ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာ အပြင်က စက်ရုံတခုမှာ မီးလောင်ကျွမ်းမှုအတွင်း အနည်းဆုံး လူ ၁၀ ဦး သေဆုံးကြောင်း အာဏာပိုင်တို့က တနင်္ဂနွေနေ့မှာ ပြောပါတယ်။ ဒါဟာဆိုရင် လေးရက်တာ ကာလအတွင်း ဒုတိယမြောက် အသေအပျောက် အများဆုံး စက်ရုံမီးလောင်မှု ဖြစ်ပါတယ်။
အာဖဂန်မှာရှိတဲ့ ထောင်ချီတဲ့ အမေရိကန်တပ်ဖွဲ့တွေ ပြန်ရုပ်သိမ်းတော့မယ်လို့ တနင်္ဂနွေနေ့မှာ အာဖဂန်အာဏာပိုင်တွေ အတည်ပြုပြောဆိုလိုက်ပြီး ဒါဟာ နှစ်နိုင်ငံ အပြန်အလှန် သဘောတူညီချက်အရ လုပ်ဆောင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ကမ္ဘာပေါ်က ဒုက္ခသည်အားလုံးရဲ့ သုံးပုံနှစ်ပုံကျော်ဟာ အဓိကနိုင်ငံကြီး ၅ ခုက ထွက်လာကြသူတွေဖြစ်ပြီး မြန်မာနိုင်ငံကနေ ၁.၁ သန်း၊ ဆီးရီးယားက ၆.၇ သန်း၊ အာဖဂန်နစ္စတန်က ၂.၇ သန်း၊ တောင်ဆူဒန်က ၂.၃ သန်းနဲ့ ဆိုမာလီယာက ၉ သိန်းရှိတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက ပြောပါတယ်။
မြန်မာ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင် ၄ ဖွဲ့က ကိုယ်စားလှယ်တွေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်းမှာ ဒီဇင်ဘာလ ၁၅ ရက်နေ့ တနင်္ဂနွေနေ့က အလွတ်သဘော ဆွေးနွေးကြမယ်လို့ ကချင်လက်နက်ကိုင်တပ် ပြောခွင့်ရတဦးကို ကိုးကားပြီး သတင်းတွေမှာ ဖော်ပြကြပါတယ်။
အမေရိကန် စစ်တက္ကသိုလ် သင်တန်းသားတွေအနေနဲ့ လူဖြူကြီးစိုးရေး လက်ဟန်ခြေဟန် သင်္ကေတတွေကို အသုံးပြုသွားသလား ဆိုတာကို စုံစမ်းစစ်ဆေးနေပြီလို့ အမေရိကန်ကြည်းတပ်နဲ့ ရေတပ် စစ်တက္ကသိုလ် တာဝန်ရှိသူတွေက ပြောတယ်လို့ The Wall Street Journal သတင်းစာက ဖော်ပြလိုက်ပါတယ်။
စပိန်နိုင်ငံမှာ ကျင်းပတဲ့ ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာ ညီလာခံကတော့ ဒီကနေ့မှာ ပြီးဆုံးသွားခဲ့ပါပြီ။ ကမ္ဘာကြီးပူနွေးလာမှုကို တိုက်ဖျက်ဖို့အတွက် လုပ်ဆောင်ရမယ့် အချက်တချို့ကိုတော့ နိုင်ငံကြီးတချို့က လက်မခံခဲ့တာကြောင့် နိုင်ငံငယ်လေးတွေနဲ့ ပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူတွေက ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။
အိန္ဒိယနိုင်ငံတဝှမ်း အိန္ဒိယနိုင်ငံသားဖြစ်ခွင့် ဥပဒေမူကြမ်းအသစ်ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ပြင်းပြင်းထန်ထန် ဆက်တိုက်ဖြစ်ပေါ်နေပြီး ဒီကနေ့အထိ သေဆုံးသူ ၆ ဦးရှိပြီလို့ အာဏာပိုင်တွေက ပြောပါတယ်။
ဆူဒန်သမ္မတဟောင်း Omar al-Bashir ကို အဂတိလိုက်စားမှု၊ ငွေမည်းခဝါချမှုတွေနဲ့ အပြစ်ရှိကြောင်း တရားရုံးက စနေနေ့မှာ စီရင်ချက်ချလိုက်ပြီး စာရိတ္တပြုပြင်ရေးစခန်းမှာ ၂ နှစ် ထိန်းသိမ်းဖို့ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။
စပိန်နိုင်ငံ မက်ဒရစ်မြို့မှာ ကျင်းပနေတဲ့ ဥတုရာသီ ပြောင်းလဲမှုဆိုင်ရာ ကုလသမဂ္ဂညီလာခံ COP25 မှာ တက်ရောက်တဲ့ နိုင်ငံတွေကြား အပြင်းအထန် ဆက်တိုက်ဆွေးနွေး ညှိနှိုင်းကြပြီးတဲ့ထိ သဘောတူညီချက် မရတာကြောင့် ညီလာခံ အောင်မြင်မှုမရမယ့်အရေး ရင်ဆိုင်နေရပါတယ်။
၁၈ ကြိမ်မြောက် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ၊ ရွှေလီမှာ ဒီဇင်ဘာလ ၁၀ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ကျင်းပနေတာမှာ အခုအချိန်ထိ စီမံကိန်း ၂၄ ခု လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း တရုတ်နိုင်ငံပိုင် ရှင်ဟွာသတင်းဌာနက ဖော်ပြပါတယ်။
ထိုင်းနိုင်ငံ စစ်အာဏာသိမ်းခေါင်းဆောင်ဟောင်း ဝန်ကြီးချုပ် Prayuth Chan-ocha အစိုးရကို အပြင်းအထန်ဝေဖန်တဲ့ Future Forward ပါတီကို ဖျက်သိမ်းဖို့ အခြေခံဥပဒေခုံရုံးက ဆုံးဖြတ်ပြီးတဲ့နောက် ဘန်ကောက်မြို့တော်မှာ စနေနေ့က လူ ထောင်ပေါင်းများစွာ ဆန္ဒပြကြပါတယ်။
ဟောင်ကောင်က လူပြတ်တဲ့နေရာတခုမှာ လက်လုပ်ဗုံးတွေ စမ်းသပ်ခဲ့တဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး သံသယရှိသူ လူ ၃ ဦးကို ဒီကနေ့ ဖမ်းဆီးလိုက်တယ်လို့ ဟောင်ကောင်ရဲတို့က ပြောပါတယ်။
မြောက်ကိုရီးယားနိုင်ငံရဲ့ မဟာဗျူဟာမြောက် နျူကလီးယား ကာကွယ်ရေး အစီအစဉ်အဖြစ်နဲ့ Sohae ဂြိုဟ်တုလွှတ်တင်ရေး စခန်းကနေ အလွန်အရေးကြီးတဲ့ စမ်းသပ်ပစ်လွှတ်မှုတခု ပြုလုပ်ခဲ့တယ်လို့ မြောက်ကိုရီးယားက ဒီကနေ့ပြောပါတယ်။
နယ်သာလန်နိုင်ငံ The Hague နိုင်ငံတကာတရားရုံး (ICJ) ကနေ တရားရင်ဆိုင်ပြီး ဒီကနေ့ မြန်မာနိုင်ငံကို ပြန်လာတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့ကို နေပြည်တော်မှာ ပြည်သူအများက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြပါတယ်။
ထိုင်းနိုင်ငံမှာ နာမည်ကြီးလာတဲ့ အတိုက်အခံပါတီသစ် Future Forward ပါတီကို ဖျက်သိမ်းဖို့ ရွေးကောက်ပွဲကော်မရှင်က ဆုံးဖြတ်အပြီးမှာ ပါတီခေါင်းဆောင်က ဘန်ကောက်မှာ ဒီနေ့ ဆန္ဒပြကြဖို့ နှိုးဆော်ထားပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်ကို တရားစွဲမယ့် ပုဒ်မ နှစ်ခုလုံးကို အောက်လွှတ်တော် တရားရေးကော်မတီမှာ မဲခွဲအတည်ပြုလိုက်ပါပြီ။ ဒါကြောင့် ရှေ့သီတင်းပတ်အတွင်း အောက်လွှတ်တော်တစ်ခုလုံးမှာ မဲခွဲဆုံးဖြတ်ဖို့ ပိုနီးစပ်သွားပြီ ဖြစ်ပါတယ်။
နိုင်ငံသားဖြစ်ခွင့်ဥပဒေသစ်ကို အိန္ဒိယသမ္မတ Ram Nath Kovind က ကြာသပတေးနေ့နှောင်းပိုင်းမှာ လက်မှတ်ရေးထိုး အတည်ပြုပြဌာန်းထားပြီးဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲဒီလိုနိုင်ငံသားဖြစ်ခွင့် ရမယ့်သူတွေထဲမှာ မြန်မာနိုင်ငံက ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေတော့ မပါပါဘူး။
အမေရိကန်နဲ့ တရုတ်တို့ သောကြာနေ့က သီးခြားစီကြေညာလိုက်တဲ့ ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်ဟာ အမေရိကန် လယ်သမားတွေအတွက် တကယ့်ကြီးမားတဲ့ အကျိုးကျေးဇူးရစေပြီး ပိုကြီးတဲ့ လယ်ထွန်စက်တွေကို လိုက်ရှာဝယ်ကြရမယ်လို့တောင်မှ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က ပြောပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နယ်သာလန်နိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်လာနေပြီဖြစ်ပြီး ဒီကနေ့ စနေနေ့မှာ မြန်မာနိုင်ငံကို ပြန်ရောက်လာဖွယ်ရှိတယ်လို့ မြန်မာအစိုးရနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဗွီအိုအေကို ပြောပါ တယ်။
Netherlands နိုင်ငံ The Hague မြို့မှာရောက်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ Netherlands အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီနဲ့ ဒီကနေ့ တွေ့ဆုံမယ့် အစီအစဉ်ရှိထားပေမဲ့ အစီအစဉ်ပျက်ခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်