(Zawgyi/ Unicode ) ၂၀၁၉ ခုနှစ်ဟာ အပူချိန် မှတ်တမ်းတင်ဖူးသမျှ ဒုတိယ အပူပြင်းဆုံးနှစ်ဖြစ်ပြီး ဒီ့မတိုင်ခင် အပူပြင်းဆုံးနှစ်ဖြစ်တဲ့ ၂၀၁၆ ခုနှစ်နဲ့ အတူတူနီးပါးလောက် ရှိခဲ့တယ်လို့ ဥရောပသမဂ္ဂ EU ရဲ့ ဥတုရာသီစောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောပါတယ်။
(Zawgyi/ Unicode) ဗြိတိန်နိုင်ငံက တော်ဝင် မင်းသား Harry နဲ့ ကြင်ယာ Meghan တို့ဟာ တော်ဝင် မိသားစုရဲ့ အကြီးတန်း အရေးပါတဲ့ အဖွဲ့ဝင်တွေ အဖြစ်ကနေ နောက်ဆုတ်လိုက်ပြီး အမေရိကန် ပြည်ထောင်စုမှာပဲ အနေများတော့မယ်လို့ ကြေညာကြောင်း AFP သတင်းက ဖော်ပြပါတယ်။
သမ္မတ Trump က သူ့သမ္မတသက်တမ်းတလျှောက် အီရန်ကို နျူကလီးယား လက်နက် ပိုင်ဆိုင်ခွင့် လုံးဝပေးမှာ မဟုတ်ကြောင်း အလေးထား ပြောခဲ့ပါတယ်။ အိမ်ဖြူတော်မှာ ဒုသမ္မတ၊ ကာကွယ်ရေး ဝန်ကြီးနဲ့ စစ်ဦးစီးဗိုလ်ချုပ်ကြီးတွေ ခြံရံပြီး ပြောဆိုခဲ့တဲ့ မိန့်ခွန်းမှာ အီရန်က မစ်ဇိုင်းဒုံးတွေနဲ့ တိုက်ခိုက်မှုအပေါ် ပြစ်တင်ရှုတ်ချခဲ့တာပါ။
အမေရိကန်တပ်ဖွဲ့တွေ အခြေစိုက်ထားတဲ့ အီရတ်နိုင်ငံတွင်းက လေတပ်စခန်း ၂ ခုကို အီရန်နိုင်ငံက ပဲ့ထိန်းတပ်မစ်ဇိုင်းဒုံး ဒါဇင်နဲ့ချီ ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။
ကမ္ဘာမှာ တနေ့တခြား သြဇာအရှိန်အဝါ ကြီးထွားလာနေတဲ့ တရုတ်နိုင်ငံနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကနေ မြန်မာနိုင်ငံအနေနဲ့ ဘယ်လို အကျိုးအမြတ်တွေ မျှော်လင့်နိုင်ပါသလဲ၊ ဆက်ဆံရေးမှာ သတိထားစရာရော ဘာတွေများ ရှိမလဲ ဆိုတာတွေကို ဗွီအိုအေရဲ့ ဇန်နဝါရီလ ၈၊ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ဆွေးနွေးကြရအောင်ပါ။
အီရန်နိုင်ငံ တီဟီရန်မြို့တော် လေယာဉ်ကွင်းကနေ ပျံတက်လာပြီး မကြာခင်မှာပဲ ပျက်ကျသွားခဲ့တဲ့ ယူကရိန်း နိုင်ငံတကာလေကြောင်းပိုင် လေယာဉ်ပေါ်မှာ လိုက်ပါလာသူအားလုံး သေဆုံးသွားကြောင်း ယူကရိန်းသမ္မတ Volodymyr Zelenskiy က ဒီကနေ့ပဲ အတည်ပြု ပြောဆိုလိုက်ပါတယ်။
အမေရိကန် အခြေစိုက် နိုင်ငံတကာ ငွေကြေးဝန်ဆောင်မှု လုပ်ငန်းကြီး ဖြစ်တဲ့ Western Union က မြန်မာ့ တပ်မတော်နဲ့ ပတ်သက်နေတဲ့ မြဝတီဘဏ်နဲ့ တွဲဖက် အလုပ်လုပ်နေတာကို ရပ်ဆိုင်းလိုက်ပါတယ်။
မြန်မာနိုင်ငံနဲ့ ဟောင်ကောင်ကျွန်းတို့က လူ့အခွင့်အရေးနဲ့ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စတွေမှာ အမေရိကန် ပြည်ထောင်စုအနေနဲ့ ဆက်ပြီး ထောက်ပြ ပြောဆိုသွားမှာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန၊ အကြီးတန်း တာဝန်ရှိသူ တဦးက ဇန်နဝါရီ လ ၇ ရက်၊ အင်္ဂါနေ့မှာ ပြောသွားပါတယ်။
ထိုင်းနိုင်ငံ အလယ်ပိုင်းနဲ့ မြောက်ပိုင်း ဒေသတွေမှာ မိုးခေါင်ရေရှားပြီး အခက်တွေ့နေတာကို လျှော့ချ ဖြေရှင်းနိုင်ရေး အတွက် ပြည်သူတွေ အနေနဲ့ ရေပိုက်တွေ ပိတ်ထားကြဖို့နဲ့ ရေချိုးတာ လျှော့ကြဖို့ ထိုင်းဝန်ကြီးချုပ် Prayuth Chan-ocha က အင်္ဂါနေ့မှာ တိုက်တွန်းလိုက်ပါတယ်။
အီရတ်နိုင်ငံမှာ အမေရိကန်တပ်ဖွဲ့တွေ စခန်းချထားတဲ့ al-Asad လေတပ် အခြေစိုက်စခန်းကို သိပ်မကြာခင် အချိန်ပိုင်းအတွင်းက ပဲ ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ပါတယ်။
အမေရိကန်လေကြောင်းတိုက်ခိုက်မှုကြောင့် ပြီးခဲ့တဲ့တပတ်က သေဆုံးသွားတဲ့ အီရန်ထိပ်တန်းတပ်မှူး Qassem Soleimani ရဲ့ ဈာပနအခမ်းအနားမှာ လူနင်းမိလို့သေဆုံးသူ ၄၀ ဦးနဲ့ ဒဏ်ရာရသူ ၂၀၀ ကျော်ရှိကြောင်း အီရန် နိုင်ငံပိုင်သတင်းက ဒီကနေ့ ကြေညာပါတယ်။
အီရတ်နိုင်ငံအတွင်းမှာ အီရန်စစ်ဗိုလ်ချုပ် Qassem Soleimani လုပ်ကြံ သတ်ဖြတ်ခံလိုက်ရပြီးတဲ့နောက် အမေရိကန်ကို လက်စားခြေမယ်လို့ အီရန်ဘက်က ပြောဆိုလိုက်တာကြောင့် နှစ်ဘက်စလုံးက တင်းမာမှုတွေကို လျော့ချကြဖို့ အမေရိကန်ရဲ့မဟာမိတ် ဥရောပနိုင်ငံတွေက တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံက ပညာသင်ကြားသူတွေအတွက် Augmented Reality (AR) လို့ခေါ်တဲ့ 3D ၃ ဘက်မြင် နည်းပညာကို အသုံးပြုပြီး အွန်လိုင်း သင်ထောက်ကူ Application တွေ တီထွင်တဲ့ မြန်မာနိုင်ငံက 360ed ဓါတ်သင်ပုန်းကုမ္ပဏီဟာ ဂျပန် Nikkei သတင်းဌာနကြီးက ချီးမြင့်တဲ့ Nikkei Asian Review Award for Excellence ဆု ရရှိသွားပါတယ်။
နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ စိန်ခေါ် အကဲစမ်းမှု အများအပြားနဲ့ ရင်ဆိုင် ကြုံတွေ့နေရကြောင်း၊ မြောက်ကိုရီးယား အရေး၊ တောင်တရုတ်ပင်လယ်ပြင် ကိစ္စတို့မှာ ဗီယက်နမ်နဲ့ ပူးပေါင်းဆောင်ရွက်လိုတယ်လို့ ဗီယက်နမ်ကို ရောက်ရှိနေတဲ့ ဂျပန်နိုင်ငံခြားရေး ဝန်ကြီး Toshimitsu Motegi က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။
အမေရိကန်ပြည်ထောင်စု Los Angeles မြို့မှာ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ၇၇ ကြိမ်မြောက် Golden Globes ရွှေကမ္ဘာလုံးဆုပေးပွဲမှာ ပထမကမ္ဘာစစ်ပွဲအကြောင်း ရိုက်ကူးတဲ့ 1917 ဆိုတဲ့ ရုပ်ရှင်ကားက drama ဇာတ်ကားအမျိုးအစားအတွက် အကောင်းဆုံး ဇာတ်ကားဆု ရရှိသွားပါတယ်။
ဘင်္ဂလားဒေ့ရှ်- မြန်မာ နှစ်နိုင်ငံ နယ်ခြား လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ငါးရက်ကြာ အဆင့်မြင့် ဆွေးနွေးပွဲကကို Dhaka မြို့မှာ မနေ့က စတင်ကျင်းပပြီး တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုတွေ၊ နှစ်နိုင်ငံ နယ်ခြား ပူးပေါင်း ကင်းလှဲ့ရေး အစီအစဉ်တွေနဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးကိစ္စတွေကို အဓိက ဆွေးနွေးမှာပါ။
အမေရိကန်ရဲ့ တိုက်ခိုက်မှုကြောင့် အီရန် စစ်ဗိုလ်ချုပ်တဦး သောကြာနေ့က သေဆုံးသွားတာကို လက်တုံ့ပြန်ဖို့ အီရန်က ဘယ်နေရာတွေကို တိုက်ခိုက်လာမယ်ဆိုတာ ဘယ်သူမှ မသိနိုင်ပေမယ့် အီရန်က အဲဒီလို လက်တုံ့ပြန်မှာ မဟုတ်ဘူးလို့ ယုံကြည်သူ မရှိသလောက် ဖြစ်နေပါတယ်။
ပါကစ္စတန်နိုင်ငံရဲ့ အကြီးဆုံးမြို့ ကရာချိမှာ တနင်္ဂနွေနေ့က လူပေါင်းထောင်ချီ ချီတက်ခဲ့ကြပြီး အီရန်တပ်မှူး Qasim Soleimani သတ်ဖြတ်ခံရမှုကို ဆန့်ကျင်ရှုတ်ချရေးအတွက် လုံခြုံရေး တင်းကျပ်ထားတဲ့ အမေရိကန် ကောင်စစ်ဝန်ရုံးကို ဦးတည် ချီတက်ကြတာမှာတော့ ရဲတပ်ဖွဲ့နဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။
တနိုင်ငံလုံး ပစ်ခတ်တိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည် ဖော်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး JICM ကို တက်ရောက်ဖို့အတွက် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS က ဗိုလ်ချုပ်ကြီးယွက်စစ် ဒီကနေ့ ဇန်နဝါရီလ ၆ ရက်နေ့မှာ တာချီလိတ်ကနေ နေပြည်တော်ကို သွားရောက်မယ့် အကြောင်း ကြေညာချက် ထုတ်ပြန်ပါတယ်။
အီရန်နိုင်ငံအနေနဲ့ ယူရေနီယံ သန့်စင်မှုမှာ အသုံးပြုတဲ့ ဗဟိုခွာစက် အရေအတွက် ကန့်သတ်ချက်ကို လိုက်နာတော့မှာ မဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။ ဒါဟာ ၂၀၁၅ နိုင်ငံတကာ နျူကလီးယား သဘောတူညီချက်ကို နုတ်ထွက်လိုက်တဲ့သဘောပဲ ဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်