(Zawgyi/ Unicode) မြောက်ကိုရီးယား က ခရစ်စမတ်ကာလအတွင်း တာဝေးပစ်ဒုံးကျည် ပစ်လွှတ်ဖို့ ပြင်ဆင်နေပုံ ရတဲ့အတွက် ဒါဟာ အမေရိကန်နဲ့ နျူးကလီးယား ဆွေးနွေးပွဲတွေကို အဆုံးသတ်သွားစေနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။
(Zawgyi/ Unicode) အမေရိကန်သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်ကို စွဲချက်နှစ်ခုနဲ့ တရားစွဲဆိုရေးအတွက် အောက်လွှတ်တော်မှာ ပါတီကြီးနှစ်ရပ်က လွှတ်တော်အမတ်တွေ အချေအတင် ပြောဆိုနေကြပါတယ်။
(Zawgyi/ Unicode) အိန္ဒိယနိုင်ငံမှာ နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေသစ် အပေါ် ဆန္ဒပြကန့်ကွက်ပွဲတွေ အပြင်းအထန် ဖြစ်နေချိန်မှာပဲ အမေရိကန်နဲ့ အိန္ဒိယ အဆင့်မြင့် တာဝန်ရှိသူတွေ ဗုဒ္ဓဟူးနေ့က တွေ့ဆုံဆွေးနွေးကြပါတယ်။
(Zawgyi/ Unicode) ရိုဟင်ဂျာဆိုတဲ့ အခေါ်အဝေါ်ကို ဘာ့ကြောင့် လက်မခံနိုင်တာလဲ ဆိုတာ ဒုက္ခသည်တွေကို ရှင်းပြခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဌာန၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ စီးပွားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်ထဲ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ လူ့အခွင့်အရေး၊ ပြည်တွင်းငြိမ်းချမ်းရေး အခြေအနေတွေဟာ အတက်နဲ့အကျ ဘယ်ဖက်ကို ဦးတည်ခဲ့ပါသလဲ၊ သင်ခန်းစာ ယူစရာ ဘာတွေများ ကျန်ခဲ့ပါသလဲ ဆိုတာတွေကို ဗွီအိုအေရဲ့ ဒီဇင်ဘာ ၂၁၊ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ဆွေးနွေးကြရအောင်ပါ။
ကမ္ဘာတဝှမ်း မွတ်ဆလင်တွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အကျပ်အတည်းတွေကို ဆွေးနွေးကြဖို့အတွက် မွတ်ဆလင်နိုင်ငံ ၂၀ လောက်က ခေါင်းဆောင်တွေနဲ့ အကြီးတန်းကိုယ်စားလှယ်တွေ ဒီကနေ့ မလေးရှားနိုင်ငံ ကွာလာလာမ်ပူ မြို့တော်ကို စုဝေး ရောက်ရှိနေကြပါတယ်။
အိန္ဒိယ နိုင်ငံရဲ့ အိမ်နီးချင်း နိုင်ငံတွေက မွတ်ဆလင်တွေကို အိန္ဒိယ နိုင်ငံသား ဖြစ်ရေးကို တားဆီးထားတဲ့ ဥပဒေသစ်ကို နိုင်ငံတဝန်းမှာ အင်္ဂါနေ့က လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။
သတင်းမီဒီယာအလုပ်ဟာ အန္တရာယ်များတဲ့ အသက်မွေးဝမ်းကြောင်း လုပ်ငန်းအမျိုးအစားတခုအဖြစ် ဆက်ရှိနေတုန်းပဲလို့ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က ပြောပါတယ်။
အာဆင်နယ်လ်နဲ့ မန်ချက်စတာ စီးတီးတို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၅ ရက် တနင်္ဂနွေနေ့က ကစားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၇ ကို တရုတ်နိုင်ငံမှာ ရုပ်သံကနေ တိုက်ရိုက်ထုတ်လွှင့်မယ့်အစီအစဉ် ပယ်ဖျက်လိုက်တဲ့ လုပ်ရပ်အပေါ် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo က တရုတ်ကို ဝေဖန်ပြောဆိုပါတယ်။
မလေးရှားနိုင်ငံမှာ ကျင်းပမယ့် မွတ်ဆလင်ခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်း အဝေးတခုအတွင်း တရုတ်နိုင်ငံ၊ ရှင်ကျန်းဒေသက Uighur မွတ်ဆလင်တွေနဲ့ပတ်သက်ပြီး တင်းတင်းမာမာ ပြောဆိုဖွယ်မရှိပေ မယ့် မြန်မာနိုင်ငံက ရိုဟင်ဂျာ မွတ်ဆလင်တွေအရေးနဲ့ ပတ်သက်လို့တော့ ပြစ်တင်ရှုတ်ချဖွယ်ရှိတယ်လို့ AFP သတင်းတပုဒ်မှာ ရေးထားပါတယ်။
ရိုဟင်ဂျာ မူဆလင်တွေ အပေါ် မြန်မာဘက်က လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်ကို နိုင်ငံတကာ တရားရုံးမှာ ဦးဆောင် လျှောက်လဲခဲ့တဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကြားနာမှုနဲ့ ပတ်သက်ပြီး မြန်မာ စံတော်ချိန် ဗုဒ္ဓဟူးနေ့ ည ၈ နာရီမှာ ပြည်သူကို ရှင်းလင်းတင်ပြဖို့ ရှိနေပါတယ်။
ပါကစ္စတန် စစ်အာဏာရှင်ဟောင်း Pervez Musharraf ကို ကြီးလေးတဲ့ နိုင်ငံတော် သစ္စာဖောက်မှုနဲ့ ပါကစ္စတန် အထူးတရားရုံး တခုက သေဒဏ်ပြစ်ဒဏ် ချမှတ် လိုက်ပါတယ်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ရဲ့ ဖိတ်ကြားချက်နဲ့ မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီး ရောက်ရှိနေတဲ့ ဗီယက်နမ် ဝန်ကြီးချုပ် Nguyen Xuan Phuc နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။
ရိုဟင်ဂျာတွေ အပေါ် ဆန့်ကျင်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး ICC တရားသူကြီးတွေက မကြာခင်က စုံစမ်းခွင့် ပြုထားပြီး ဖြစ်ပေမယ်လို့လည်း ဒီအရေးမှာ မြန်မာ စစ်တပ် အကြီးအကဲတွေ ပါဝင် ပတ်သက်သလားဆိုတာကတော့ ပြောဖို့ စောလွန်းနေသေးတယ်လို့ ICC ရဲ့ ရှေ့နေချုပ် Fatou Bensouda က ပြောဆိုသွားပါတယ်။
အိန္ဒိယ နိုင်ငံရဲ့ နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေသစ်ကို ဆန့်ကျင် ဆန္ဒပြပွဲတွေ ဖြစ်နေချိန်မှာဘဲ ငြိမ်းငြိမ်းချမ်းချမ်း ရှိကြဖို့ ဝန်ကြီးချုပ် Narendra Modi က ပန်ကြားလိုက်ပါတယ်။
တရုတ်ကို မြေရှားသတ္တု တင်ပို့မှုကို မြန်မာဘက်က ဆိုင်းငံ့လိုက်တယ်လို့ တရုတ် သတ္တုဈေးကွက် သတင်းအချက်အလက်တွေကို ဖော်ပြတဲ့ SMM သတင်းဆိုက်က ဖော်ပြပါတယ်။
ဗီယက်နမ်ဝန်ကြီးချုပ် Nguyen Xuan Phuc ဦးဆောင်တဲ့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံမှာ ၃ ရက်ကြာ တရားဝင် လည်ပတ်ဖို့အတွက် မနေ့ ဒီဇင်ဘာ ၁၆ ရက်နေ့က နေပြည်တော်ကို ရောက်ရှိသွားပါပြီ။
ထူးခြားတဲ့အခြေအနေအောက်မှာ ဟောင်ကောင်အစိုးရကို ဦးဆောင်တဲ့ အုပ်ချုပ်ရေးမှူး Carrie Lam ရဲ့သတ္တိကို အသိအမှတ်ပြုတယ်လို့ တရုတ်သမ္မတ Xi Jinping က ပြောကြားလိုက်ပါတယ်။ ဟောင်ကောင်အစိုးရ ခေါင်းဆောင် Lam ရဲ့ နှစ်စဉ် ပြည်မကြီးအစိုးရနဲ့ သွားရောက်တွေ့ဆုံမှုအတွင်း တရုတ်သမ္မတ Xi က ခုလို ပြောလိုက်တာပါ။
သတင်း အကျဉ်းချုပ် (၁၂-၁၆-၂၀၁၉)
အမေရိကန် အဆင့်မြင့် သံတမန်က မြောက်ကိုရီးယားအနေနဲ့ လက်နက်စမ်း ခြိမ်းခြောက် ရန်စနေတာတွေရပ်ပြီး နျူကလီးယား ဆွေးနွေးပွဲ ပြန်ဝင်ဖို့ သတိပေးလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်