Pensacola မြို့က အမေရိကန် ရေတပ်ရဲ့ လေတပ်စခန်းမှာ ဖြစ်ခဲ့တဲ့ ပစ်ခတ်မှုအတွင်း သေနတ်သမား သေဆုံးသွားကြောင်း ဒေသခံလုံခြုံရေး အာဏာပိုင်တွေကို ကိုးကားပြီး သတင်းတွေမှာ ဖော်ပြကြပါတယ်။
Telangana ပြည်နယ် Hyderabad မြို့က အဓမ္မပြုကျင့်သတ်ဖြတ်မှု ဖြစ်ရာနေရာကို ပြန်ခေါ်လာချိန်မှာ ထွက်ပြေးဖို့ ကြိုးစားတဲ့အတွက် အသေပစ်ခတ် ဖမ်းဆီးခဲ့တာလို့လည်း ရဲတပ်ဖွဲ့က ပြောဆိုခဲ့တာပါ။
အမေရိကန် သမ္မတ Donald Trump က မြောက်ကိုရီးယား အပေါ်ဆက်ပြီးရန်စနေမယ်ဆိုရင် သမ္မတ Trump ဂုဏ်သိက္ခာထိခိုက်စေတဲ့ အသုံးအနှုန်းတွေနဲ့ မြောက်ကိုရီးယားဘက်က ပြန်လည်တုန့်ပြန်မှာ ဖြစ်ကြောင်း မြောက်ကိုရီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီး (၁) Choe Son Hui က ကြာသပတေးနေ့မှာ သတိပေးလိုက်ပါတယ်။
ပါကစ္စတန်နိုင်ငံ၊ အစ္စလာမ်မာဘတ်မြို့တော်အခြေစိုက် ထိပ်တန်းသတင်းစာတစောင်နဲ့ တခြားနေရာတွေက သတင်းစာတွေကို ထောက်ခံကြောင်း သတင်းထောက်တွေနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ကြာသပတေးနေ့မှာ စုဝေး ဆန္ဒပြကြပါတယ်။
ပြင်သစ်နိုင်ငံမှာ ပင်စင်ခံစားခွင့်စနစ် တခုလုံးကို ပြင်ဆင်မယ့် သမ္မတ Emmanuel Macron ရဲ့အစီအစဉ်တွေအပေါ် မကျေနပ်လို့ နိုင်ငံတဝန်း ဆန္ဒပြပွဲတွေ လုပ်နေကြတဲ့အတွက် ပါရီမြို့တော်ကြီး တခုလုံး လုပ်ငန်းတွေ ရပ်ဆိုင်းနေပါတယ်။
ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ သမ္မတအပေါ် အရေးယူနိုင်ရေး အောက်လွှတ်တော် တရားရေးကော်မတီကို ညွန်ကြားထားကြောင်း ပြောဆိုလိုက်တာပါ။ သမ္မတရဲ့ လုပ်ရပ်တွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်တယ်ဆိုတာ မငြင်းနိုင်ကြောင်းလည်း အောက်လွှတ်တော် ဥက္ကဋ္ဌက ပြောဆိုခဲ့ပါတယ်။
(Zawgyi/ Unicode) အမေရိကန်ပြည်ထောင်စုနဲ့ အာဖဂန် တာလီဘန်အဖွဲ့ကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ တရားဝင်ပြန်စဖို့ ပြင်ဆင်နေပါပြီ။
(Zawgyi/ Unicode) မြောက်ကိုရီးယားရဲ့ လူ့အခွင့်ရေး အခြေနေနဲ့ ပတ်သက်ပြီး ဘယ်ဆွေးနွေးမှုကိုမဆို အကြီးအကျယ်ရန်စမှု အဖြစ် သတ်မှတ်မယ့်အပြင် ပြင်းပြင်းထန်ထန်လည်း တုန့်ပြန်သွားမယ်လို့ မြောက်ကိုရီးယားက ကုလသမဂ္ဂလုံခြုံရေးကောင်စီကို ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်ပါတယ်။
(Zawgyi/ Unicode) အမေရိကန် သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်ဟာ သူ့အတွက် နိုင်ငံရေးအရ အမြတ်ထွက်စေမယ့် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ ယူကရိန်းကို တွန်းအားပေးခြင်း အားဖြင့် တရားစွဲလို့ရတဲ့ ပြစ်မှုတွေကို ကျူးလွန်ထားတယ်လို့ အမေရိကန် အခြေခံဥပဒေရေးရာ ပညာရှင် ၄ ဦးက ကွန်ဂရက်လွှတ်တော်မှာ ဗုဒ္ဓဟူးနေ့က ပြောသွားပါတယ်။
(Zawgyi/ Unicode) မြန်မာနိုင်ငံက တရားရင်ဆိုင်တာမှာ ပါမောက္ခ Schabas ကို မြန်မာနိုင်ငံရဲ့ ဥပဒေ အကျိုးဆောင် အဖြစ် ငှားရမ်းထားတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်လို့ ဗွီအိုအေက ပြီးခဲ့တဲရက်ပိုင်းမှာ ပါမောက္ခ Schabas ကို ဆက်သွယ် မေးမြန်းထားတဲ့ အပေါ် အခုလို အကြောင်းပြန်လာတာပါ။
မြောက်အတ္တလန်တိတ်စာချုပ် နေတိုးအဖွဲ့ဝင် နိုင်ငံတွေက ခေါင်းဆောင်တွေဟာ လန်ဒန်မြို့အပြင်က အပန်းဖြေစခန်းတခုမှာ ဒီကနေ့ တွေ့ဆုံပြီး အကြမ်းမှုတိုက်ဖျက်ရေး၊ တူရကီအရေးနဲ့ နေတိုးအဖွဲ့အတွင်း အမေရိကန်က ငွေကြေးအများအပြား စိုက်ထဲ့ပေးနေရတဲ့ သဘောထားကွဲပြားနေတဲ့ ကိစ္စရပ်တွေမှာ ညီညွတ်ကြောင်း ပြသဖို့ ဆွေးနွေးနေကြပါတယ်။
ဖိလစ်ပိုင်နိုင်ငံမြို့တော် တောင်ပိုင်းက ခရိုင်တွေမှာ ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းကြောင့် သေဆုံးသူ ၁၀ ဦး ရှိသွားပြီလို့ သဘာဝဘေးဒဏ် ကယ်ဆယ်ရေး ဝန်ထမ်းတွေက ဒီကနေ့ ပြောပါတယ်။
သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေ ထွက်ပြေးရတာနဲ့ပတ်သက်ပြီး လူမျိုးတုံးသတ်ဖြတ်မှု (Genocide) စွဲချက်နဲ့ မြန်မာနိုင်ငံ ရင်ဆိုင်နေရချိန်မှာ နိုင်ငံတကာအနေနဲ့ မြန်မာလူထုနစ်နာအောင် မလုပ်ကြဖို့ ကက်သလစ်ဘုန်းတော်ကြီး ကာဒီနယ်လ် ချားလ်စ် ဘိုက ပန်ကြားလိုက်ပါတယ်။
လန်ဒန်မှာ ကျင်းပတဲ့ NATO စစ်မဟာမိတ် အဖွဲ့ခေါင်းဆောင်တွေရဲ့ အနှစ် ၇၀ မြောက် နှစ်ပတ်လည်အစည်းအဝေးကို တက်ရောက်နေတဲ့ အမေရိကန်သမ္မတ Donald Trump ဟာ ပြင်သစ်သမ္မတ Emmanuel Macron နဲ့ သဘောထားမတိုက်ဆိုင်ဘဲ အငြင်းပွားခဲ့ပါတယ်။
သမ္မတDonald Trump အပေါ် တရားစွဲဆို အရေးယူနိုင်ရေး ကြားနာစစ်ဆေးမှုတွေ ပြုလုပ်ပြီးတဲ့နောက် အမေရိကန် အောက်လွှတ်တော် ထောက်လှမ်းရေးကော်မတီက အစီရင်ခံစာတစ်စောင် အင်္ဂါနေ့က ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။
သမ္မတ Donald Trump က တရုတ်နဲ့ ကုန်သွယ်ရေး သဘောတူညီချက်အသစ်ရဖို့ အချိန်အကန့်အသတ် မထားကြောင်းနဲ့ ၂၀၂၀ အမေရိကန်သမ္မတ ရွေးကောက်ပွဲပြီးချိန်လောက်အထိ စောင့်ဆိုင်းမှာ ဖြစ်တဲ့အကြောင်း အင်္ဂါနေ့မှာ ပြောလိုက်ပါတယ်။
ဆော်ဒီ အာရေးဘီယားနိုင်ငံမှာ သွားရောက် အလုပ်လုပ်နေတဲ့ ဘင်္ဂလားဒေ့ရှ် အလုပ်သမား တွေကို အလုပ်ရှင်က လိင်စော်ကားမှုနဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေ ကျူးလွန်ကြောင်း သတင်းတွေ ထွက်ပေါ်လာအပြီး ဘင်္ဂလားဒေ့ရှ် အလုပ်အကိုင် ရှာဖွေစုဆောင်းရေး ကုမ္ပဏီ ၁၆၆ ခုကို ပိတ်ပစ်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရက ပြောပါတယ်။
မြောက်အတ္တလန်တိတ်မဟာမိတ် နေတိုးအဖွဲ့ကြီးဟာ ဦးဆောင်မှုမယ့်သူ မရှိတော့တာကြောင့် ဦးနှောက်သေနေတဲ့ အဖွဲ့အစည်းလို ဖြစ်လာနေကြောင်း ပြင်သစ်သမ္မတ Emmanuel Macron ရဲ့ တင်စား ပြောဆိုမှုဟာ အောက်တန်းကျတဲ့ မှတ်ချက်မျိုးဖြစ်ကြောင်း အမေရိကန်သမ္မတ Donald Trump က ပြင်သစ်သမ္မတကို အင်္ဂါနေ့မှာ ဝေဖန် ပြောကြားလိုက်ပါတယ်။
နှစ်မကုန်ခင်မှာ အမေရိကန်ဘက်က ကမ်းလှမ်းအသစ် တစုံတရာပေးဖို့ တောင်းဆိုထားတဲ့ ကန့်သတ်ရက် ကုန်ဆုံးချိန် နီးကပ်လာနေပြီဖြစ်ကြောင်း မြောက်ကိုရီးယားက အမေရိကန်ကို ဒီကနေ့ သတိပေး ပြောကြားလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်အစိုးရဟာ ထောင်ပေါင်းများစွာသော ရိုဟင်ဂျာကလေးငယ်တွေ ပညာသင်ကြားခွင့်မရအောင် ပိတ်ပင် တားဆီးထားတယ်လို့ HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က အင်္ဂါနေ့မှာ ပြောကြားလိုက်ပြီး အာဏာပိုင်တွေအနေနဲ့ ဒုက္ခသည်စခန်းအတွင်း ပညာ သင်ကြားခွင့်ကို ပိတ်ပင်ထားတာတွေကို ရုပ်သိမ်းပေးဖို့ တိုက်တွန်းလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်