Facebook မှာ တရုတ်သမ္မတ Xi Jinping ရဲ့နာမည်ကို မြန်မာဘာသာကနေ အင်္ဂလိပ်ဘာသာကို ပြန်ဆိုတဲ့အခါ အိမ်သာကျင်းလို့ အဓိပ္ပာယ်ထွက်မယ့် အင်္ဂလိပ်စကားလုံးနဲ့ မှားယွင်း ဘာသာပြန်ဆိုချက် ထွက်ခဲ့တဲ့အပေါ် Facebook ကုမ္ပဏီက စနေနေ့မှာ တောင်းပန်လိုက်ပါတယ်။
ရုရှားနိုင်ငံဟာ ကမ္ဘာတဝှမ်းမှာရှိတဲ့ ပြည်ပနိုင်ငံတွေကို လက်နက်ရောင်းချမှုတွေ အလျှင်အမြန် တိုးချဲ့လုပ်ဆောင်လာနေတယ်လို့ ရုရှား ဒုတိယကာကွယ်ရေးဝန်ကြီး Alexander Fomin က ပြောလိုက်ပါတယ်။
တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး နှစ် ၇၀ ပြည့် အထိမ်းအမှတ်နဲ့ မြန်မာနိုင်ငံကို ၂ ရက်တာ ခရီးစဉ်နဲ့ ရောက်ရှိနေတဲ့ တရုတ်သမ္မတ Xi Jinping ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံပြီး နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ဖို့ ပူးပေါင်းလုပ်ကိုင်သွားရေး ဆွေးနွေးခဲ့ကြပါတယ်။
အစ္စလာမ်ဘာသာကို စော်ကားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ခရစ်ယာန်ဘာသာဝင် Asia Bibi ကို တရားရုံးက ၂၀၁၈ ခုနှစ်မှာ ပြန်လွတ်ပေးခဲ့တာကို ကန့်ကွက်ဆန္ဒပြပွဲမှာ ပါဝင်ခဲ့သူ အစ္စလာမ်ဘာသရေး တက်ကြွလှုပ်ရှားသူ ၈၀ ကျော်ကို ပါကစ္စတန်တရားရုံးက ထောင်ဒဏ် ၅၅ နှစ်စီ အသီးသီး ချမှတ် အပြစ်ပေးလိုက်ပါတယ်။
အီရတ်မှာ အမေရိကန်တပ်ဖွဲ့တွေ စခန်းချတဲ့ လေတပ်အခြေစိုက်စခန်းနှစ်ခုကို အီရန်က ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်တာ ခံရပြီးတဲ့နောက် တပ်ဖွဲ့ဝင် ၁၁ ဦးဟာ ဦးခေါင်းထိခိုက်တဲ့ ရောဂါလက္ခဏာတွေနဲ့ ဆေးကုသမှု ခံယူခဲ့ရတယ်လို့ အမေရိကန် စစ်ဘက်ကပြောပါတယ်။
သမ္မတ Trump ဘက်က ခုခံထွက်ဆိုပေးမယ့် ဥပဒေအကျိုးဆောင်အဖွဲ့ထဲမှာ Harvard တက္ကသိုလ်က ဥပဒေပါမောက္ခဟောင်း Alan Dershowitz နဲ့ သမ္မတဟောင်း Bill Clinton ရဲ့ Whitewater အမှုကို စုံစမ်း စစ်ဆေးခဲ့တဲ့ သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးမှူးဟောင်း Ken Starr တို့ ၂ ဦးပါ ပါဝင်မှာ ဖြစ်ပါတယ်။
နေပြည်တော်မှာ ရောက်ရှိနေတဲ့ တရုတ်သမ္မတ Xi Jinping ကို နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံတို့ ကြိုဆို တေ့ွဆုံခဲ့ကြပါတယ်။ တရုတ်မြန်မာဆက်ဆံရေး အနှစ် ၇၀ ပြည့်အထိမ်းအမှတ်နဲ့ တရုတ်သမ္မတ Xi Jinping မြန်မာနိုင်ငံကို ဒီကနေ့ ရောက်ရှိလာခဲ့တာပါ။
ထိုင်းနိုင်ငံအတွင်း မြန်မာနိုင်ငံသား ၇၀ နီးပါးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးပြီးတဲ့နောက် တရားရုံးတင် စစ်ဆေးပြီး ပြည်နှင်ဒဏ်ပေးခဲ့ပါတယ်။
အီရန်က ဒုံးကျည်နဲ့ပစ်ချလိုက်တဲ့ ယူကရိန်း နိုင်ငံတကာလေကြောင်းလိုင်း ခရီးသည်တင်လေယာဉ်ပေါ်ပါ သေဆုံးသွားသူတွေရဲ့ သက်ဆိုင်ရာနိုင်ငံငါးနိုင်ငံက ဒီဖြစ်ရပ်ကို အများပြည်သူသိရှိရတဲ့ စုံစမ်းစစ်ဆေးမှုလုပ်ဖို့နဲ့ ကျန်ရစ်သူ မိသားစုတွေကို နစ်နာကြေး ပေးဖို့ အီရန်နိုင်ငံကို တောင်းဆိုလိုက်ကြပါတယ်။
တရုတ်နိုင်ငံမှာ အမျိုးအမည် မသိ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားခဲ့တဲ့ ရောဂါ ဂျပန်နိုင်ငံမှာလည်း ဖြစ်ပွားခဲ့တယ်လို့ ဂျပန် အာဏာပိုင်တွေက ကြာသပတေးနေ့က အတည်ပြု ပြောကြားခဲ့ပါတယ်။ ဒီ ဗိုင်းရပ်စ်ဟာ အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါဖြစ်တဲ့ SARS ရောဂါကို ဖြစ်ပွားစေတဲ့ ဗိုင်းရပ်စ်ပိုး အနွယ်ထဲက ဖြစ်ပါတယ်။
မြောက်အမေရိက ကုန်သွယ်ရေး သဘောတူညီချက်သစ်တစ်ရပ်ကို အမေရိကန် အထက်လွှတ်တော်က ကြာသပတေးနေ့က အတည်ပြု လိုက်တာကြောင့် ဒီ သဘောတူညီချက်ဟာ သမ္မတ ဒေါ်နယ်ထရမ့်အတွက် အဓိက အောင်မြင်မှု တစ်ခုဖြစ်လာခဲ့ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ကမ္ဘာမှာထင်ရှားတဲ့ အမျိုးသမီးခေါင်းဆောင်တွေရဲ့ မျက်နှာမှာ ဖူးယောင်ဒဏ်ရာရထားတာမျိုး ရေးဆွဲထားတဲ့ ပိုစတာတွေကို လမ်းဘေးနံရံမှာကပ်ထားတဲ့ လမ်းဘေးအနုပညာလှုပ်ရှားမှုတခုကို မီလန်မြို့မှာ စတင်လုပ်ဆောင်နေတဲ့အကြောင်း AFP သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ခံမှုရှိရေး နိုင်ငံတကာရဲ့ ကြိုးပမ်းမှုတွေကို တရုတ်နိုင်ငံက ဟန့်တားတာတွေ မလုပ်ဖို့နဲ့ မြန်မာနိုင်ငံက ဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ ပွင့်လင်းမြင်သာမှုရှိရေး နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့တခုဖြစ်တဲ့ AI က တိုက်တွန်းလိုက်ပါတယ်။
(Zawgyi/ Unicode) အမေရိကန် သမ္မတ Donald Trump ကို တရားစွဲဆိုထားတဲ့ အမှု အထက်လွှတ်တော်မှာ ကြားနာစစ်ဆေးတဲ့အခါ အောက်လွှတ်တော် ကိုယ်စား တရားလိုအဖြစ် ဆောင်ရွက်ဖို့ အောက်လွှတ်တော်ဥက္ကဌ Nancy Pelosi က ရွေးချယ်ထားသူ ၇ ဦးကို အောက်လွှတ်တော်မှာ မနေ့ ဗုဒ္ဓဟူးနေ့က မဲခွဲ အတည်ပြုပေးလိုက်ပါပြီ။
(Zawgyi/ Unicode) ရိုဟင်ဂျာ ဒုက္ခသည်တွေ ကိုယ့်သဘောနဲ့ကိုယ် ဘေးကင်းလုံခြုံစွာ နေရပ်ပြန်ပြီး ရေရှည် ရပ်တည်နိုင်မယ့် အခြေအနေမျေိုး ဖန်တီးပေးရေး ICRC နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ အနေနဲ့ မြန်မာနိုင်ငံနဲ့ လက်တွဲ ဆောင်ရွက်ပေးဖို့ ဘင်္ဂလားဒေ့ရှ် တိုက်တွန်း
(Zawgyi/ Unicode) ရုရှားနိုင်ငံမှာ ဝန်ကြီးချုပ် Dmitry Medvedev ဟာ သူ့ရဲ့ ဝန်ကြီးအဖွဲ့ နုတ်ထွက်လွှာကို တရားဝင် တင်သွင်းလိုက်ပါတယ်။
၂၀၁၅ ခုနှစ်ကရရှိထားတဲ့ အီရန် Nuclear သဘောတူညီချက်ရဲ့ ရှေ့ရေးဟာ ဥရောပအပေါ် မူတည်နေတယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif ကဒီကနေ့ ပြောကြားလိုက်ပါတယ်။
ဒီမိုကရက်ပါတီသမ္မတလောင်းတွေရဲ့ စကားစစ်ထိုးပွဲကို စိုက်ပျိုးရေးနယ်မြေဖြစ်တဲ့ အိုင်အိုဝါပြည်နယ်မှာ အင်္ဂါနေ့က ကျင်းပခဲ့ပါတယ်။နိုဝင်ဘာမှာ လုပ်မယ့် ရွေးကောက်ပွဲမှာ ရီပါဘလစ်ကန် သမ္မတ Donald Trump ကို အနိုင်ရအောင် နိုင်ငံရေးအရ ဘယ်လိုလုပ်မလဲဆိုပြီး ကိုယ်စားလှယ်လောင်း အသီးသီးက တင်ပြခဲ့ကြပါတယ်။
ရှမ်း၊ ကချင်၊ ကရင်နဲ့ ရခိုင်ပြည်နယ်က လူနည်းစု တိုင်းရင်းသားတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးဖို့ နိုင်ငံတကာက တောင်းဆိုတာကို မြန်မာအစိုးရဟာ ၂၀၁၉ မှာ ဆက်ပြီး အန်တုခဲ့တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ HRW က ပြောပါတယ်။
ကုလသမဂ္ဂ ဒဏ်ခတ်ပိတ်ဆို့မှုကို ချိုးဖောက်ပြီး အလုပ်သမား တင်ပို့မှု အတွက် မြောက်ကိုရီးယား လုပ်ငန်းကြီး ၂ ခုကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်လိုက်ပါတယ်။ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက အင်္ဂါနေ့ထုတ် ကြေညာချက်ထဲမှာတော့ Korea Namgang Trading Corp (NTC) နဲ့ Beijing Sukbakso လုပ်ငန်းကြီးတွေလို့ ဖော်ပြပါတယ်။
နောက်ထပ်ကြည့်ရှုရန်