ခရစ္စမတ်နေ့မှာပဲ ဟောင်ကောင်မှာ အစိုးရဆန့်ကျင် ဆန္ဒပြပွဲတွေ ဆက်လက်ပေါ်ပေါက်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသူတွေကြား ထိပ်တိုက်ရင်ဆိုင်တဲ့အထိ ဖြစ်ခဲ့အပြီး နောက်တနေ့မှာပဲ ဒီမိုကရေစီ ကြွေးကြော်သံတွေ အော်ဟစ်ပြီး ကုန်တိုက်တွေထဲဖြတ်ပြီး ချီတက်ဆန္ဒပြခဲ့ကြတာပါ။
ထိုင်းနိုင်ငံမှာ ကြက်မွေးမြူရေးခြံတခုနဲ့ ပတ်သက်ပြီး Twitter မှာ ရေးခဲ့တဲ့ အမျိုးသမီး ရုပ်သံသတင်းထောက်တဦးဟာ အသရေဖျက်မှု စွဲချက်နဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရတယ်လို့ သူ့ရဲ့ရှေ့နေကပြောပါတယ်။
ဆူဒန်နိုင်ငံမှာ နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် ခရစ္စမတ်စ်နေ့ကို အများပြည်သူအားလပ်ရက်အဖြစ် အသွင် ကူးပြောင်းရေးအစိုးရက သတ်မှတ် ကြေညာလိုက်ပါတယ်။ ဒါဟာ နိုင်ငံအခြေခံဥပဒေမှာ ပြဌာန်းထားတဲ့ လွတ်လပ်ခွင့်တွေနဲ့ ကိုက်ညီအောင် လုပ်ဆောင်တာဖြစ်တယ်လို့ ဝန်ကြီးတဦးက ပြောပါတယ်။
မြောက်ကိုရီးယားက ပေးမယ်လို့ ခြိမ်းခြောက်ပြောဆိုထားတဲ့ ဘယ်လို “ခရစ္စမတ်စ် လက်ဆောင်” မျိုးကိုမဆို ရင်ဆိုင်ဖို့ အဆင်သင့်ပဲလို့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က ပြောပါတယ်။ နှစ်နိုင်ငံအကြား နျူကလီးယားအရေး စေ့စပ်ညှိနှိုင်းပွဲတွေ ရပ်ဆိုင်းနေချိန်မှာ မြောက်ကိုရီးယားက အခုလို ခြိမ်းခြောက်ထားတာပါ။
မနက်ဖြန် ဒီဇင်ဘာလ ၂၅ ရက်နေ့ဟာ ခရစ္စမတ်နေ့ဖြစ်တာနဲ့အမျှ ခရစ္စမတ်အကြိုည ပွဲတော်တွေနဲ့ ဆုတောင်းပွဲတွေကို ကမ္ဘာတဝန်း ခရစ်ယာန်ဘာသာဝင်တွေ ဆင်နွှဲနေကြပါပြီ။
မြန်မာနိုင်ငံတွင်း ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် WFP က အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်သွားဖို့ မြန်မာအစိုးရနဲ့ WFP အကြား သဘောတူညီမှု ရယူခဲ့ကြပါတယ်။
ပြီးခဲ့တဲ့နှစ်က အသတ်ခံခဲ့ရတဲ့ သတင်းထောက် Jamal Khashoggi ကို သတ်ဖြတ်မှုနဲ့ Saudi Arabia တရားရုံးတခုက လူ ၅ ယောက်ကို သေဒဏ်အပြစ်ပေးလိုက်ပြီး ၃ ဦးကို ထောင်ဒဏ် ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။
အာရပ် စော်ဘွားများ ပြည်ထောင်စု (UAE) နိုင်ငံမှာ တစ်မဟုတ်ချင်းပဲ လူကြိုက်များ လာတဲ့ လူမှုဆက်ဆံရေး app တစ်ခုဖြစ်တဲ့ To Tok app ဟာ အစိုးရက သူလျှို လုပ်နေတဲ့ app တစ်ခုဖြစ်တယ်လို့ New York Times သတင်းစာကြီး ဖော်ထုတ် ရေးသားခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox’s Bazar မှာ နေထိုင်နေကြတဲ့ ဒုက္ခသည်တွေ မြန်မာဘက်က ပြန်လက်ခံရေးအတွက် မြန်မာအစိုးရအပေါ် သြဇာသက်ရောက်မှုရှိတဲ့ ရုရှားနိုင်ငံက ဖိအားပေး ပြောဆိုပေးဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက တိုက်တွန်းလိုက်ပါတယ်။
ရန်ကုန်မြို့မှာ ကျောင်းထိုင်တဲ့ ခရစ်ယာန် ရဟန်းအမတ် ဘုန်းတော်ကြီး Charles Bo က မြန်မာပြည်သူ၊ မြန်မာသားတွေကို အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး စေတမန်တွေ ဖြစ်လာကြ ဖို့မေတ္တာရပ်ခံ တောင်းဆိုလိုက်ပါတယ်။
Riyadh မြို့တော်မှာရှိတဲ့ ရာဇဝတ်တရားရုံးက စွပ်စွဲခံရသူ ၁၁ ယောက်ကို ပြစ်ဒဏ်ချခဲ့တာမှာ သတ်ဖြတ်မှုကို တိုက်ရိုက်ပါတ်သက်သူ ၅ ယောက်ကို သေဒဏ်ချခဲ့တယ်လို့ တရားရုံးရှေ့နေ ပြောခွင့်ရသူက ပြောပါတယ်။
အမေရိကန်တပ်ဖွဲ့ဝင် တယောက် Afghanistan နိုင်ငံမှာ စစ်မှုထမ်းရင်း သေဆုံးသွားတယ်လို့ အမေရိကန်စစ်တပ်က ဒီကနေ့ ကြေညာခဲ့ပါတယ်။ Afghanistan မှာတပ်စွဲထားတဲ့ အမေရိကန်စစ်တပ်ရဲ့ ကြေညာချက်မှာ ဘယ်လိုသေဆုံးသွားတဲ့ အသေးစိတ်ကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။
ခရစ္စမတ်ပွဲတော်ကာလမှာ ပြည်သူတွေနဲ့ မိသားစုဘဝတွေကို စာနာသောအားဖြင့် သပိတ်မှောက်တာကို ယာယီရပ်ဆိုင်းထားပေးဖို့ Ivory Coast နိုင်ငံကို ရောက်နေတဲ့ သမ္မတ Macron က တောင်းဆိုထားပြီး ဆန္ဒပြသူတွေ တာဝန်ယူမှုရှိဖို့ လိုတယ်လို့ ပြောပါတယ်။
အိမ်နီးချင်းနိုင်ငံတွေက ဝင်ရောက်လာသူ လူနည်းစုတွေကို နိုင်ငံသားအဖြစ် ခွင့်ပြုရေးကိစ္စမှာ ဘာသာရေးအရ ခွဲခြားမှုရှိနေတယ်ဆိုတဲ့ အစိုးရဥပဒေသစ်ကို ဆန့်ကျင် ကန့်ကွက်နေကြတဲ့ သူတွေထဲမှာ အမျိုးသမီးတွေလည်း တက်တက်ကြွကြွ ပါဝင်နေကြပါတယ်။
ဆန္ဒပြပွဲတွေ မလုပ်ကြဖို့ အစိုးရက တားမြစ်နေတဲ့ကြားကပဲ အငြင်းပွားဖွယ် အိန္ဒိယနိုင်ငံရဲ့ နိုင်ငံသားဥပဒေသစ်ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ တနင်္ဂနွေနေ့က ဆက်လက်ပြုလုပ်ခဲ့ကြပါတယ်။
စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရရှိရေးအတွက် ကရင်အမျိုးသားထုကြီးအပြင် ပြည်ထောင်စုအတွင်း နေထိုင်တဲ့ လူမျိုးတိုင်းကို လေးစားအသိအမှတ်ပြုပြီး လွတ်လပ်မှု၊ တန်းတူမှုအပြင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးတွေ ရရှိတဲ့အချိန်မှသာ ဖြစ်နိုင်မယ်လို့ KNU က ထုတ်ပြန်တဲ့ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
ဟောင်ကောင်က ဒီမိုကရေစီရေး ထောက်ခံဆန္ဒပြတဲ့သူတွေဟာ တရုတ်နိုင်ငံက ဝီဂါမွတ်စလင်တွေနဲ့ တသားတည်း ရှိနေတယ်ဆိုတာကို ပြသတဲ့အနေနဲ့ ဒီကနေ့မှာ စုဝေးဆန္ဒပြခဲ့ကြပါတယ်။
အာဖဂန်သမ္မတ ရွေးကောက်ပွဲ ရလဒ်တွေကို ဒီကနေ့ ကြေညာခဲ့တာမှာ ကနဦးရလဒ်တွေအရတော့ လက်ရှိသမ္မတ Ashraf Ghani က အနိုင်ရပြီးတော့ သမ္မတအဖြစ်နဲ့ ဒုတိယအကြိမ် နောက်ထပ် ၅ နှစ် ထမ်းဆောင်ဖို့ ရွေးချယ်ခံလိုက်ရပါတယ်။
ဆီးရီးယားနိုင်ငံထဲကို နယ်စပ်ဖြတ်ပြီး လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တရပ်ကို ရုရှားနဲ့ တရုတ်တို့က ဗီတိုအာဏာသုံး ပယ်ချလိုက်တဲ့အတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က စနေနေ့မှာ အပြင်းအထန် ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
အိန္ဒိယနိုင်ငံ မြောက်ပိုင်းမှာ ရဲနဲ့ ဆန္ဒပြသူတွေကြား စနေနေ့က အဓိကရုဏ်း ဖြစ်ခဲ့ပြီး လူ ၉ ဦး သေဆုံးခဲ့ရပါတယ်။
နောက်ထပ်ကြည့်ရှုရန်