၂၀၁၅ ခုနှစ်က အီရန်နိုင်ငံနဲ့ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေကြား ချုပ်ဆိုထားတဲ့ ဘက်စုံ ပူးတွဲလုပ်ငန်း အစီအစဉ်လို့ ဆိုရမယ့် JCPOA နျူကလီးယားအရေး သဘောတူညီချက်ကနေ နုတ်ထွက်ကြဖို့ သမ္မတ Donald Trump က တောင်းဆိုထားတာကို ဥရောပ အင်အားကြီးနိုင်ငံတွေက ပယ်ချထားပါတယ်။
အိန္ဒိယနိုင်ငံ ကိုလ်ကာတာမြို့ကို ဝန်ကြီးချုပ် Narendra Modi လာတာ မကြိုဆိုဘူးဆိုတာကို ပြသတဲ့အနေနဲ့ စနေနေ့က စိတ်ဆိုး ဒေါသထွက်နေတဲ့ ထောင်နဲ့ချီတဲ့ ပြည်သူတွေ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။
ယူကရိန်း ခရီးသည်တင် လေယာဉ်ကို မှားယွင်းပစ်ခတ်ခဲ့ကြောင်း အစ္စလာမ္မစ် တော်လှန်ရေး ပြည်စောင့်တပ် IRGC က ဝန်ခံ ပြောဆိုပါတယ်။
ယူကရိန်း ခရီးသည်တင်လေယာဉ်ကို တီဟီရန်မြို့ အပြင်ဘက်မှာ အီရန်စစ်တပ်က မှားယွင်းပစ်ချခဲ့တာဖြစ်ကြောင်း အီရန်က ဝန်ခံလိုက်ပါတယ်။ ဒီဖြစ်ရပ်ကြောင့် လေယာဉ်ပေါ်ပါ လူ ၁၇၆ ယောက်စလုံး သေဆုံးခဲ့တာပါ။
တရုတ်နိုင်ငံ အလယ်ပိုင်းက ဝူဟန်မြို့မှာ Coronavirus လို့ခေါ်တဲ့ ဗိုင်းရပ်ရောဂါပိုး အသစ်တမျိုးကြောင့် လူတယောက် သေဆုံးသွားတယ်လို့ တရုတ်ကျန်းမာရေး တာဝန်ရှိသူတွေက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။
အိန္ဒိယအုပ်ချုပ်တဲ့ ကက်ရှ်မီးယားဒေသမှာ အင်တာနက်ဆက်သွယ်ရေးကို အကန့်အသတ်မရှိ ဖြတ်တောက်ထားတာဟာ ဥပဒေနဲ့ မညီဘူးလို့ အိန္ဒိယ တရားရုံးချုပ်က သောကြာနေ့မှာ ဆုံးဖြတ်လိုက်တဲ့အကြောင်း ရိုက်တာသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုက အီရန်အပေါ် ပိတ်ဆို့ အရေးယူမှုအသစ်တွေ ထပ်မံ ချမှတ်လိုက်ပြီး အီရန်အနေနဲ့ အကြမ်းဖက်လုပ်ရပ်တွေ ဆက်လုပ်နေဦးမယ်ဆိုရင် တိုင်းပြည်စီးပွားရေးကို ထိခိုက်စေမယ့် ပိတ်ဆို့အရေးယူမှုတွေ ထပ်မံ ချမှတ်သွားမယ်လို့ ခြိမ်းခြောက် ပြောဆိုလိုက်ပါတယ်။
အောက်လွှတ်တော်က ဆုံးဖြတ်ထားတဲ့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်အပေါ် စွဲချက်တွေကို လာမယ့်သီတင်းပတ်မှာ အထက် လွှတ်တော်ကိုပေးပို့ရေး လုပ်ဆောင်မယ်လို့ အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi က သောကြာနေ့မှာပြောပါတယ်။
တိုင်ဝမ်ကျွန်းမှာ သမ္မတနဲ့ လွှတ်တော်ရွေးကောက်ပွဲတွေအတွက် ဒီကနေ့ စနေနေ့ မဲပေးကြမှာဖြစ်ပြီး လွတ်လပ်ပြီး တရားမျှတ တဲ့ ရွေးကောက်ပွဲတွေဖြစ်ဖို့ အမေရိကန်က အလေးထား တိုက်တွန်းပါတယ်။
အီရန်တပ်မှူး Qassem Soleimani ကို အမေရိကန်က အဝေးထိန်းဒရုံးယာဉ်ကနေ ဒုံးကျည်နဲ့ပစ်ပြီး လုပ်ကြတဲ့တနေ့ထဲမှာပဲ ယီမင်က အီရန် ထိပ်တန်းတပ်မှူးတဦးကိုလည်း လုပ်ကြံဖို့ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ အမေရိကန်သတင်းမီဒီယာတွေ ထုတ်လွှင့် ဖော်ပြနေကြပါတယ်။
ယူကရိန်းခရီးသည်တင်လေယာဉ်ကို တီဟီရန်မြို့အပြင်မှာ ပစ်ချလိုက်တယ်ဆိုတဲ့ စွပ်စွဲပြောဆိုမှုတွေကို အီရန်က ငြင်းဆိုလိုက်ပြီး အမေရိကန်နဲ့ ကနေဒါတို့အနေနဲ့ လေယာဉ်ပေါ်ပါသွားတဲ့ ခရီးသည် ၁၇၆ ယောက်စလုံး သေဆုံးခဲ့ရတဲ့ အဲဒီဖြစ်စဉ်ကို သက်သေပြနိုင်ရင် ပြကြဖို့ ပြောကြားလိုက်ပါတယ်။
အင်ဒိုနီရှားနိုင်ငံ ဂျကာတာမြို့တော်ကို ရောက်ရှိနေတဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးနဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံမှုအတွင်း ရခိုင်ပြည်နယ်အရေးကိစ္စအပါအဝင် နိုင်ငံတကာရေးရာတွေကို ဆွေးနွေးခဲ့ကြပါတယ်။
အမေရိကန်သမ္မတ Donald Trump က တောင်ကိုရီးယားကတဆင့် မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ရဲ့ မွေးနေ့အတွက် ဆုတောင်းစကား ပါးခဲ့ပါတယ်။
တရုတ်သမ္မတ Xi Jinping ဟာ ရှေ့သီတင်းပတ်နှောင်းပိုင်း မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဒီကနေ့ပဲ အတည်ပြုလိုက်ပါတယ်။
ယူကရိန်းလေကြောင်းလိုင်းက ခရီးသည်တင်လေယာဉ်ကို အီရန်က မတော်တဆ ပစ်ချလိုက်တာမျိုး ဖြစ်နိုင်ခြေရှိတယ်ဆိုတဲ့ အပေါ် သံသယရှိတဲ့သဘောမျိုး သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က လူသိရှင်ကြား ပြောပါတယ်။
တရုတ်နိုင်ငံ အလယ်ပိုင်း ဝူဟန်ပြည်နယ်မှာ လူနာ ၅၀ ကျော်မှာ တွေ့ရှိရတဲ့ pneumonia ရောဂါဟာ အရင်က မသိရှိခဲ့ရတဲ့ ဗိုင်းရပ်စ် တစ်မျိုးကြောင်း ဖြစ်ပွားခဲ့တာ ဖြစ်နိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြောပါတယ်။
ထိုင်းတောင်ပိုင်းက လူဝင်မှုကြီးကြပ်ရေးအချုပ်ခန်းဖောက်ပြီး ထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာမူဆလင်တဖွဲ့ကို ကူညီရှာဖွေပေးဖို့ ထိုင်းနိုင်ငံက မလေးရှားနိုင်ငံကို အကူအညီတောင်းလိုက်ပါတယ်။
(Zawgyi/ Unicode) Pew သုတေသနဌာနက ကောက်ယူတဲ့ လူထု သဘောထား စစ်တမ်းတစ်ခုအရ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ ကမ္ဘာ့နိုင်ငံတွေ က ပြည်သူတွေရဲ့အမြင်မှာ အကောင်းမြင် မခံရပေမဲ့ အမေရိကန် ပြည်ထောင်စု အနေနဲ့ကတော့ ယေဘုယျ အားဖြင့် အကောင်းမြင် ခံရတယ်လို့ဆိုပါတယ်။
(Zawgyi/ Unicode) အီရတ်နိုင်ငံ ဘဂ္ဂဒက် မြို့တော်က အမေရိကန် သံရုံးနားမှာ မကြာခင် အချိန်ပိုင်း အတွင်းက ဒုံးကျည်တွေ ကျရောက်ပေါက်ကွဲတယ်လို့ CNN အပါအဝင် အမေရိကန် အခြေစိုက် သတင်းဌာနတွေက ထုတ်လွင့် ဖော်ပြနေကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်