အီရတ်နိုင်ငံရဲ့ မြို့တော် ဘဂ္ဂဒက်မှာ ပြီးခဲ့တဲ့ သောကြာနေ့က အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့တဲ့ အီရန်စစ်ဗိုလ်ချုပ် Qassem Soleimani ရဲ့ ရုပ်အလောင်းဟာ အီရန်နိုင်ငံကို ပြန်ရောက်လာပြီ ဖြစ်ပါတယ်။
သြစတြေးလျနိုင်ငံမှာ လောင်နေတဲ့ တောမီးတွေကြောင့် သေဆုံးသူ အရေအတွက်ဟာ ၂၃ ယောက် ရှိသွားပြီဖြစ်တယ်လို့ သြစတြေးလျဝန်ကြီး Scott Morrison က ပြောကြားလိုက်ပါတယ်။
တရုတ်နိုင်ငံမြို့တွေကို သွားရောက်ပြီး ပြန်လာကြတဲ့သူတွေဆီကနေ ပါလာနိုင်ဖွယ်ရှိတဲ့ ထူးဆန်းတဲ့ ကူးစက်ရောဂါတမျိုး မပြန့်ပွားရအောင် ဟောင်ကောင် အာဏာပိုင်တွေက အရှိန်အဟုန်မြှင့် လုပ်ဆောင်နေပါတယ်။
အမေရိကန်ရဲ့ သောကြာနေ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားကြတဲ့ အီရန်ထိပ်တန်း တပ်မှူးကြီး Qassem Soleimani နဲ့ အခြား အီရတ်စစ်ဘက်ခေါင်းဆောင် အတော်များများတို့ရဲ့ ဈာပနအခမ်းအနားကို ထောင်နဲ့ချီတဲ့လူတွေ ဒီကနေ့ တက်ရောက် ဂါရဝပြုခဲ့ကြပါတယ်။
အင်ဒိုနီးရှားနိုင်ငံမြို့တော် ဂျကာတာမြို့တဝိုက်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုကျတာတွေကြောင့် လူ ၅၃ ယောက်ထက်မနည်း သေဆုံးသွားတယ်လို့ အင်ဒိုနီးရှား အာဏာပိုင်တွေက ဒီကနေ့ ပြောလိုက်ပါတယ်။
မြောက်ကိုရီးယားအပေါ် နိုင်ငံတကာကချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေ လျော့ပါးသက်သာစေဖို့ရည်ရွယ်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တရုတ်-ရုရှား ပူးတွဲတင်သွင်းတဲ့ ဆုံးဖြတ်ချက်မူကြမ်းဟာ မှန်ကန်တဲ့လမ်းကြောင်းမှာ အချိန်အခါနဲ့ကိုက်ညီ တဲ့ လုပ်ရပ်တခုဖြစ်တယ်လို့ ကုလ တရုတ်သံအမတ်ကြီး Zhang Jun က သောကြာနေ့မှာပြောပါတယ်။
အီရန်ထိပ်တန်းတပ်မှူး Qassim Soleimani ကို အမေရိကန်က သုတ်သင်လိုက်ပြီးတဲ့နောက် အရှေ့အလယ်ပိုင်းဒေသတွင်းက အမေရိကန်နဲ့သက်ဆိုင်တာတွေကို အီရန်က လက်တုံံ့ပြန်လာနိုင်ခြေအပြင် ပိုပြီးကြီးမားတဲ့ ပဋိပက္ခတခုအဆင့်ထိ ရောက်သွားနိုင်ချေအပေါ် ကမ္ဘာ့ခေါင်းဆောင်တွေ စိုးရိမ်နေကြပါတယ်။
အမေရိကန်စစ်တပ်ဟာ သူ့ရဲ့ ညွှန်ကြားချက်အရ အမှားအယွင်းကင်းပြီး တိကျတဲ့ တိုက်ခိုက်မှုတစ်ခုနဲ့ ကမ္ဘာ့ နံပါတ် ၁ အကြမ်းဖက် သမား Qasem Soleimani ကို သုတ်သင်ခဲ့တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က သောကြာနေ့က ပြောပါတယ်။
အီရန်မှာတော့ ဝမ်းနည်းခြင်းအထိမ်းမှတ် ၃ ရက်သတ်မှတ်တယ်လို့ ဘာသာရေး ခေါင်းဆောင်ကြီး Ayatollah Ali Khamenei က Twitter လူမှုကွန်ယက်ပေါ်မှာ ရေးသားခဲ့ပါတယ်။ သူမရှိတော့ပေမဲ့ သူ့ခင်းခဲ့တဲ့လမ်းက ရပ်သွားမှာ မဟုတ်ကြောင်းနဲ့ သူ့ကိုသတ်ဖြတ်ခဲ့သူတွေအပေါ် ပြင်းပြင်းထန်ထန် လက်တုံ့ပြန်သွားမယ်လို့လည်း ဆိုပါတယ်။
အီရတ်မှာ ရှိတဲ့ အမေရိကန်နိုင်ငံသားတွေအားလုံး အမြန်ဆုံး ထွက်ခွာကြဖို့ ဘဂ္ဂဒက်မြို့တော်မှာရှိတဲ့ အမေရိကန်သံရုံးက ဒီကနေ့ပဲ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ အမေရိကန်နိုင်ငံသားတွေ အီရတ်နိုင်ငံကနေ ချက်ခြင်း ထွက်ခွာကြဖို့နဲ့ လေကြောင်း၊ ကုန်းလမ်းကနေ တခြားနိုင်ငံတွေကို ထွက်ခွာကြဖို့လည်း တိုက်တွန်းထားပါတယ်။
အမေရိကန်သမ္မတ Donald Trump ရဲ့ ညွှန်ကြားချက်အရ လေကြောင်းက တိုက်ခိုက်ခဲ့ရာမှာ Quds အီရန်အထူးတပ်ဖွဲ့ ခေါင်းဆောင် Qasem Soleimani သေဆုံးသွားကြောင်း အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က မနေ့နှောင်းပိုင်းမှာပဲ ကြေညာချက်ထုတ်ပြန် အတည်ပြုခဲ့တာပါ။
တရုတ်နိုင်ငံမှာ ဒီမိုကရေစီရေးအတွက် တိတ်တဆိတ်စုဝေးပွဲတွေမှာ ပါဝင်ခဲ့သူ ရှေ့နေတွေနဲ့ တက်ကြွလှုပ်ရှားသူ တဒါဇင်ကျော် ဟာ ၂၀၁၉ ခု နှစ်ကုန်ပိုင်း ရက်တွေမှာ ဖမ်းဆီးခံရ ဒါမှမဟုတ် ပျောက်ဆုံးနေကြတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။
လကမ္ဘာပေါ်ကို လူမပါတဲ့ အာကာသယာဉ် ဆင်းသက်နိုင်ဖို့ မနှစ်ကကြိုးစားတာ မအောင်မမြင် ဖြစ်ခဲ့ပြီးတဲ့နောက် အခုနှစ် ၂၀၂၀ ပြည့်နှစ်အတွင်းမှာ ဆင်းသက်နိုင်ဖို့ ထပ်မံကြိုးစားသွားမယ်လို့ အိန္ဒိယ အာကာသအစီအစဉ် အကြီးအကဲက ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။
ဇန်နဝါရီလ ၄ ရက်နေ့မှာ ကျရောက်တဲ့ မြန်မာ့လွတ်လပ်ရေးနေ့အတွက် အမေရိကန်ပြည်ထောင်စု ကိုယ်စား နိုင်ငံခြားရေးဝန်ကြီး Pompeo က ဇန်နဝါရီလ ၂ ရက်နေ့ ရက်စွဲနဲ့ သဝဏ်လွှာ ပေးပို့လိုက်ပါတယ်။ မြန်မာ့လွတ်လပ်ရေးနေ့အတွက် မြန်မာပြည်သူတွေထံ ဆုမွန်ကောင်း ပို့သလိုက်ပါကြောင်း သဝဏ်လွှာမှာ ရေးသားထားပါတယ်။
အမေရိကန်သံရုံးကိုတိုက်ခိုက်ခဲ့သူတွေဟာ Kataeb Hezbollah အဖွဲ့ခေါင်းဆောင် Abu Mahdi al Muhandis အပါအဝင် တခြားအကြမ်းဖက်သမားတွေက သံရုံးကို တိုက်ခိုက်ခဲ့တာလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ဖော်ပြပြောဆိုခဲ့ပါတယ်။
(Zawgyi/ Unicode) မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားရာ နယ်မြေတွေကနေ အိုးအိမ် စွန့်ခွာသွားရသူတွေ အိမ်ပြန် နိုင်ရေးအတွက် အကူအညီပေးမယ့် စီမံကိန်းတစ်ရပ်ကို အကောင်အထည်ဖော်ဖို့ ရှိကြောင်း ဂျပန်အစိုးရက ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ နှောင်းပိုင်းက ကြေညာခဲ့ပါတယ်။
(Zawgyi/ Unicode) တာဝေးပစ် ဒုံးကျည်နဲ့ နျူးကလီးယား စမ်းသပ်မှုတွေကို ကိုယ့်ဘာသာ ရပ်ဆိုင်းထားတာကို သူ့အနေနဲ့ ဆက်လက် စောင့်ထိန်းလိုက်နာဖို့ မလိုတော့ဘူးလို့ မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un က သတိပေးလိုက်ပါတယ်။
(Zawgyi/ Unicode) အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ပုဂ္ဂိုလ်ရေး ရှေ့နေဖြစ်သူ Rudy Giuliani က အထက်လွှတ်တော်မှာ သမ္မတကို တရားစွဲဖို့ တရားစီရင်ရေး ဆောင်ရွက်တဲ့အခါမှာ တက်ရောက်ထွက်ဆိုပြီး သမ္မတ အပြစ်ကင်းလွတ်ရေး တတ်နိုင်သမျှ ကြိုးပမ်းသွားမယ်လို့ ပြောပါတယ်။
မြောက်ကိုရီးယားအနေနဲ့ နျူကလီးယား အစီအစဉ်ကို နောက်ထပ် ဆက်လုပ်သွားမှာဖြစ်ပြီး မဟာဗျူဟာ မြောက်လက်နက်သစ် တမျိုးကို မကြာခင်အနာဂါတ်မှာ ထုတ်လုပ်မယ်လို့ ကြေညာခဲ့ပါတယ်။
တခြားသူတွေ အလွယ်တကူ ခိုးယူနိုင်တဲ့ password စကားဝှက်တွေကို အချက်အလက်ကောက်ယူတဲ့ Splash Data ကုမ္ပဏီက ထုတ်ပြန်လိုက်ပါတယ်။ ၂၀၁၉ ခုနှစ်အတွင်း လူတွေ အလွယ်တကူ အသုံးများတဲ့ password တွေကတော့ ၁၂၃၄၅၆ ပါ။ မနှစ်ကလည်း ဒီပတ်စ်ဝပ်ကို လူတွေ အသုံးများပါတယ်။
နောက်ထပ်ကြည့်ရှုရန်