ရခိုင်ပြည်နယ်တွင်းက ရိုဟင်ဂျာမူဆလင်တွေအပေါ် လူမျိုးတုန်း သတ်ဖြတ်ခဲ့တယ်ဆိုပြီး မြန်မာနိုင်ငံအပေါ် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ စွပ်စွဲချက်နဲ့ နိုင်ငံတကာတရားရုံး ICJ မှာ OIC နိုင်ငံတွေရဲ့ကိုယ်စားဂမ်ဘီယာနိုင်ငံက တိုင်ကြားထားတာကို ICJ တရားရုံးမှာ ဒီဇင်ဘာလ ၁၀ရက်နေ့မှာ ကြားနာ စစ်ဆေးမှာဖြစ်ပါတယ်။
New Zealand နိုင်ငံက မီးတောင်ရှင်ဖြစ်တဲ့ White Island မီးတောင်ကျွန်းမှာ ဒီကနေ့ နေ့လည်ပိုင်းက ရုတ်တရက် မီးတောင်ပေါက်ကွဲခဲ့လို့ ၅ ယောက်ထက်မနည်း သေဆုံးပြီး ၂၀ လောက် ထိခိုက်ဒဏ်ရာ ရသွားပါတယ်။
သတင်း အကျဉ်းချုပ် (၁၂-၀၉-၂၀၁၉)
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ကို ပြည်သူဘက်က အမှန်တကယ် ရပ်တည်မယ့်အဖွဲ့အစည်း တရပ်ဖြစ်လာအောင် အမြန်ပြင်ဆင် ဖွဲ့စည်းပေးဖို့ လူမှုအဖွဲ့ အစည်း ၂၀ကျော်က အစီရင်ခံစာ ထုတ်ပြန် တောင်းဆိုလိုက်ကြပါတယ်။ မေခ သတင်းပေးပို့ ထားပါတယ်။
လူမျိုးတုန်းသတ်ဖြတ်မှုတားဆီးရေးနိုင်ငံတကာစာချုပ်ကို ချိုးဖောက်တယ်ဆိုတဲ့ စွဲချက်နဲ့ ICJ နိုင်ငံတကာတရားရုံးမှာ မြန်မာရင်ဆိုင်နေရတဲ့အမှုကို မနက်ဖြန် စတင်ကြားနာမှာပါ။ သတင်းယူဖို့ Netherlands နိုင်ငံ the Hague မြို့ကိုရောက်နေတဲ့ VOA မြန်မာပိုင်းအယ်ဒီတာ ဦးကျော်ဇံသာကို Skype က တဆင့်ဆက်သွယ်မေးမြန်းထားပါတယ်။
အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီက စက်ရုံတခုကို တနင်္ဂနွေနေ့တုန်းက မီးလောင်ကျွမ်းတာကြောင့် အနည်းဆုံး လူ ၄၃ ဦး သေဆုံးသွားပါတယ်။ ဒါဟာ အနှစ် ၂၀ ကျော်အတွင်း နယူးဒေလီမြို့က အဆိုးဝါးဆုံး လောင်ကျွမ်းမှုဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ် ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Aziz Ahmed ဟာ မြန်မာ့တပ်မတော် ဒုကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့ တွေ့ဆုံပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်သွားကြတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်လာရေး ဆွေးနွေးမှာဖြစ်သလို နှစ်နိုင်ငံကြား ရင်းနှီးမှုပိုခိုင်မြဲရေး နည်းလမ်းရှာသွားမယ်လို့ ဆိုပါတယ်။
မြောက်ကိုရီးယားရဲ့ ရန်လိုတဲ့ စစ်ရေးလုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ကို အမေရိကန်သမ္မတ Donald Trump က တနင်္ဂနွေနေ့က သတိပေးလိုက်ပါတယ်။
လူမျိုးတုံး သတ်ဖြတ်မှုကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ The Hague မြို့က နိုင်ငံတကာတရားရုံးမှာ အမှု ရင်ဆိုင်ဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ နယ်သာလန်နိုင်ငံကို ဒီဇင်ဘာလ ၈ ရက် တနင်္ဂနွေနေ့က ရောက်ရှိသွားပါပြီ။
အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့လယ်မှာ မနေ့ စနေနေ့က အစိုးရကို ဆန့်ကျင် ဆန္ဒပြနေကြတဲ့သူတွေကို လက်နက်ကိုင်ထားတဲ့ လူတစုက တိုက်ခိုက်ခဲ့မှုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၂၄ ယောက်ထက်မနည်း ရှိသွားခဲ့ပြီဖြစ်တယ်လို့ အီရတ်အာဏာပိုင်တွေက ပြောလိုက်ပါတယ်။
မြောက်ကိုရီးယားက Sohae ဂြိုဟ်တုလွှတ်တင်ရေးစခန်းကနေ အရမ်းကို အရေးကြီးတဲ့ ဒုံးကျည်စမ်းသပ် ပစ်လွှတ်မှုတခု ပြုလုပ်ခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဌာနက ဒီကနေ့ ကြေညာပါတယ်။
ဟောင်ကောင်အစိုးရကို ဆန့်ကျင်တဲ့ လူထုဆန္ဒပြပွဲကြီးတွေ ဖြစ်ပွားခဲ့တာ ၆ လပြည့် အထိမ်းအမှတ်အဖြစ်နဲ့ ဆန္ဒပြတဲ့သူ ထောင်ပေါင်းများစွာဟာ ဒီကနေ့မှာ လမ်းတွေပေါ်ကိုထွက် ဆန္ဒပြခဲ့ကြပါတယ်။
ပုလဲဆိပ်ကမ်းမှာ လွန်ခဲ့တဲ့ ၇၈ နှစ်က ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်လေတပ်က ဗုံးကြဲလို့ ကျဆုံးခဲ့ရတဲ့ အမေရိကန် စစ်သည်တွေအတွက် နှစ်ပတ်လည် အောက်မေ့ဘွယ် အခမ်းအနားကို စနေနေ့က ကျင်းပတာမှာ လူပေါင်း ၂,၀၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ တာလီဘန်တွေကြား ငြိမ်းချမ်းရေးဆိုင်ရာ စေ့စပ်ညှိနှိုင်းပွဲတွေ စနေနေ့က ပြန်စပါတယ်။
အမေရိကန်သမ္မတ Donald Trump အပေါ် မကြာခင် တရားစွဲဆိုနိုင်ရေးအတွက် အတိုက်အခံ ဒီမိုကရက်အမတ်တွေ စနေနေ့က သီးသန့်တွေ့ဆုံ ဆွေးနွေးပါတယ်။
တရုတ်နိုင်ငံတော်ကောင်စီဝင်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ မြန်မာနိုင်ငံကို ရောက်ရှိနေပြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ ဒီကနေ့ တွေ့ဆုံပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပနေတဲ့ အကြိမ် ၃၀ မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာတော့ မြန်မာယူ-၂၂ ဘောလုံးအသင်းဟာ အင်ဒိုနီးရှားကို ရှုံးနိမ့်ပြီး ဗိုလ်လုပွဲနဲ့ လွဲချော်သွားခဲ့ပါပြီ။
လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေအတွက် နိုင်ငံတကာမှာ ဖြေရှင်းရမယ့် အဆင့်အထိ ရောက်ခဲ့ရတာ ဘာကြောင့်များပါလဲ၊ နိုင်ငံတကာက လက်ခံယုံကြည်လာဖို့ ဘာတွေလုပ်ဖို့ လိုနေပါသလဲ ဆိုတာတွေကို ဗွီအိုအေရဲ့ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ကိုအောင်လွင်ဦးက ဆွေးနွေးတင်ဆက် ထားပါတယ်။
အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်က ရေတပ်စခန်းတခုမှာ ဖြစ်ပွားခဲ့တဲ့ သေနတ်ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ဒီပစ်ခတ်မှု ဘာကြောင့်ဖြစ်ပွားရလဲဆိုတဲ့ အကြောင်းရင်းကို တာဝန်ရှိသူတွေ စုံစမ်းစစ်ဆေးနေကြပါတယ်။
ကူတူးပါလောင် ဒုက္ခသည်စခန်းက ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်ရေးဆိုင်ရာ အာရကန် ရိုဟင်ဂျာ အဖွဲ့အစည်းလို့ နာမည်ပေးထားတဲ့ ARSPH အဖွဲ့ရဲ့ဌာနချုပ်ကို ချိတ်ပိတ်ထားဖို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက အမိန့်ထုတ်ခဲ့တယ်လို့ အဖွဲ့ပြောခွင့်ရ Sayed Ullah ကပြောကြောင်း AFP သတင်းမှာ ဖော်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်