ထိုင်းနဲ့ မြန်မာ နယ်စပ်ကုန်သွယ်ရေးက ၂၀၁၉ ခုနှစ် ဇန်နဝါရီလကနေ နိုဝင်ဘာလအထိ ၁၁ လတာ ကာလအတွင်း သိသိသာသာ ကျဆင်းခဲ့တယ်လို့ တရားဝင် အချက်အလက်တွေကို ကိုးကားပြီး The Nation သတင်းက ဖော်ပြပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ မြန်မာနိုင်ငံကို ပြန်ပို့ရေး ကူညီတဲ့အနေနဲ့ အင်ဒိုနီးရှားအစိုးရက မြန်မာနိုင်ငံကို ရန်ပုံငွေ ဒေါ်လာ ၅ သိန်း ၃ သောင်းကျော် ပေးလိုက်တဲ့အကြောင်း The Jakarta Globe သတင်းတပုဒ်မှာ ရေးထားပါတယ်။
ဆီးရီးယားနိုင်ငံ အရှေ့တောင်ဘက် Idlib ပြည်နယ်အတွင်း အစိုးရတပ်နဲ့ အတိုက်အခံ အုပ်စုကြား ထိပ်တိုက်ရင်ဆိုင်တွေ့ပြီး တိုက်ပွဲပြင်းထန်နေတာကြောင့် ၂၄ နာရီအတွင်း သေဆုံးသူ ၁၁၂ ဦးထက်မနည်း ရှိနေတယ်လို့ ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ (SOHR) က မနေ့က ပြောပါတယ်။
အင်္ဂလန် ပရီးမီးယားလိဂ် ဘောလုံးအသင်းတသင်းဖြစ်တဲ့ အဲဗာတန်က အီတလီနည်းပြ Carlo Ancelotti ကို နည်းပြအဖြစ်နဲ့ ခန့်လိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ အာကာသရေးရာတပ်ဖွဲ့ တည်ထောင်ဖို့နဲ့ အစိုးရဝန်ထမ်းတွေကို လစာပြည့်နဲ့ သီတင်း ၁၂ ပတ်ကြာ မီးဖွားခွင့်ပေးမယ့် ဥပဒေတရပ်ကို အမေရိကန်သမ္မတ Donald Trump သောကြာနေ့က လက်မှတ်ရေးထိုးလိုက်ပါတယ်။
အမေရိကန် အာကာသ စစ်တပ်ဖွဲ့တစ်ဖွဲ့ကို တည်ထောင်ဖို့နဲ့ အမေရိကန် အစိုးရ ဝန်ထမ်းတွေ ကလေးမီးဖွားချိန် ၁၂ ပတ်ကြာ ခွင့်ယူခွင့် ပေးဖို့ ဥပဒေတွေပါဝင်တဲ့ ဥပဒေမူကြမ်းကို လက်မှတ်ရေးထိုးတော့မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က သောကြာနေ့မှာ ပြောပါတယ်။
တိုင်ဝမ်၊ ဟောင်ကောင်၊ ဆင်ကျန်းနဲ့ တိဘက်ဒေသတွေနဲ့ ပတ်သက်ပြီး အမေရိကန်ဘက်က ပြောဆို လုပ်ဆောင်ချက်တွေဟာ နှစ်နိုင်ငံ ဆက်ဆံရေးကို ထိခိုက်စေတယ်လို့ တရုတ်သမ္မတ ရှီ ကျင့်ဖျင်က အမေရိကန်သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်ကို သောကြာနေ့က ပြောတဲ့အကြောင်း တရုတ်နိုင်ငံပိုင်သတင်းဌာနက ဖော်ပြပါတယ်။
အိန္ဒိယနိုင်ငံမှာ မကြာသေးခင်က ပြဌာန်းလိုက်တဲ့ နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေသစ်အပေါ် ကန့်ကွက်ဆန္ဒပြပွဲတွေကို ရဲတပ်ဖွဲ့က ပစ်ခတ်နှိမ်နင်းတာကြောင့် သေဆုံးသူ ၁၄ ယောက်ရှိသွားပြီဖြစ်ပြီး ဖမ်းဆီးခံထားရသူ ၄,၀၀၀ ကျော်ရှိပါပြီ။
၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့ ကွန်ဂရက် လွှတ်တော်မှာ နိုင်ငံတော် အခြေပြမိန့်ခွန်းပြောဖို့ အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi က ဖိတ်ကြားတာကို သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က လက်ခံထားတယ်လို့ သမ္မတအိမ်ဖြူတော်က သောကြာနေ့ မှာပြောပါတယ်။
မြောက်ကိုရီးယားနဲ့ နျူကလီးယားအရေး ဖြေရှင်းရာမှာ လိုအပ်ရင် တိုက်ခိုက်ဖို့ အဆင်သင့်ရှိနေတယ်လို့ အမေရိကန် ထိပ်တန်း တာဝန်ရှိ သူတွေက ပြောပါတယ်။ ဒါပေမဲ့ ဒီလို တိုက်ခိုက်ရမယ့် အခြေအနေကို ရှောင်ရှားနိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုက နှစ်စဉ်ထုတ်ပြန်တဲ့ ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံကို စိုးရိမ်ရတဲ့နိုင်ငံစာရင်းမှာ ဆက်လက်ထည့်သွင်းထားပါတယ်။
မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှုဟာ တည်တည်ငြိမ်ငြိမ် ရှိနေပေမဲ့ ရခိုင်ပြည်နယ်အရေး အပါအဝင် ပြည်တွင်း၊ ပြည်ပ စိန်ခေါ်မှုတွေ ရှိနေဆဲဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ပြောလိုက်ပါတယ်။
နိုဝင်ဘာလအတွင်း ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသ၊ ပုသိမ်မြို့နယ် ချောင်းသာအနီး ဖမ်းဆီးမိခဲ့တဲ့ ရခိုင်ပြည်နယ်ဘက်က ဝင်လာတဲ့ မူဆလင် ၉၃ ယောက်ကို ဒီနေ့ ပုသိမ်မြို့ တရားရုံးမှာ ရုံးထုတ်စစ်ဆေးပါတယ်။
မနေ့ ကြာသပတေးနေ့ က Moscow မြို့ ရုရှား ထောက်လှမ်းရေး ဌာန FSB ရုံးချုပ် ဝင်ပေါက်အနီး သေနတ်သမားတဦး ဝင်ရောက် ပစ်ခတ်ခဲ့တဲ့ အတွက် အရာရှိ ၁ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရသွားခဲ့ပါတယ်။ သေနတ်သမားကိုတော့ လုံခြုံရေးတပ်ဖွဲ့က အသေ ပစ်ခတ်ဖမ်းဆီးခဲ့ပါတယ်။
အသစ်ပြဌာန်းလိုက်တဲ့ နိုင်ငံသားဖြစ်ခွင့် ဥပဒေမူကြမ်း အပေါ် အိန္ဒိယနိုင်ငံတဝှမ်း မကျေမနပ်ဆန္ဒပြပွဲတွေ ဆက်တိုက်ပေါ်ပေါက်နေပြီး ဆန္ဒပြပွဲတွေကို ရဲကနှိမ်နှင်းတာမှာ သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် အနည်းဆုံး လူ ၂ ဦးသေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတယောက်က ကြာသပတေးနေ့ကပြောပါတယ်။
ပါကစ္စတန် စစ်အာဏာရှင်ဟောင်း Pervez Musharraf သေဒဏ်ပေးမခံရခင် ကွယ်လွန်သွားမယ်ဆိုရင် သူ့ရုပ်အလောင်းကို လွှတ်တော်အပြင်ဘက်မှာ သုံးရက်ကြာ ကြိုးဆွဲချ သေဒဏ်ပေးထားသင့်တယ်လို့ ဆုံးဖြတ်ခဲ့တဲ့ တရားသူကြီးကို ဖယ်ရှားဖို့ လုပ်နေတယ်လို့ ပါကစ္စတန်အစိုးရက ကြာသပတေးနေ့မှာ ကြေညာပါတယ်။
ဆန်ဝယ်လိုအား မြင့်တက်လာတာနဲ့အမျှ ပြီးခဲ့တဲ့အပတ်က အိန္ဒိယနိုင်ငံထွက် ပို့ကုန် ဆန် ဈေးနှုန်း မြင့်တက်လာခဲ့သလို ပြည်တွင်း ဈေးကွက် မှာလည်း ဆန်ဈေး မြင့်တက်ခဲ့ပါတယ်။ ထိုင်းနိုင်ငံထွက် ဆန်ကတော့ ဈေးချိုတဲ့ ယှဉ်ပြိုင်ဘက်တွေကြောင့် ဝယ်လိုအား လျော့နည်း နေပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာ သတင်းမီဒီယာလုပ်ငန်းက လူပေါင်း ၃၂ ယောက် အပါအဝင် ၂၀၀၉ ခုနှစ်တုန်းက လူ ၅၇ ယောက်ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့မှုအတွက် ထင်ရှားတဲ့ နိုင်ငံရေးအုပ်စုတစုက အဖွဲ့ဝင်တွေမှာ အပြစ်ရှိကြောင်း တရားရုံးက ဒီနေ့ပဲ ဆုံးဖြတ်လိုက်ပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်ပါတယ်။
တင်းမာမှုတွေ ကြီးထွားနေတဲ့ ကက်ရှ်မီးယားဒေသမှာ အိန္ဒိယနိုင်ငံက တာလတ်ပစ် မစ်ဇိုင်းဒုံးတွေ အပါအဝင် စစ်အင်အား တိုးချဲ့နေပြီး နယ်စပ်ဖြတ်ကျော် တိုက်ခိုက်ဖို့နဲ့ ငြိမ်းချမ်းရေးကို ထိခိုက်စေမယ့် လုပ်ရပ်တွေကို တိုးမြှင့်လာနေကြောင်း ပါကစ္စတန်က စွပ်စွဲလိုက်ပါတယ်။
အမေရိကန်သမ္မတ Donald Trump အပေါ် နိုင်ငံရေး အကျိုးအမြတ်ရဖို့ အာဏာအလွဲသုံးစားလုပ်ခဲ့မှု၊ သူ့လုပ်ရပ်တွေကို စုံစမ်းစစ်ဆေးတဲ့ လွှတ်တော်ရဲ့ ကြိုးပမ်းမှုတွေကို ဟန့်တားနှောက်ယှက်မှု စွဲချက်တွေနဲ့ မနေ့နှောင်းပိုင်းမှာပဲ အောက်လွှတ်တော်က တရားစွဲလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်