အမေရိကန် သမ္မတ Donald Trump အစိုးရရဲ့ အငြင်းပွားဖွယ် ပြည်ဝင်ခွင့် ထိန်းချုပ် ကန့်သတ်မယ့် နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်တယ်လို့ အင်္ဂါနေ့ထုတ် သတင်းတွေကို ကိုးကားပြီး ရိုက်တာ သတင်းက ဖော်ပြပါတယ်။
သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်အပေါ် တရားစွဲဆိုထားတာကို အထက်လွှတ်တော်မှာ ကြားနာစစ်ဆေးဖို့ အင်္ဂါနေ့က စတင် လုပ်ဆောင်နေပြီဖြစ်ပါတယ်။
တရုတ်နိုင်ငံအလယ်ပိုင်း Wuhan မြို့မှာ ပြန့်နှံ့ဖြစ်ပွားနေတဲ့ ဗိုင်းရပ်စ်ပိုးအသစ်တမျိုး အမေရိကန်ပြည်ထောင်စုမှာ ပထမဆုံး ကူးစက်ခံရတဲ့အကြောင်း အမေရိကန်တာဝန်ရှိသူတွေက အင်္ဂါနေ့မှာပြောပါတယ်။
ICOE ရဲ့ အပြီးသတ်အစီရင်ခံစာမှာ ဖော်ပြထားတဲ့ ကျူးလွန်မှုတွေကို ဆက်လက် စုံစမ်းစစ်ဆေးပြီး တရားစွဲဆိုဖို့ နိုင်ငံတော်သမ္မတက ကော်မရှင်ရဲ့ အစီရင်ခံစာအပြည့်အစုံကို နောက်ဆက်တွဲတွေနဲ့အတူ ပြည်ထောင်စုရှေ့နေချုပ်ရုံးကို ပေးပို့ပြီးဖြစ်တယ်လို့ နိုင်ငံတော်သမ္မတရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကုန်သွယ်ရေးသဘောတူညီချက်ကြီးနှစ်ခု ရရှိခဲ့တာကိုထောက်ပြပြီး၊ အမေရိကန်ပြည်ထောင်စုအနေနဲ့ အရင်တခါမှ မကြုံစဖူး အနိုင်ရမှုတွေ ထပ်ရနေပြီဆိုပြီး အမေရိကန်သမ္မတ Donald Trump က ဆွီဇာလန်နိုင်ငံ Davos မှာ ကျင်းပနေတဲ့ အခု အင်္ဂါနေ့ ကမ္ဘာ့စီးပွားရေးဖိုရမ် အဖွင့်မိန့်ခွန်းမှာ ပြောဆိုသွားပါတယ်။
သတင်း အကျဉ်းချုပ် (၀၁-၂၁-၂၀၂၀)
မြန်မာနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှု လုပ်ရပ်တွေ ဆက်ပြီး မဖြစ်အောင် တားဆီးရေး ကြားဖြတ်လိုက်နာ လုပ်ဆောင်ရမယ့် အချက်တွေ ချမှတ်ဖို့ ဂမ်ဘီယာနိုင်ငံရဲ့ လျှောက်ထားချက်အပေါ် လာမယ့် ကြာသာပတေးနေ့မှာ ICJ တရားရုံးက ဆုံးဖြတ်ချက်ချမှာဖြစ်တဲ့အတွက် မြန်မာကိုယ်စားလှယ် အဖွဲ့ နယ်သာလန်နိုင်ငံကို ထွက်ခွာသွားပါတယ်။
ဆွစ်ဇာလန်နိုင်ငံ Davos မြို့ကို ဒီသီတင်းပတ် အတွင်း အမေရိကန် သမ္မတ Donald Trump သွားရောက်မယ့် ခရီးစဉ်အတွင်း အီရတ် သမ္မတနဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ အိမ်ဖြူတော်က တနလာၤနေ့မှာ ပြောပါတယ်။
ဇန်နဝါရီလ ၂၀ ရက်၊ တနင်္လာနေ့ဟာ အမေရိကန်ပြည်ထောင်စုက ပြည်သူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ဒေါက်တာ Martin Luther King, Jr. နေ့ နိုင်ငံတော် အားလပ်ရက်ဖြစ်ပါတယ်။ နှစ်စဉ် ဇန်နဝါရီလရဲ့ တတိယမြောက် တနင်္လာနေ့ကို ဒေါက်တာ Martin Luther King, Jr. နေ့အဖြစ် သတ်မှတ်ထားတာပါ။
အမေရိကန် ပြည်ထောင်စု အရှေ့တောင်ပိုင်း ဗာဂျီးနီးယား ပြည်နယ်ရဲ့ မြို့တော်မှာ တနလာၤနေ့က အရပ်သား လက်နက်ကိုင် အဖွဲ့အစည်းက အဖွဲ့ဝင်တွေ အပါအဝင် သေနတ်ကိုင်ဆောင်ခွင့်ကို ထောက်ခံတဲ့ တက်ကြွလှုပ်ရှားသူတွေ ငြိမ်းချမ်းစွာ စုဝေးခဲ့ကြပြီး သေနတ်ကိုင်ဆောင်ခွင့် ထိန်းချုပ်ရေး ဥပဒေ အဆိုပြုချက်တွေကို ကန့်ကွက်ခဲ့ကြပါတယ်။
ရခိုင်၊ ရှမ်းနဲ့ ကချင်ပြည်နယ်က ကလေးသူငယ်တွေဟာ ပဋိပက္ခတွေရဲ့ဒဏ်ကို ကြီးမားစွာ ခံစားနေကြရတာကြောင့် ကလေးသူငယ်တွေအပေါ် ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေ ဟန့်တားနိုင်အောင် တပ်မတော်၊ အစိုးရလုံခြုံရေးတပ်ဖွဲ့နဲ့ ပါဝင် ပတ်သက်နေသူအားလုံးက ကုလနဲ့ လက်တွဲလုပ်ဆောင်ဖို့ လိုကြောင်း အထူးကိုယ်စားလှယ် Ms. Gamba က ပြောပါတယ်။
တရုတ်နိုင်ငံ အလယ်ပိုင်းက Wuhan မြို့မှာ အသက်ရူလမ်းကြောင်းထိခိုက်နိုင်တဲ့ Coronavirus ပိုး နောက်ထပ်ကူးစက်သူ ပြီးခဲ့တဲ့ ၃ ရက်အတွင်း ၁၃၆ ယောက်ရှိခဲ့တယ်လို့ တရုတ်ကျန်းမာရေး တာဝန်ရှိသူတွေ အတည်ပြုပြောလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် လူမျိုးတုံးသတ်ဖြတ်ခဲ့တယ်ဆိုတဲ့ အထောက်အထားမတွေ့ရဘူးလို့ ရခိုင်အရေးနဲ့ပတ်သက်လို့ မြန်မာအစိုးရ ဖွဲ့စည်းထားတဲ့ လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးကော်မရှင်က ပြောကြားလိုက်ပါတယ်။
လစ်ဗျားနိုင်ငံမှာ တိုက်ပွဲတွေ အရှိန်မြင့်လာတာကို တားဆီးနိုင်ဖို့ဆိုရင် လစ်ဗျားမှာရှိတဲ့ ပြိုင်ဘက်အုပ်စု နှစ်ခုစလုံးကို စစ်ရေးထောက်ပံ့မှုတွေ ရပ်ဆိုင်းထားဖို့နဲ့ ကုလသမဂ္ဂက ချမှတ်ထားတဲ့ လက်နက်ရောင်းချမှု ပိတ်ပင်ရေး သဘောတူညီချက်ကို လေးစားလိုက်နာဖို့ ကမ္ဘာ့ခေါင်းဆောင်တွေကြား တနင်္ဂနွေနေ့က သဘောတူလိုက်ကြပါတယ်။
၂၀၂၄ ခုကျရင် သမ္မတသက်တမ်း ကုန်ဆုံးတော့မယ် ဆိုပေမယ့် အာဏာကို ဆက်လက်ထိန်းချုပ်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ ဝေဖန်မှုတွေအပေါ် ရုရှားသမ္မတ Vladimir Putin က ငြင်းဆိုလိုက်ပါတယ်။
တရုတ်တနိုင်ငံတည်း မူဝါဒကို ထောက်ခံကြောင်းနဲ့ ထိုင်ဝမ်ဟာ တရုတ်ကနေ ခွဲထွက်မရတဲ့ အစိတ်အပိုင်းအဖြစ် သုံးနှုန်းထားတဲ့ တရုတ် - မြန်မာ နှစ်နိုင်ငံ ပူးတွဲ ကြေညာချက်ကို အပြင်းအထန် ကန့်ကွက်ကြောင်း ထိုင်ဝမ် နိုင်ငံခြားရေးဌာနက တနင်္ဂနွေနေ့မှာ ကြေညာချက် ထုတ်ပါတယ်။
တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟမ်မြို့မှာ ဖြစ်ပွားနေတဲ့ ကူးစက်ရောဂါ ဗိုင်းရပ်စ်တမျိုးကြောင့် တရုတ်နိုင်ငံကနေ အမေရိကန်ပြည်ထောင်စုကို လာမယ့် ခရီးသည်တွေကို အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်၊ ဆန်ဖရန်စစ္စကိုနဲ့ နယူးယောက်မြို့တွေမှာ ဗိုင်းရပ်စ်ရောဂါပိုး ရှိမရှိဆိုတာကို စမ်းသပ်စစ်ဆေးတာတွေ လုပ်ဆောင်နေပါတယ်။
ဗိုင်းရပ်စ်ပိုးသစ်တမျိုး ပျံ့နှံ့ဖြစ်ပွားနေတဲ့ တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟမ်မြို့မှာ ရောဂါပိုး ကူးစက်ခံရသူ နောက်ထပ်လေးဦး တိုးလာတဲ့အကြောင်း ဒေသဆိုင်ရာ ကျန်းမာရေး တာဝန်ရှိသူတွေက စနေနေ့မှာ ပြောပါတယ်။
မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Ri Yong Ho ရဲ့ ရာထူးကို အစားထိုးလိုက်ကြောင်း တောင်ကိုရီးယားအခြေစိုက် NK သတင်းက စနေနေ့မှာ ဖော်ပြပါတယ်။
ရခိုင်ပြည်နယ်ကနေ နေရပ်စွန့်ခွာသူတွေကို ပြန်လည်လက်ခံရေး၊ ပြန်လည် နေရာချထားရေးအတွက် တတ်နိုင်သလောက် ဆက်လက် ကူညီသွားမယ်လို့ တရုတ်ဘက်က ကတိပြုလိုက်သလို ဘင်္ဂလားဒေရှ့်ဘက် ရောက်နေတဲ့ မြန်မာနိုင်ငံက လူတွေကို ပြန်လည်လက်ခံမယ်လို့ မြန်မာဘက်က ထပ်ပြီး ကတိပြုလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်