သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်ကို အရေးယူဖို့ အောက်လွှတ်တော်က စွဲချက်တင်ထားတဲ့အပေါ် လာမယ့်သီတင်းပတ် အစောပိုင်း မှာ စပြီး အထက်လွှတ်တော်မှာ တရားစစ်ဆေးမယ်လို့ အထက်လွှတ်တော် လူများစုခေါင်းဆောင် Mitch McConnell က အင်္ဂါနေ့မှာ ပြောပါတယ်။
ထိုင်းနဲ့ အင်ဒိုနီးရှား နှစ်နိုင်ငံအကြား ထောက်လှမ်းရေး သတင်းအချက်အလက် အပြန်အလှန်ဖလှယ်ရေးဆိုင်ရာ သဘောတူညီ ချက်ကို နှစ်နိုင်ငံ စစ်ဘက်အကြီးအကဲတွေ အင်္ဂါနေ့က လက်မှတ်ရေးထိုးလိုက်ကြပါတယ်။
ကမ္ဘာ့ဘဏ်က အစီရင်ခံစာသစ် ထုတ်ပြန်ရာမှာ မြန်မာ့စီးပွားရေးနှေးကွေးနေပြီး၊ ပြည်တွင်း မရေရာမူတွေဆက်ရှိနေပေမယ့် စီးပွားရေးကြံကြံခံနိုင်မူနဲ့ ဆက်ရပ်တည်နေနိုင်တယ်လို့ ထောက်ပြလိုက်ပါတယ်။
မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဟာ တာဝန်သက်တမ်း မကုန်ဆုံးခင် နောက်ဆုံးအကြိမ်အဖြစ် ဘင်္ဂလားဒေ့ရှ်နဲ့ ထိုင်းနိုင်ငံတွေကို ဒီသီတင်းပတ်ကစလို့ သီတင်းတပတ်ကြာ သွားရောက်မှာဖြစ်ပါတယ်။
ပါကစ္စတန်အုပ်ချုပ်တဲ့ Kashmir ဒေသမှာ ရေခဲတောင် ပြိုကျတဲ့အတွက် အနည်းဆုံး လူ ၅၇ ဦးသေဆုံးပြီး လူတချို့ ပျောက်ဆုံးနေတယ်လို့ အစိုးရ တာဝန်ရှိသူတွေက ဒီကနေ့ပြောပါတယ်။
အီရန်နိုင်ငံအနေနဲ့ ယူကရိန်းခရီးသည်တင်လေယာဉ်ကို မှားယွင်းပစ်ချခဲ့မူအတွက် လိုအပ်တဲ့ အရေးယူမူတွေ စလုပ်နေပြီလို့ ဒီနေ့ ထုတ်ပြောလိုက်ပါတယ်။
၉၂ ကြိမ်မြောက် အမေရိကန် အော်စကာဆု အတွက် ဆန်ခါတင် စာရင်းတွေ တနလာၤနေ့က ထွက်ပေါ်လာချိန်မှာတော့ ဒါရိုက်တာ Todd Philils ရဲ့ Joker ရုပ်ရှင်က အော်စကာ ဆန်ခါတင်ဆု ၁၁ ခုနဲ့ ထိပ်ဆုံးက ပြေးနေပါတယ်။
ဗြိတိန် တော်ဝင် မင်းသား Harry နဲ့ ဇနီးဖြစ်သူ Meghan တို့ရဲ့ ရှေ့ရေးနဲ့ ပတ်သက်ပြီး အပြီးသတ် ဆုံးဖြတ်နေချိန် အတွင်းမှာ သူတို့နှစ်ဦး အနေနဲ့ ဗြိတိန်နဲ့ ကနေဒါကြား အချိန်မျှ နေထိုင်ဖို့ ခွင့်ပြုမယ်လို့ Elizabeth ဘုရင်မကြီးက တနလာၤနေ့မှာ ပြောပါတယ်။
ပြီးခဲ့တဲ့ လတုန်းက ပင်လယ်ပြင်မှာ မြန်မာ ရေတပ်က ဖမ်းဆီးခဲ့တဲ့ ရိုဟင်ဂျာ မူဆလင် ၂၀၀ နီးပါးကို ရခိုင်ပြည်နယ်ထဲ ပြန်ပို့ခဲ့ပြီး ဖြစ်ကြောင်း တနလာၤနေ့မှာ တာဝန်ရှိသူတွေရဲ့ အပြောကို ကိုးကားပြီး AFP သတင်းက ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိဖော်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေအတွက် လူ့စွမ်းအား အရင်းအမြစ် လိုအပ်နေတာကြောင့် ပြည်ပရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ ပါဝင်ကူညီပုံပိုး အကျိုးပြုကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဖိတ်ခေါ်ခဲ့တဲ့အတွက် အခုလို ကြေညာချက် ထုတ်ပြန်တာလို့ ဆိုပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ စစ်ပညာသင်နေတဲ့ Saudi Arabia စစ်မှုထမ်း ၂၀ ကျော်ကို အမေရိကန်အစိုးရက နေရပ်နိုင်ငံပြန်ပို့မယ့်အကြောင်း ကြေညာဖို့ ရှိနေပါတယ်။
အမေရိကန်နဲ့ အီရန်ကြားတင်းမာနေချိန်မှာ အီရန်နဲ့ဆွေးနွေးနိုင်မယ့်အလားအလာအပေါ် သူ့ဘက်ကတော့ စိတ်မဝင်စားဘူးလို့ အမေရိကန်သမ္မတ Donald Trump ကပြောကြားလိုက်ပါတယ်။
ဗီယက်နမ်နိုင်ငံဟာ ၂၀၂၀ ခုနှစ်ထဲ အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ စီးပွားရေး အလျှင်မြန်ဆုံး တိုးတက်လာလိမ့်မယ်လို့ ဗြိတိသျှပိုင် HSBC ဘဏ်အုပ်စုက ခန့်မှန်းထားပါတယ်။
လစ်ဗျား စင်ပြိုင်အစိုးရတွေကြား အပစ်အခတ်ရပ်စဲဖို့ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ညှိနှိုင်းခဲ့ကြပြီး တနင်္ဂနွေ ညသန်းခေါင်မှာ စတင် သက်ရောက်ပါတယ်။
နိုင်ငံတကာ အခွင့်အရေးလှုပ်ရှားမှု အဖွဲ့ဖြစ်တဲ့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူးကို ဟောင်ကောင်က ပြည်ဝင်ခွင့် မပေးခဲ့ကြောင်း HRW က တနင်္ဂနွေနေ့မှာ ပြောပါတယ်။
အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တော် မြောက်ပိုင်းက စစ်တပ် အခြေစိုက်စခန်းတခုကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခံရမှုအတွင်း အီရတ်စစ်သား ၄ ဦး ဒဏ်ရာရခဲ့ကြောင်း စစ်တပ်က တနင်္ဂနွေနေ့မှာ ပြောပါတယ်။
လူပေါင်း ၁၇၆ ယောက် လိုက်ပါခဲ့တဲ့ ယူကရိန်း ခရီးသည်တင်လေယာဉ်ကို မှားယွင်းပြီး ပစ်ချခဲ့ကြောင်း ဝန်ခံခဲ့တဲ့ အီရန်စစ်တပ်ကို ဆန့်ကျင်တဲ့ ဒုတိယမြောက်နေ့အဖြစ် အီရန်နိုင်ငံမှာ တနင်္ဂနွေနေ့ညက အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဖြစ်ခဲ့ပါတယ်။
တိုင်ဝမ်ရွေးကောက်ပွဲမှာ သမ္မတ ဆိုင်အင်ဝမ်း အပြတ်အသတ် အနိုင်ရသွားတဲ့အပေါ်မှာ ထောက်ခံတဲ့အနေနဲ့ ဟောင်ကောင်ဒီမိုကရေစီရေး ဆန္ဒပြသူ ရာပေါင်းများစွာဟာ ဟောင်ကောင်မှာ ဒီကနေ့ စုဝေးချီတက်ခဲ့ကြပါတယ်။
အီရန်တော်လှန်ရေးအစောင့်တပ်က ယူကရိန်း ခရီးသည်တင်လေယာဉ်ကို မှားယွင်းပြီးတော့ ပစ်ချလိုက်တယ်လို့ ဝန်ခံလိုက်ပြီးတဲ့နောက် အီရန်နိုင်ငံတဝှမ်းမှာ ဆန္ဒပြတာတွေ ဖြစ်လာနေပြီး မြို့တော် တီဟီရန်မှာတော့ အီရန်အစိုးရက လုံခြုံရေးတွေ တိုးမြှင့်ချထားလိုက်ပါတယ်။
တရုတ်နဲ့ အမေရိကန်အကြား တနှစ် နှစ်ကြိမ် ကျင်းပတဲ့ ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲတွေ ပြန်စဖို့ နှစ်နိုင်ငံ သဘောတူလိုက်ကြပါပြီ။ နှစ်နိုင်ငံကြား ကုန်သွယ်ရေးပဋိပက္ခ အရှိန်မြင့်တက်ခဲ့တာနဲ့အမျှ သမ္မတ Donald Trump အစိုးရသက်တမ်းအစမှာ ဒီဆွေးနွေးပွဲတွေကို ရပ်ထားတာပါ။
နောက်ထပ်ကြည့်ရှုရန်