၁ ယောက်အထိ တိုးလာပြီး ဒဏ်ရာရသူ ၁ ထောင်ကျော် ရှိတယ်လို့လည်း အရေးပေါ်ကယ်ဆယ်ရေး တာဝန်ရှိသူတွေက ပြောပါတယ်။
တရုတ်နိုင်ငံမှာ စတင်ခဲ့တဲ့ Corona ဗိုင်းရပ်စ် ကူးစက်မှုကို ထိန်းချုပ်နိုင်ပါလိမ့်မယ်လို့ တရုတ်သမ္မတ Xi Jinping က ဒီကနေ့ ပြောကြားခဲ့ပါတယ်။ ဒါဟာ ရောဂါပိုး စတင်ပြန့်ပွားခဲ့တဲ့ အချိန်ကစပြီး ပြည်သူလူထုကို ဒုတိယအကြိမ်မြောက် ပြောဆိုချက်လည်း ဖြစ်ပါတယ်။
coronavirus ရောဂါပိုးသစ် ကူးစက် ပြန့်ပွားနေတာကြောင့် ရောဂါပိုး စတင်တွေ့ရှိရာ Wuhan မြို့နဲ့ မြန်မာနိုင်ငံ၊ မန္တလေးမြို့အကြား ပြေးဆွဲနေတဲ့ China Eastern Airlines တရုတ်အရှေ့ပိုင်း လေကြောင်းလိုင်းရဲ့ လေယာဉ် ပျံသန်းမှုတွေကို ရပ်ဆိုင်းထားလိုက်ကြောင်း လေကြောင်းလိုင်းက တရားဝင် ကြေညာလိုက်ပါတယ်။
ပြင်သစ်နိုင်ငံမှာ Coronavirus ကူးစက်ခံရသူသုံးဦး ပထမဆုံး ပေါ်လာတာကြောင့် ဒါဟာ ဥရောပတိုက် မှာပါ ဒီဗိုင်းရပ်စ်ပိုး ကူးစက်ပြန့်နှံ့သွားပြီဆိုတဲ့ သဘောပါပဲ။
အိန္ဒိယ-မြန်မာနယ်စပ် မဏိပူရပြည်နယ်အတွင်း Ukhrul ခရိုင်ထဲမှာ အမည်မသိ ထူးဆန်းတဲ့ ရောဂါတခုကြောင့် လူ ၂ ဦး သေဆုံးသွားတဲ့အတွက် ပြည်နယ် ကျန်းမာရေးအရာရှိတွေ အဲဒီနေရာကို အရေးပေါ် သွားရောက် စစ်ဆေးနေကြောင်း အိန္ဒိယအခြေစိုက် Express သတင်းဌာနမှာ ဖော်ပြထားပါတယ်။
တရုတ်နိုင်ငံမှာ လူပေါင်း ၂၀ ကျော်သေဆုံးနေတဲ့ Coronavirus ပိုးကူးစက်နေမှုကို နိုင်ငံတကာအဆင့် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဆင့် သတ်မှတ်ဖို့ မလိုသေးဘူးလို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကြာသပတေးနေ့က ဆုံးဖြတ်ခဲ့ပါတယ်။
လူသေဆုံးတဲ့အထိ ကူးစက်နေတဲ့ Coronavirus အန္တရာယ်ကို တရုတ်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေ သတိထားကြဖို့ မြန်မာသံရုံးက သတိပေးလိုက်ပါတယ်။
တရုတ်နိုင်ငံမှာ Coronavirus ပျံ့ပွားမှုကြောင့် သေဆုံးသူ အရေအတွက်ဟာ အခုနောက်ဆုံး ၁၇ ယောက်အထိ ရှိသွားပြီးဖြစ်ကြောင်း တရုတ်အစိုးရက ဒီနေ့ပဲ ကြေညာလိုက်ပါတယ်။ သေဆုံးသူ အရေအတွက် သိသိသာသာ တိုးလာတာကိုတော့ တရုတ်ကျန်းမာရေး ကော်မရှင်ရဲ့ ထုတ်ပြန်ချက်က ဖော်ပြခဲ့တာပါ။
ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည် ကလေးတွေကို ပညာရေးအကူအညီပေးဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရကို နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တခုဖြစ်တဲ့ Amnesty International က တိုက်တွန်းလိုက်ပါတယ်။
လူ ၉ ယောက် သေဆုံးပြီး၊ တရုတ်နိုင်ငံနဲ့ ပြည်ပနိုင်ငံတွေမှာပါ လူပေါင်းရာချီ ကူးစက်ခံနေရတဲ့ coronavirus ပျံ့ပွားမှုနဲ့ ပတ်သက်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဒီကနေ့ အရေးပေါ် အစည်းအဝေး ခေါ်ယူထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်