ရိုဟင်ဂျာတွေကို ပြန်လည်ခေါ်ယူရေး မြန်မာနိုင်ငံအပေါ် ဖိအားပေးဖို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina က နယ်သာလန်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။
အမေရိကန် အောက်လွှတ်တော် တရားရေး ကော်မတီမှာ ဗုဒ္ဓဟူးနေ့ လုပ်မယ့် သမ္မတကို တရားစွဲဆိုရေး ကြားနာမှုမှာ ရှေ့နေမလွှတ်ဘူးလို့ သမ္မတ Donald Trump က ပြောဆိုလိုက်ပါတယ်။ သမ္မတကို တရားစွဲဆိုရေး လုပ်ရပ် တခုလုံးက မမှန်မကန် လုပ်ရပ်ဖြစ်တာကြောင့် လို့လည်း သမ္မတက ပြောပါတယ်။
အမေရိကန် သမ္မတ Donald Trump က မကြာခင်က ဥပဒေ အဖြစ် အတည်ပြု လက်မှတ်ရေးထိုးလိုက်တဲ့ ဟောင်ကောင်က ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေကို ထောက်ခံတဲ့ ဥပဒေကို တရုတ်အစိုးရဘက်က ဆန့်ကျင်ထားပေမယ်လို့လည်း တရုတ်နဲ့ ကုန်သွယ်ရေး သဘောတူညီချက် တခု ရရှိနိုင်မယ့် အပေါ် အကောင်းမြင် သဘောထားနဲ့ သမ္မတ Trump က ပြောဆိုပါတယ်။
ICJ မှာ ဂမ်ဘီယာနိုင်ငံက မြန်မာအပေါ် လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေး စာချုပ် ချိုးဖောက်မှု စွဲဆိုထားတဲ့ အမှုကို ခုခံချေပဖို့ ဥပဒေအကျိုးဆောင်အဖြစ် လန်ဒန် Middlesex တက္ကသိုလ် နိုင်ငံတကာဥပဒေ ပါမောက္ခ William Schabas ကို မြန်မာအစိုးရက ငှားရမ်း လိုက်ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းတွေ ထွက်လာခဲ့ပါတယ်။
ဟောင်ကောင်ဒီမိုကရေစီရေးကို အားပေးတဲ့ ဥပဒေကို အမေရိကန်က အတည်ပြုခဲ့ပြီးနောက် အမေရိကန်ရေတပ်သင်္ဘောတွေ ဟောင်ကောင်မှာ ကမ်းကပ်ခွင့် ပေးထားတဲ့ ခွင့်ပြုချက်ကို ဆိုင်းလိုက်တယ်လို့ တရုတ်နိုင်ငံက ပြောကြားလိုက်ပါတယ်။
ကမ္ဘာ့ရာသီဥတုပြောင်းလဲ ဖောက်ပြန်မှု တိုက်ဖျက်ရေး နိုင်ငံတကာ ညီလာခံကြီးကို စပိန်နိုင်ငံ Madrid မြို့တော်မှာ ဒီကနေ့ စတင်ကျင်းပနေပါတယ်။ ကမ္ဘာကြီးပူနွေးစေတဲ့ ဖန်လုံအိမ်ဓါတ်ငွေ့ ထုတ်လွှတ်မှု လျော့ချရေးဆိုင်ရာ သဘောတူညီမှုသစ်ရဖို့ ကမ္ဘာ့ခေါင်းဆောင်တွေ ဆွေးနွေးနေကြတာပါ။
ကမ္ဘာကြီးပူနွေးလာမှုရဲ့ နောက်ဆက်တွဲအဖြစ် ပျက်စီးဆုံးရှုံးမှုကြီးတဲ့ သဘာဝ ဘေးအန္တရာယ်တွေ ကြုံနေရပြီး လူတွေ အသက်ရှင်ရပ်တည်ရေးကိုပါ ခြိမ်းခြောက်လာနေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Guterres က ရာသီဥတု ထိန်းသိမ်းရေးဆိုင်ရာ အရေးပါတဲ့ ညီလာခံတခု မတိုင်ခင် တနင်္ဂနွေနေ့က သတိပေး ပြောကြားလိုက်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပနေတဲ့ အကြိမ် ၃၀ မြောက် အရှေ့တောင်အာရှ အားကစားပွဲတော် SEA Games မှာ မြန်မာက ငွေတံဆိပ် ၂ ခု၊ ကြေးတံဆိပ် ၈ ခု ဆွတ်ခူးထားပါတယ်။
အီရတ်ဝန်ကြီးချုပ် Adel Abdul Mahdi ရဲ့ နုတ်ထွက်မှုကို လွှတ်တော်က တနင်္ဂနွေနေ့မှာ လက်ခံလိုက်ပါပြီ။ ဒါပေမယ့် နိုင်ငံတွင်းက အစိုးရဆန့်ကျင်ရေး ၂ လနီးပါးကြာ ဆန္ဒပြပွဲတွေ အဆုံးသတ်သွားမယ့် အခြေအနေ မရှိပါဘူး။
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet ဟာ ဟောင်ကောင်က အကြမ်းဖက်ဆန္ဒပြပွဲတွေကို သွေးထိုးမြှောက်ပင့်နေတယ်လို့ တရုတ်အစိုးရက စွပ်စွဲလိုက်ပါတယ်။
ရခိုင်နဲ့ ကချင်ပြည်နယ်တွင်းက ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရသူတွေ ပြန်လည် နေရာချထားရေးအတွက် တနင်္ဂနွေနေ့က အစိုးရနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ ဆွေးနွေးခဲ့ကြောင်း အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။
အခုနှစ် ၂၀၁၉ ခုနှစ်အတွင်း အဂတိလိုက်စားမှုတွေ၊ စီးပွားရေးကျဆင်းမှုတွေ၊ နိုင်ငံရေးလုပ်ပိုင်ခွင့်တွေ၊ ကိုယ်ပိုင်လွတ်လပ်ခွင့်တွေနဲ့ ပတ်သက်ပြီး ဆန္ဒပြ တောင်းဆိုမှုတွေ ကမ္ဘာတဝှမ်းမှာ ဖြစ်ပွားခဲ့ပါတယ်။
ဟောင်ကောင် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ထောက်ခံတဲ့ ဥပဒေမူကြမ်း ၂ ခုကို သမ္မတ Trump က လက်မှတ်ရေးထိုးလိုက်တဲ့အပေါ် ကျေးဇူးတင်ကြောင်း ပြသတဲ့အနေနဲ့ သူတို့ဟာ အမေရိကန် ကောင်စစ်ဝန်ရုံးရှေ့ကိုလည်း သွားရောက်ခဲ့ပါတယ်။
ထိုင်းနိုင်ငံအရှေ့ပိုင်းက တိရစ္ဆာန်ရုံမှာ လာကြည့်သူများနေတဲ့ မွေးကင်းစ အပုစား ရေမြင်းလေးအတွက် နာမည်ပေးပြိုင်ပွဲ စနေပါပြီ။
ဂျပန်ဝန်ကြီးချုပ် Shinzo Abe ဟာ သမိုင်းမှာ ကြုံခဲ့ရသမျှထဲ “အမိုက်မဲဆုံးလူသား” ဖြစ်ပြီး တကယ့် ပဲ့ထိန်းဒုံးကျည်အစစ်ကို မကြာခင် တွေ့စေရမယ်လို့ မြောက်ကိုရီးယားနိုင်ငံက မနေ့ကပဲ သတိပေးလိုက်ပါတယ်။
နယ်သာလန်နိုင်ငံ၊ The Hague မြို့လယ်ကောင်မှာ သောကြာနေ့က ဓားနဲ့လိုက်ထိုးခဲ့သူလို့ သံသယရှိတဲ့ အသက် ၃၅ နှစ်အရွယ် အမျိုးသားကို ရဲတပ်ဖွဲ့က စနေနေ့မှာ ဖမ်းမိလိုက်ပါပြီ။ အဲဒီတိုက်ခိုက်မှုအတွင်း လူငယ်သုံးဦး ဒဏ်ရာရပါတယ်။
အီရတ်တောင်ပိုင်းမြို့ Nasiriyah က တံတား ၃ စင်းပေါ်မှာ ဆန္ဒပြသူတွေက ဒီကနေ့ တာယာတွေကို မီးရှို့ခဲ့ကြပါတယ်။ အီရတ်နိုင်ငံမှာ သွေးထွက်သံယို ဆန္ဒပြပွဲတွေ သီတင်းပတ်တွေနဲ့ချီ ပေါ်ပေါက်နေချိန်မှာပဲ အီရတ်ဝန်ကြီးချုပ်က သူ့ရဲ့အလုပ်ထွက်စာကို လွှတ်တော်ကို တင်သွင်းမယ်လို့ ပြောပါတယ်။
ပဲ့ထိန်းတပ် မစ်ဆိုင်းဒုံးကျည်ကို ဂျပန်ကျွန်းအနီး သိပ်မကြာခင်မှာ စမ်းသပ်ကောင်း စမ်းသပ်မယ်လို့ မြောက်ကိုရီးယားက စနေနေ့မှာ ခြိမ်းခြောက်ပြောဆိုပါတယ်။ တာဝေးပစ် မစ်ဆိုင်းဒုံးစမ်းသပ်မှုနဲ့ ပတ်သက်ပြီး ဒီတကြိမ်ဟာ တိုက်ရိုက်အကျဆုံး ခြိမ်းခြောက်ပြောဆိုတာလည်း ဖြစ်ပါတယ်။
လန်ဒန်တံတားပေါ်မှာ လမ်းသွားလမ်းလာတွေကို ဓားနဲ့တိုက်ခိုက်သူဟာ အရင်တုန်းကလည်း အကြမ်းဖက်ဝါဒနဲ့ ဆက်စပ်တဲ့ပြစ်မှုနဲ့ စွဲချက်တင်ခံရဘူးကြောင်း ဗြိတိန်ရဲတပ်ဖွဲ့က ပြောပါတယ်။
ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (SEA Games) ဖွင့်ပွဲမတိုင်ခင်မှာ သယ်ယူပို့ဆောင်ရေးအပါအဝင် တခြားပြဿနာတွေ၊ နောက်ဆုံးအချိန်ထိ ဆောက်လုပ်ရေးလုပ်ငန်း မပြီးပြတ်သေးတာတွေ အတွက် သမ္မတ Rodrigo Duterte က တောင်းပန်လိုက်ပြီး စုံစမ်းစစ်ဆေးမယ်လို့ ကတိပြုလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်