ကြာသပတေးနေ့ကကျင်းပခဲ့တဲ့ ဗြိတိန်နိုင်ငံအထွေထွေရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် Boris Johnson ရဲ့ Conservative ပါတီက ပါလီမန်မှာ မဲအများစုနဲ့ အနိုင်ရသွားပါတယ်။ အောက်လွှတ်တော်အမတ်နေရာ ၆၅၀ မှာ Conservative ပါတီက ၃၆၀ ကျော်နဲ့ ၈၀ ရာခိုင်နှုန်းလောက် အနိုင်ရသွားတာဖြစ်ပါတယ်။
ICJ ကြားနာပွဲအပေါ် ဦးအေးလွင်အမြင်သဘောထား
လန်ဒန်မြို့ အနောက်မြောက်ပိုင်း ဒေသ Camden မှာရှိတဲ့ မဲဆန္ဒရှင်တွေ မနေ့ ကြာသပတေးနေ့က ဗြိတိန် အထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးခဲ့ကြပါတယ်။ ဗြိတိန်နိုင်ငံဟာ ဥရောပ သမဂ္ဂက ခွဲထွက်ရေး ကိစ္စတွေနဲ့ ပတ်သက်ပြီး နိုင်ငံရေး အရှုပ်အထွေးတွေ ရင်ဆိုင်နေရတာ ၃ နှစ်နီးပါးရှိနေပါပြီ။
အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံအကြား ၁၇ လကြာ တည်ရှိလာခဲ့တဲ့ ကုန်သွယ်ရေးစစ်ပွဲ အဆုံးသတ်စေမယ့် အခြေခံသဘောတူညီချက် ရလိုက်ပြီဖြစ်ကြောင်း ဆွေးနွေးမှုတွေနဲ့ နီးစပ်တဲ့အသိုင်းဝိုင်းက ပြောပါတယ်။
ဗြိတိန်နိုင်ငံမှာတော့ အထွေထွေရွေးကောက်ပွဲကို ကျင်းပနေပြီး ဗြိတိန် နိုင်ငံသားတွေလည်း မဲပေးနေကြပါတယ်။ ဒီရွေးကောက်ပွဲကနေ ၂၀၁၆ လူထုဆန္ဒခံယူပွဲမှာ သဘောတူထားတဲ့ EU ဥရောပသမဂ္ဂကနေ ဗြိတိန်နှုတ်ထွက်ရေး (Brexit) နဲ့ ပတ်သက်ပြီး အချိန်အတော်ကြာ စောင့်ဆိုင်းနေတဲ့ ဆုံးဖြတ်ချက်လည်း ထွက်ပေါ်လာမှာဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံမှာ အငြင်းပွားစရာဖြစ်နေတဲ့ နိုင်ငံသားဖြစ်ခွင့် ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး နိုင်ငံအရှေ့မြောက်ပိုင်းမှာ ဆန္ဒပြတာတွေ အကြမ်းဖက်တဲ့အထိ ဖြစ်လာနေတာကို ထိန်းချုပ်နိုင်ဖို့ အိန္ဒိယအစိုးရက လုံခြုံရေး တပ်ဖွဲ့ဝင် ထောင်နဲ့ချီပြီး အာသံပြည်နယ်ကို စေလွှတ်လိုက်ပါတယ်။
ရိုဟင်ဂျာတွေကို လူမျိုးတုံး သတ်ဖြတ်ဖို့ ရည်ရွယ်ခဲ့တယ်လို့ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားတဲ့ ICJ နိုင်ငံတကာ တရားရုံးမှာ ဒီကနေ့ နောက်ဆုံးနေ့အဖြစ် ၂ ဘက်အပြန်အလှန် လျှောက်လဲချက်တွေ တင်သွင်းနေကြပါတယ်။
(Zawgyi/ Unicode) အိန္ဒိယနိုင်ငံ လွှတ်တော်က နိုင်ငံသားဖြစ်ရေးနဲ့ဆိုင်တဲ့ ဥပဒေမူကြမ်းကို အတည်ပြုလိုက်တာဟာ ဖွဲ့စည်းပုံနဲ့ မညီညွတ်ဘူး၊ အိမ်နီးချင်း သုံးနိုင်ငံက ရောက်နေကြတဲ့ လူနည်းစု မွတ်ဆလင်တွေ နိုင်ငံသားဖြစ်ခွင့်မရအောင် တမင်ရည်ရွယ်ပြဌာန်းတဲ့ ဥပဒေဖြစ်တယ်ဆိုပြီး ပြစ်တင်ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။
(Zawgyi/ Unicode) ၂၀၁၉ ခုနှစ်ရဲ့ အထူးခြားဆုံးပုဂ္ဂိုလ်အဖြစ် ဥတုရာသီ ပြောင်းလဲမှုအရေး ကြိုးပမ်းဆောင်ရွက်နေတဲ့ ဆွီဒင် တက်ကြွလှုပ်ရှားသူ မိန်းကလေး Greta Thunberg ကို နာမည်ကျော် Time မဂ္ဂဇင်းကြီးက ရွေးချယ်လိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လူမျိုးတုန်း သတ်ဖြတ်မှု မမြောက်ကြောင်း ICJ နိုင်ငံတကာ တရားရုံးမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်တဲ့အပေါ် လူ့အခွင့်အရေးလှုပ်ရှားမှု အဖွဲ့တွေနဲ့ အကူအညီပေးရေး အဖွဲ့တွေက ဝေဖန်လိုက်ကြပါတယ်။
ဟောင်ကောင်ရဲတပ်ဖွဲ့ စောင့်ကြည့်အကဲခတ်အဖွဲ့ရဲ့ သီးခြားရပ်တည်မှုအပေါ် စိုးရိမ်မှုကြောင့် ပူးပေါင်းကူညီနေကြတဲ့ နိုင်ငံတကာ ကျွမ်းကျင်သူအဖွဲ့ ဒီကနေ့ပဲ နုတ်ထွက်လိုက်ပါတယ်။
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝန်းမှာ သတင်းသမားတွေကို ဖမ်းဆီးမှုတွေ စံချိန်တင်လောက်အောင် များပြားနေဆဲဖြစ်ကြောင်း နယူးယောက် အခြေစိုက် သတင်းသမားများ အကာအကွယ်ပေးရေး ကော်မတီ (CPJ) က ပြောဆိုလိုက်ပါတယ်။
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေဟာ လူမျိုးတုံး သတ်ဖြတ်မှု မမြောက်ကြောင်း ICJ နိုင်ငံတကာ တရားရုံးမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ပဲ ပြောဆိုလိုက်ပါတယ်။
ICJ နိုင်ငံတကာတရားရုံးမှာ မြန်မာနိုင်ငံကို တရားစွဲဆိုထားတဲ့အမှုကို ကြားနာနေချိန်မှာပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာ ကိုယ်စားလှယ်အဖွဲ့ကို ထောက်ခံပြီး ဂမ်ဘီယာကိုကန့်ကွက်တဲ့ ဆန္ဒပြပွဲတခု ကုလသမဂ္ဂဆိုင်ရာ ဂမ်ဘီယာ အမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးရှေ့မှာ ဒီဇင်ဘာလ ၁၀ ရက်၊ အင်္ဂါနေ့က ပြုလုပ်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ဆိုးရွားလှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ အကျင့်ပျက် ခြစားမှုတွေအတွက် တာဝန်ရှိတယ်ဆိုပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပါအဝင် တပ်မတော်အရာရှိကြီးလေးဦးကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ဒဏ်ခတ်အရေးယူလိုက်ပါတယ်။
အမေရိကန်သမ္မတ Donald Trump အပေါ် တရားစွဲဆိုဖို့ အောက်လွှတ်တော်မှာ အများစုနဲ့ ထိန်းချုပ်ထားတဲ့ ဒီမိုကရက် ကိုယ်စားလှယ်တွေက စွဲချက် ၂ ခုကို ဒီကနေ့ပဲ တရားဝင်ကြေညာလိုက်ပါတယ်။
မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ တရားစွဲထားတဲ့ အမှုကို ဒီကနေ့ နယ်သာလန်နိုင်ငံ သဟိဂ်မြို့မှာ စတင်ကြားနာနေပါပြီ။
နယ်သာလန်နိုင်ငံ The Hague က နိုင်ငံတကာ တရားရုံး ICJ မှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာ စစ်တပ်ရဲ့ လုပ်ရပ်တွေ အပေါ် ခုခံ ပြောဆိုမယ့် အရေးအပေါ် စိုးရိမ်မကင်း ဖြစ်ကြောင်း အမေရိကန် အထက်လွှတ်တော်အမတ်တွေက ပြောလိုက်ပါတယ်။
အမေရိကန် သမ္မတ Donald Trump ကို တရားစွဲဆိုရေးနဲ့ ပတ်သက်ပြီး အောက်လွှွတ်တော် တရားရေး ကော်မတီက ဒီမိုကရက်နဲ့ ရီပတ်ပလီကန် ခေါင်းဆောင်တွေကြား အကြီးအကျယ် ကွဲလွဲနေတဲ့ ရှုမြင်ချက်တွေကို တင်ပြနေကြပါတယ်။
လူမျိုးတုန်း သတ်ဖြတ်မှု ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နိုင်ငံတကာ တရားရုံး ICJ မှာ မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားတဲ့ Gambia နိုင်ငံကို ကနေဒါနဲ့ နယ်သာလန်နိုင်ငံတွေက အကူအညီပေးမယ်လို့ ထုတ်ဖော်ပြောကြားကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် The Daily Star အွန်လိုင်း သတင်းတစ်ရပ်က ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်