ပြည်ထောင်စုကြီး ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး စတဲ့လုပ်ငန်းတွေမှာ ပြည်သူ လူထုက ပူးပေါင်း ပါဝင်ကြဖို့ သူက တိုက်တွန်းထားပါတယ်။
Japan နိုင်ငံက Nissan မော်တော်ကားကုမ္ပဏီ အကြီးအကဲဟောင်း Carlos Ghosn ဟာ သူ့အနေနဲ့ ဂျပန်နိုင်ငံထဲ မတရားမှုတွေနဲ့ နိုင်ငံရေးအရ ဖိနှိပ်ခံရမှုတွေကြောင့် လက်ဘနွမ်နိုင်ငံကို ရှောင်တိမ်းထွက်လာရတာ ဖြစ်တယ်လို့ ပြောပါတယ်။
အီရတ်နိုင်ငံက ဘဂ္ဂဒတ်မြို့က အမေရိကန်သံရုံးအပြင်ဘက် ခြံဝင်းကို ချိုးဖျက် ဝင်ရောက်ဖို့ ကြိုးစားကြတဲ့ ဆန္ဒပြသူတွေကို သံရုံးလုံခြုံရေးဝန်ထမ်းတွေက ဒီကနေ့ မျက်ရည်ယိုဗုံးတွေ သုံးပြီး နှိမ်နှင်းခဲ့ပါတယ်။
အာရှ အရှေ့ပိုင်းဒေသအချို့မှာတော့ ၂၀၁၉ ခုနှစ်ကုန်လို့ ၂၀၂၀ နှစ်သစ်ကို ကူးပြောင်းသွားပါပြီ။ သြစတြေးလျနိုင်ငံ Sydney ဆိပ်ကမ်းမှာတော့ နှစ်စဉ်လိုလို ပြုလုပ်နေကြ နှစ်သစ်အကူးအပြောင်း မီးရှုးမီးပန်းတွေ ဖောက်လုပ်ခဲ့ပါတယ်။
မြောက်ကိုရီးယား နျူကလီးယားလက်နက် ဖျက်သိမ်းရေးမှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ သံတမန်ရေးအပြင် တခြားနည်းလမ်းပေါင်းစုံကို သုံးသွားမယ်လို့ အမေရိကန် သမ္မတအိမ်ဖြူတော် အမျိုးသား လုံခြုံရေးအကြံပေးက သတိပေးလိုက်ပါတယ်။
ရုရှားနိုင်ငံမှာ အကြမ်းဖက်မှုပြုလုပ်မှာကို အမေရိဘက်က အထူးလမ်းကြောင်းကတဆင့် သတင်းပေးခဲ့တာကြောင့် ဟန့်တားနိုင်ခဲ့တဲ့အတွက် သမ္မတ Donald Trump ကို ကျေးဇူးတင်ကြောင်း ရုရှားသမ္မတ Vladimir Putin က တယ်လီဖုန်းနဲ့ခေါ်ပြီး ပြောကြားခဲ့တယ်လို့ ရုရှားအစိုးရက ပြောပါတယ်။
တကယ်လို့ မြောက်ကိုရီးယားက တာဝေးပစ်ဒုံးကျည်၊ ဒါမှမဟုတ် နျူကလီးယား စမ်းသပ် ဖောက်ခွဲမှုတွေ ပြုလုပ်ခဲ့မယ်ဆိုရင် လွန်စွာစိတ်ပျက်မိမှာဖြစ်ကြောင်း အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး Robert O’Brien က တနင်္ဂနွေနေ့မှာ ပြောပါတယ်။
ဂျူးလူမျိုးတွေရဲ့ ဘာသာရေး အထွတ်အမြတ်ပွဲတော် Hanukkah ၇ ရက်မြောက်နေ့ ကျင်းပနေစဉ် စနေနေ့ညက နယူးယောက်မြို့မှာရှိတဲ့ ဂျူးတရားဟောဆရာအိမ်မှာ လူငါးဦးကို ဓားနဲ့ထိုးခဲ့သူကို ဖမ်းဆီးထားပြီလို့ နယူးယောက် ရဲတပ်ဖွဲ့က ပြောပါတယ်။
အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် Fort Worth မြို့ ဆင်ခြေဖုံးက West Freeway ခရစ်ယာန်ဘုရားကျောင်းမှာ တနင်္ဂနွေနေ့ ဝတ်ပြုဆုတောင်းနေတုန်း သေနတ်သမားတဦးရဲ့ ပစ်ခတ်မှုကြောင့် လူနှစ်ဦးသေဆုံးပြီး ဒဏ်ရာရသွားတဲ့ နောက်တဦးကတော့ စိုးရိမ်ဖွယ် အခြေအနေမှာ ရှိပါတယ်။
ယူကရိန်းအစိုးရတပ်တွေနဲ့ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာရှိတဲ့ ရုရှားအစိုးရကို ထောက်ခံတဲ့ ခွဲထွက်ရေးသမားတွေကြား အကျဉ်းသားတွေအားလုံး လဲလှယ်ရေး အစီအစဉ်ကို စတင်လိုက်ပြီဖြစ်ပါတယ်။
ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဆိုင်မြို့က လိုဏ်ဂူအတွင်းမှာ မနှစ်က ပိတ်မိနေခဲ့တဲ့ တောဝက်ဘောလုံးအသင်းကို ကယ်တင်တဲ့နေရာမှာ ပါဝင်ခဲ့တဲ့ ထိုင်းရေတပ် အထူးတပ်ဖွဲ့ဝင်တယောက်ဟာ အဲဒီ ကယ်ဆယ်ရေးလုပ်ငန်းအတွင်းမှာ ရခဲ့တဲ့ သွေးဆိပ်သင့်တဲ့ ရောဂါကြောင့် သေဆုံးသွားတယ်လို့ ထိုင်းတော်ဝင်ရေတပ်က ပြောလိုက်ပါတယ်။
ဆိုမားလီးယားနိုင်ငံ၊ မြို့တော် မိုဂါဒစ်ရှူး အနောက်တောင်ပိုင်းက လူရှုပ်တဲ့ လမ်းဆုံတခုမှာ ကားတစီးနဲ့ ဗုံးခွဲတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူ ၇၆ ဦးထက်မနည်း ရှိပြီး ဒဏ်ရာရသူ ၅၀ ကျော်တယ်လို့ မိုဂါဒစ်ရှူးမြို့ Aamin လူနာတင်ယာဉ်ဌာနက ပြောပါတယ်။
တရုတ်နိုင်ငံရဲ့ အကြီးဆုံးဒုံးယာဉ် Long March 5 ကို တတိယအကြိမ်မြောက်အဖြစ် တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် Wenchang အာကာသ ဒုံးယာဉ်လွှတ်စခန်းကနေ သောကြာနေ့ ညနေပိုင်းက လွှတ်တင်လိုက်ပါတယ်။
မြောက်ကိုရီးယားပစ်လိုက်တဲ့ Missile ဒုံးတခု Hokkaido ကျွန်း ကမ်းလွန် ပစိဖိတ် သမုဒ္ဒရာထဲ ကျသွားတယ်လို့ ဂျပန်အစိုးရ သတင်းဌာနဖြစ်တဲ့ NHK က မှားယွင်း သတင်းထုတ်ပြန်ခဲ့တဲ့အတွက် မြန်မြန်ပြန်တောင်းပန်ခဲ့ရပါတယ်။
လူပေါင်း ၉၀ ကျော် လိုက်ပါလာတဲ့ ကာဇက်စတန် လေကြောင်းလိုင်းက လေယာဉ်တစင်းဟာ ဒီနေ့အစောပိုင်းမှာပဲ ပျံတက်ပြီး သိပ်မကြာခင် ပျက်ကျခဲ့ရာက လူ ၁၂ ယောက်ထက်မနည်း သေဆုံးပြီး ၂၀ ကျော် အပြင်းအထန် ဒဏ်ရာရခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေး အစီအစဉ်တွေ အကောင်အထည် မဖော်နိုင်သေးဘဲ ဖြစ်နေချိန်မှာ လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေနဲ့ ရေရှည်အစီအမံတွေ ချမှတ်ဖို့ လိုအပ်ကြောင်း နိုင်ငံတကာ ပဋိပက္ခ လေ့လာရေးအဖွဲ့ (ICG) က တိုက်တွန်းလိုက်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းမှာ ခရစ္စမတ်နေ့က တိုက်ခတ်သွားခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်းကြောင့် လူ ၁၃ ယောက်ထက်မနည်း သေဆုံးခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောဆိုလိုက်ပါတယ်။
ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးနဲ့ သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူ လူငယ်တွေရဲ့ စွမ်းပကား၊ သတ္တိတွေအပေါ် အထူးလေးစား အထင်ကြီးမိတဲ့အကြောင်း ဗြိတိန်ဘုရင်မကြီး Elizabeth က သူ့ရဲ့ ခရစ္စမတ်စ် စကားလက်ဆောင်မှာ ထည့်သွင်း ပြောကြားပါတယ်။
တပ်မတော်ကပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာ ကြောင့် ပွဲချင်းပြီး သေဆုံးသွားတယ်လို့ AA အဖွဲ့က သူတို့ဝက်ဘ်ဆိုက်တ်မှာတင်ထားတဲ့ ဒီဇင်ဘာလ ၂၅ ရက် ရခိုင်ပြည်တိုက်ပွဲ သတင်းများဆိုတဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီကနေ့ ကျရောက်တဲ့ ခရစ္စမတ်နေ့ အထိမ်းအမှတ်အဖြစ် ခရစ်တော်ရဲ့ မြင့်မြတ်မှုတွေကို ပုပ်ရဟန်းမင်းကြီး Francis က အလေးထား ဟောကြားသွားသလို ကမ္ဘာတဝှမ်းက ဒုက္ခရောက်နေကြတဲ့ ကလေးငယ်တွေ အတွက်လည်း ဆုတောင်းစကား ပါးလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်